ယုံကြည်သူများနှင့် ငွေကြေးသုံးစွဲမှု အနုပညာSample

၅။ အခြားသောဆင်းရဲရခြင်း၏ အကြောင်းအရင်း (၂)
ဂ။ အလဟသ ကုန်စေခြင်း
ဟေရှာ၊ ၅၅း၂
အစာမဟုတ်သောအရာအဖို့ သင်တို့ငွေကိုလည်းကောင်း၊ အမွတ်မပြေနိုင်သောအရာအဖို့ သင်တို့ဥစ္စာကိုလည်းကောင်း၊ အဘယ်ကြောင့် ကုန်စေကြသနည်း။ ငါ့စကားကို စေ့စေ့နားထောင်လျက်၊ ကောင်းသောအစာကို စားကြလော့။ သင်တို့၏ဝိညာဉ်သည် ချိုသောအရာတို့၌ မိမိကိုမိမိ မွေ့လျော်စေလိမ့်မည်။
ဟေရှာယတွင် ဝိညာဉ်အစာကို ရွေးချယ်စားတတ်ဖို့ သွန်သင်ထားသောအရာ ဖြစ်သော်လည်း ထိုအရာသည်ပင် ငွေကြေးသုံးစွဲခြင်းနှင့် ဆက်စပ်နေသည်ကို ထောက်ပြခိုင်းနှိုင်းထားသည်။
အကျိုးမရှိသော၊ အမွတ်မပြေသောအရာများအတွက် ဥစ္စာကုန်၊ ငွေကုန်ခံလျက် အလဟသ ဖြစ်စေမည့်အစား၊ ထိုငွေနှင့် သူတစ်ပါးအတွက် သမ္မာတရားသိစေရန် အသုံးပြုမည်ဆိုပါက၊ ကောင်းကင်ဘဏ္ဍာဆည်းပူးခြင်း ဖြစ်လျက် အကျိုးရှိသောအရာ ဖြစ်ပေလိမ့်မည်ဖြစ်သည်။
၁တိ၊ ၆း၁၇-၁၉ တွင် "ဤဘဝ၌ ငွေရတတ်သောသူတို့သည် မာန်မာနစိတ်နှင့် ကင်းလွတ်၍၊ မမြဲသောစည်းစိမ်ကို မကိုးစားဘဲ၊ ငါတို့ခံစားဖို့ရာ အလုံးစုံတို့ကို ကြွယ်ဝစွာ ပေးသနားတော်မူသော၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ကိုးစားရမည်အကြောင်းနှင့်၊ သူတစ်ပါးအား ကျေးဇူးပြုခြင်း၊ ကောင်းသောအကျင့်၌ ကြွယ်ဝပြည့်စုံခြင်း၊ စွန့်ကြဲချင်သော စေတနာစိတ်ရှိခြင်း၊ အချင်းချင်း ဆက်ဆံခြင်း၊ မှန်သောအသက်ကို ဝင်စားလိုသောငှာ၊ နောင်ဘဝ၌ ကောင်းသောဘဏ္ဍာကို မိမိတို့အဖို့ ဆည်းပူးခြင်းတို့ကို ပြုရမည်အကြောင်း ပညတ်ထားလော့။”ဟု ဖော်ပြထားခြင်းသည် ငွေကို အချည်းနှီး ကုန်ခြင်းထက်၊ လိုနေသူကို ပေးကမ်းခြင်းဖြင့် ကောင်းကင်ဘဏ္ဍာ စုစောင်းဖို့ တိုက်တွန်းထားခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ၊ ငွေကို အလဟသအကျိုးမရှိ သည့်နေရာများတွင်သုံးပါလျှင် အဆိပ်ပင်ရေလောင်းသည်နည်းတူ ဆင်းရဲခြင်းသို့ အမှန်ရောက်မည် ဖြစ်သည်။
ဃ။ ပျင်းရိခြင်း
ယုံကြည်သူတို့ ဆင်းရဲရသည့် အကြောင်းအရာအမျိုးမျိုးထဲမှ အခြားသော အကြောင်းအရင်းတစ်ခုမှာ ပျင်းရိခြင်းကြောင့်ဟု ပြောရမည်ဖြစ်သည်။ တချို့ ယုံကြည်သူများသည် ဘုရားသခင်၏ ကျေးဇူးတော်ကို အလွဲယူ၍ ကြိုးစား အားထုတ်လုပ်ဆောင်မည့်အစား သူတစ်ပါး၏ မစမှုကို အလွန်မျှော်လင့်တောင့်တလျက်၊ ထိုကဲ့သို့ ခံစားရသည့်အခါ၊ “ဘုရားသခင်၏ ကျေးဇူးတော် ခံစားရတယ်” ဟု ဝန်ခံတတ်ကြသည်။ အမှန်မှာ၊ အချို့သောအရာများတွင်၊ မိမိကိုယ်တိုင် ဘုရားသခင် ပေးထားသည့် အစွမ်းအစများ၊ ဆုကျေးဇူးများနှင့်အတူ ကြိုးစားအားထုတ်၍ လုပ်ဆောင်မည့်အစား၊ ပျင်းရိလျက်၊ အချည်းနှီးသက်သက် အောင်မြင်မှုကိုသာ အချိန်ကုန်အောင် စောင့်မျှော်နေခြင်းဖြင့် ဆင်းရဲလာကြသည်။ သု၊ ၂၈း၁၉ တွင် “အချည်းနှီးသောအမှုကို စောင့်သောသူမူကား၊ ဆင်းရဲခြင်းနှင့် ဝလိမ့်မည်။” ဟု ဖော်ပြထားသကဲ့ ဖြစ်တည်နေကြသည်ကို သတိမမူမိကြဘဲ အချည်းနှီးစောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။
သု၊ ၆း၁-၆ သည် ယုံကြည်သူတိုင်း အတွက်လည်းဖြစ်သည်ကို သတိပြုဖို့ လိုသည်။ “အချင်းလူပျင်း၊ ပုရွက်ဆိတ်ထံသို့ သွား၍၊ သူ၏အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။ ပုရွက်ဆိတ်သည် ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက်၊ နွေကာလနှင့် စပါးရိတ်ရာကာလ၌ မိမိစားစရာအစာကို ရှာဖွေသိုထားတတ်၏။ အိုလူပျင်း၊ သင်သည် အဘယ်မျှကာလပတ်လုံး အိပ်လျက် နေလိမ့်မည်နည်း။ အဘယ်သောအခါ နိုးလိမ့်မည်နည်း။ ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော်အံသောငှာ ခဏလက်ချင်းပိုက်လျက် နေစဉ်တွင်၊ ဆင်းရဲခြင်းသည် ခရီးသွားသောသူကဲ့သို့ လည်းကောင်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့လည်းကောင်း ရောက်လာလိမ့်မည်။”
ရှောလမုန်မင်းကြီးရေးသားထားသည့် သုတ္တံကျမ်းအရ၊ ဆင်းရဲရခြင်း၏ အကြောင်းသည် ပျင်းရိခြင်းကြောင့် ဖြစ်သည်ကို သေးငယ်သောပုရွက်ဆိတ်ကို ဥပမာပေးဖော်ပြထားခြင်းမှာ လူတို့ပြောတတ်သည့် အရင်းအနှီးမရှိလို့၊ အတတ်ပညာ မလုံလောက်လို့၊ အတွေ့အကြုံ မရှိလို့၊ လမ်းပြမည့်သူမရှိလို့ စသည်ဖြင့် လူတို့ပေးတတ်သည့် ထိုများလှစွာသောဆင်ခြင်များကြောင့် မဟုတ်ကြောင်းကို ပေါ်လွန်စေချင်သောကြောင့် ဖြစ်သည်။ အချို့သောယုံကြည်သူတို့သည်လည်း၊ ဆင်းရဲခြင်းသည် အလှူရှင်မရှင်လို့ (သို့) ဘုရားသခင်၏ အလိုတော်ဟု ကြိုးစားအားထုတ်မှု မရှိဘဲ၊ ဆင်ခြင်ပေးတတ်ကြသည်။ ထိုသို့ မဖြစ်သင့်ပေ။ ကြိုးစားအားထုတ်လျက်နှင့် ဆင်းရဲခြင်း ကြုံတွေ့ရခြင်းသည် ပျင်းရိသောကြောင့် ကြုံတွေ့ရသောဆင်းရဲခြင်းထက် သာ၍ ကောင်းသောအရာဖြစ်သည်။
About this Plan

လူတိုင်း၊ ငွေသုံးရ၊ ရှာရ၊ ကိုင်ရသလို ယုံကြည်သူများလည်း ရှာဖွေကိုင်တွယ် သုံးစွဲရသည်။ ထိုသို့ကိုင်တွယ်သုံးစွဲသည့်အခါ၊ ယုံကြည်သူဖြစ်လင့်ကစား၊ သမ္မာနည်းကျကျ ငွေကို မသုံးစွဲတတ်ခြင်းသည် ယုံကြည်သူတစ်ဦးတစ်ယောက်ချင်းစီ၏ အသက်တာတွင် ထိခိုက်မှုရှိသည်နည်းတူ၊ ယုံကြည်သူများနှင့်စပ်ဆိုင်သည့် အဖွဲ့အစည်း၊ လူမှုပတ်ဝန်းကျင်ကိုပင် များစွာ ထိခိုက်ပျက်စီးစေလျက် ဘုရားဘုန်းတော်ရှုံ့ချစေသည့် အရာများဖြစ်ပေါ်စေသည်။ ထိုကြောင့်၊ ယုံကြည်သူမည်သူမဆို၊ သမ္မာနည်းလမ်းကျကျ ငွေကြေးအကြောင်းကို နားလည်သဘောပေါက်လျက် သုံးစွဲမည်ဆိုပါက ပိုမိုအကျိုးရှိ ထိရောက်ပေလိမ့်မည်ဟု ယုံကြည်မျှော်လင့်၍ ရေးသားပြုစုလိုက်ပါသည်။
More
Related Plans

Does the Devil Know Your Name? A 10-Day Brave Coaches Journey

Hidden: A Devotional for Teen Girls

Freedom in Christ

How to Practice Gratitude in the Midst of Waiting by Wycliffe Bible Translators

Grace With a Taste of Cinnamon

Decide to Be Bold: A 10-Day Brave Coaches Journey

The Advent of HOPE and the Object of Our Faith.

Light Has Come

A Christian Christmas
