ယုံကြည်သူများနှင့် ငွေကြေးသုံးစွဲမှု အနုပညာSample

၄။ ငွေကို သမ္မာနည်းကျ ကိုင်တွယ်အသုံးပြုခြင်း (၂)
(ဂ) ကုန်ကျစရိတ်ကို ကြိုတင်တွက်ချက်တတ်သည့်အလေ့ဖြင့်ကိုင်တွယ်ခြင်း
လု၊ ၁၄း၂၈
သင်တို့တွင် တစ်ယောက်သောသူသည် တိုက်ကို တည်မည်ဟု အကြံရှိလျှင် ထိုတိုက်ပြီးအောင် ငွေလောက်မည်မလောက်မည်ကို သိခြင်းငှာ၊ ရှေးဦးစွာ ထိုင်၍ ကုန်ကျစရိတ်ကို မချင့်တွက်ဘဲ နေမည်လော။
အထက်ပါကျမ်းပိုဒ်သည် ယေရှုခရစ်တော်ဘုရားနောက် လိုက်လိုသူများအား ကိုယ်တော်က သူ့နောက်သို့မလိုက်မီ ပေးရမည့်အဖိုးအခကို အရင်တွက်ချက် တတ်ဖို့ သတိပေးပြောဆိုသည့် စကားတော် ဖြစ်သည်။ နောက်လိုက်ခြင်းအတွက် ပေးဆပ်ရမည့် အဖိုးအခကို ထည့်မတွက်ဘဲ၊ လိုက်မိရာမှ အဖိုးအခ မပေးနိုင်သည့်အခါ၊ အငန်ကင်းပျောက်သည့် ဆားဖြစ်မည့်အကြောင်း သွန်သင်ထားခြင်း ဖြစ်သည်။ ယေရှုဘုရား၏ သွန်သင်ချက်ကို နမူနာယူလျက်၊ ငွေကြေးသုံးစွဲခြင်း၌လည်း တစ်စုံတစ်ခု၏ ကုန်ကျစရိတ်ကို မလုပ်ခင်၊ ကြိုတင်တွက် ချက်တတ်သည့်အလေ့ကို မွေးမြူခြင်း၊ ဆင်ခြင်ခြင်းများရှိပါက၊ အရှက်ကွဲခြင်း၊ မလုံလောက်ခြင်း၊ မပြီးမြောက်ခြင်းများနှင့် ကြုံတွေ့ခြင်းမှ နည်းပါးပေလိမ့်မည်။ ဈေးများတွင် မကြာခဏဆိုသလို တွေ့ရသည့် လူတချို့၏ လုပ်ရပ်တစ်ခုမှာ ဈေးရောင်းသူထံလိုသည်များကို မှာဝယ်ပြီးမှ ပေးချေရမည့် ပိုက်ဆံကို မိမိအိတ်တွင် ထုတ်သည့်အခါ မလုံလောက်သည့် ပြဿနာတစ်ခုပင် ဖြစ်သည်။ ထိုအရာကို ဆင်ခြင်တွေးတောကြည့်လျှင်၊ ထိုသို့ပြုမူခဲ့သည့်သူများတွင် မိမိကိုယ်တိုင်လည်း ပါဝင်နေသူ ဖြစ်ပေလိမ့်မည်။ တစ်စုံတစ်ခုကို မဝယ်ခင်၊ ကြိုတင်တွက်ချက်တတ်ခြင်း၊ ပြင်ဆင်တတ်ခြင်းအလေ့သည် ယုံကြည်သူတို့၌ပင် အလွန်အားနည်းသည့်အရာ ဖြစ်သည်။ ထိုအရာကို ယုံကြည်သူတို့မွေးမြူလေ့ကျက်ဖို့ လိုအပ်လှသည်။ ထိုမှသာ ငွေကြေးသုံးစွဲခြင်း၌ပင် ဘုရားဘုန်းတော်ထင်ရှားလိမ့်မည် ဖြစ်သည်။
ဃ။ အလိုတော်ကို ဝန်ခံလျက် ကိုင်တွယ်ခြင်း
သု၊ ၂၂း၂
ငွေရတတ်သောသူနှင့် ဆင်းရဲသောသူတို့သည် တွေ့ကြုံကြ၏။ ထိုသူအပေါင်းတို့ကို ထာဝရဘုရား ဖန်ဆင်းတော်မူ၏။
၁ပေ၊ ၃း၁၇
ဘုရားသခင့်အလိုတော်ရှိလျှင်၊ သုစရိုက်ကိုပြု၍ ဆင်းရဲခံခြင်းသည်၊ ဒုစရိုက်ကိုပြု၍ ခံခြင်းထက်သာ၍ ကောင်း၏။
ငွေရတတ်သူ (ချမ်းသာသူ) နှင့် ဆင်းရဲသူ နှစ်ဦးစလုံးကို ဘုရားသခင်က ဖန်ဆင်းထားသော်လည်း ဒုစရိုက်ပြုလျက် ချမ်းသာခြင်းမျိုးကိုမူ ဘုရားသခင် နှစ်သက်တော်မူမည် မဟုတ်ချေ။ အထက်ပါကျမ်းပိုဒ်တွင်လည်း၊ ကောင်းသောအမှု ပြုပါလျက်နှင့် ဆင်းရဲခြင်းသည် ဒုစရိုက်ကိုပြုလျက် ချမ်းသာခြင်းထက် ပိုကောင်းသည်ဟု ပြောထားသည်။ တစ်ခါတစ်ရံ၊ အကောင်းဆုံး ကြိုးစားအားထုတ်ပါလျက်နှင့် ဆင်းရဲနေပါလျှင်၊ ဘုရားသခင်၏ အလိုတော်ဝန်ခံဖို့ သက်သက်သာ ဖြစ်သည်။ အရာရာတိုင်းတွင် ဘုရားသခင်၏ အကြံအစည်တော်ရှိသည်မို့ ဆင်းရဲခြင်းသည် ရှက်စရာမဟုတ်ပါ။ ဘုရားသခင်သည် ဆင်းရဲသားကို အစဉ်ကြည့်ရှုတော်မူ၏ဟု လည်း ဖော်ပြချက်ရှိသည်။
သု၊ ၂၈း၆တွင်လည်း“မမှန်သောအမှုကို ပြုသောသူသည် ငွေရတတ်သော်လည်း၊ ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သော ဆင်းရဲသားသည် သာ၍မြတ်၏”ဟု ဖော်ပြထားသည်။ ထိုကြောင့်၊ မကောင်းသောနည်းကို သုံးလျက်၊ ချမ်းသာခြင်းထက် တရားသောနည်းလမ်းဖြင့် ငွေရှာလျက် ဆင်းရဲခြင်းက ပို၍ကောင်းကြောင်း ဖော်ပြထားသည်။ သမ္မာနည်းကျကျ၊ ငွေကို ကိုင်တွယ်သုံးစွဲလျက်၊ ဆင်းရဲခြင်းသည်၊ မသမာသောနည်းဖြင့် ငွေရခြင်းငှာ ကြိုးစားအားထုတ်ခြင်းထက် သာ၍ မွန်မြတ်ကြောင်းကို ယုံကြည်သူတို့စိတ်နှလုံး၌ အစဉ်မှတ်ကြုံးဖို့ လိုသည်။ ထို့အပြင်၊ ငွေထက်၊ သူတစ်ပါး၏ နှစ်သက်ခြင်း၊ ချစ်ခင်လေးစားခံရခြင်းသည်လည်း ပိုမိုကောင်းမွန်သောအရာဖြစ်ကြောင်းသု၊ ၂၂း၁တွင်၊“ကောင်းသောအသရေကို များစွာသောဥစ္စာထက်သာ၍ ရွေးစရာကောင်း၏။ သူတစ်ပါးစုံမက်ခြင်းကျေးဇူးသည် ရွှေငွေထက်သာ၍ ကောင်း၏”ဟု ဖော်ပြထားသည်မို့၊ ငွေမရှိလို့ မိမိအား လူများက အပေါင်းအသင်းမလုပ်ချင်ဟု တွေးထင်တတ်သည့် အတွေးများကို အဝေးဆုံးသို့ လွှင့်ပစ်ဖို့ ဖြစ်သည်။ မိမိကိုယ်တိုင်သည်လည်း၊ ငွေထက်၊ သူတစ်ပါး၏ စုံမက်ခြင်းကျေးဇူးကို ရွေးတတ်သူများဖြစ်ဖို့ လိုသည်။ တနည်းအားဖြင့်ဆိုသော်၊
ဒေ၊ ၇း၁၄တွင် ဖော်ပြထားသကဲ့သို့၊“ကောင်းစားသည်ကာလ၌ ဝမ်းမြောက်လော့။ ဆင်းရဲခံရသည်ကာလ၌ ဆင်ခြင်လော့။ လူသည် မိမိနောက်မှာ ဖြစ်လတ္တံသောအမှုအရာကို သိမည်အကြောင်း၊ ဘုရားသခင်သည် ကောင်းစားခြင်းနှင့် ဆင်းရဲခြင်းကိုလည်း အလှည့်လှည့် ပေးတော်မူ၏”ဟု ဆိုသည်အတိုင်း ဆင်းရဲခြင်းနှင့် ကောင်းစားခြင်းသည် ဘုရားသခင်၏ လက်တော်ထဲတွင်သာ ရှိသည်ကို သိမှတ်ဝန်ခံရင်း တစ်ပါးသူကို မငြူစူဘဲ၊ (သို့) တစ်စုံတစ်ယောက်ကို အပြစ်မတင်ဘဲ၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ ငွေကြေးသုံးဖို့ ဖြစ်သည်။
About this Plan

လူတိုင်း၊ ငွေသုံးရ၊ ရှာရ၊ ကိုင်ရသလို ယုံကြည်သူများလည်း ရှာဖွေကိုင်တွယ် သုံးစွဲရသည်။ ထိုသို့ကိုင်တွယ်သုံးစွဲသည့်အခါ၊ ယုံကြည်သူဖြစ်လင့်ကစား၊ သမ္မာနည်းကျကျ ငွေကို မသုံးစွဲတတ်ခြင်းသည် ယုံကြည်သူတစ်ဦးတစ်ယောက်ချင်းစီ၏ အသက်တာတွင် ထိခိုက်မှုရှိသည်နည်းတူ၊ ယုံကြည်သူများနှင့်စပ်ဆိုင်သည့် အဖွဲ့အစည်း၊ လူမှုပတ်ဝန်းကျင်ကိုပင် များစွာ ထိခိုက်ပျက်စီးစေလျက် ဘုရားဘုန်းတော်ရှုံ့ချစေသည့် အရာများဖြစ်ပေါ်စေသည်။ ထိုကြောင့်၊ ယုံကြည်သူမည်သူမဆို၊ သမ္မာနည်းလမ်းကျကျ ငွေကြေးအကြောင်းကို နားလည်သဘောပေါက်လျက် သုံးစွဲမည်ဆိုပါက ပိုမိုအကျိုးရှိ ထိရောက်ပေလိမ့်မည်ဟု ယုံကြည်မျှော်လင့်၍ ရေးသားပြုစုလိုက်ပါသည်။
More
Related Plans

Does the Devil Know Your Name? A 10-Day Brave Coaches Journey

Hidden: A Devotional for Teen Girls

Freedom in Christ

How to Practice Gratitude in the Midst of Waiting by Wycliffe Bible Translators

Grace With a Taste of Cinnamon

Decide to Be Bold: A 10-Day Brave Coaches Journey

The Advent of HOPE and the Object of Our Faith.

Light Has Come

A Christian Christmas
