ယုံကြည်သူများနှင့် ငွေကြေးသုံးစွဲမှု အနုပညာSample

၅။ အခြားသောဆင်းရဲရခြင်း၏ အကြောင်းအရင်း
လောကတွင်၊ လူတချို့ ဆင်းရဲရသည့်အကြောင်းအရင်းများစွာ ရှိသော်လည်း၊ သမ္မာကျမ်းစာမှ ဖော်ပြသည့် အဓိက ဆင်းရဲရသည့်အကြောင်းအရင်းကိုသာ ဖော်ပြလိုပါသည်။
က။ အလှကြိုက်ခြင်းနှင့် အပျော်အပါးမက်ခြင်း
သု၊ ၂၁း၁၇
“ကာမဂုဏ်၌ မွေ့လျော်သောသူသည် ဆင်းရဲခြင်းသို့ ရောက်လိမ့်မည်။ စပျစ်ရည်နှင့်ဆီကို ကြိုက်သောသူသည်လည်း ငွေကို မရတတ်ရ။”
အထက်ပါကျမ်းပိုဒ်အရ၊ အပျော်အပါးမက်သူသည် ဧကန် ဆင်းရဲမည်ဟု ဖော်ပြထားသည်။ ယုံကြည်သူတချို့သည် ထိုသို့သောအမှုများတွင်၊ မိမိစုဆောင်းထားသမျှ (သို့) ဝင်သမျှငွေကြေးအားလုံးတို့ကို အဆီးအတားမရှိ သုံးစွဲတတ်ကြသည်။ ထိုသို့နှင့် တစ်စတစ်စ နေ့စဉ်ဝင်ငွေများသာမက စုဆောင်းထားသမျှလည်း ကုန်းခမ်းလျက် ဆင်းရဲခြင်းသို့ ရောက်ကြသည်။ ထို့အပြင်၊ စပျစ်ရည်ဆိုသည် အသောက်အစား၊ အပျော်အပါးကို ဆိုလိုသလို၊ ဆီသည် အလှတရားအတွက် သုံးသည့်အရာဟု သဘောပိုက်လျက်၊ အလှအတွက်လည်း ငွေ၊ အလွန်အကျွံသုံးပါက အလွယ်တကူ ဆင်းရဲခြင်းသို့ ရောက်မည်ဖြစ်သည်။ အချို့သောယုံကြည်သူ မိန်းကလေးများသည်လည်း အလှအပကို လိုတာထက် ပိုဦးစားပေးခြင်းဖြင့်၊ ငွေကို အလွန်အကျွံ သုံးမှန်းမသိ၊ သုံးနေကြသည်။ အမှန်မှာ၊ ငွေကြေးကုန်ကျခံလျက် အလှပြင်သော်လည်း ငွေကြေးကုန်တိုင်း အလှထွက်သည် မဟုတ်ချေ။
၁တိ၊ ၂း၉ တွင် “ထိုနည်းတူ၊ မိန်းမတို့သည် ကျစ်သောဆံပင်၊ ရွှေတန်ဆာ၊ ကျောက်ပုလဲ အဖိုးထိုက်သောအဝတ်နှင့် ကိုယ်ကို မဆင်ဘဲ၊ ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းအားဖြင့်၊ လျောက်ပတ်သောအဝတ်နှင့်လည်းကောင်း၊" အလှဆင်ဖို့ တိုက်တွန်းထားသည်ကို သိမှတ်ခြင်းဖြင့် ငွေကြေးကုန်ကျခံလျက် အလှဆင် ခြင်းထက် ဆင်းရဲခြင်းသို့မရောက်ရန် အလှအပနှင့် အပျော်အပါးအတွက် သုံးတတ်သည့် မိမိ၏ငွေကြေးကို ချင့်တွက်ကြည့်သင့်သည်။ မိမိသည် ထိုသို့သော ကဏ္ဍများတွင် မိမိ၏ငွေကြေးအား အလွန်အကျွံသုံးမိ၊ မသုံးမိသည်ကို အစဉ် သုံးသပ်တတ်ဖို့ လိုသည်။ ထိုသို့ သုံးသပ်တတ်ခြင်းသည် အချည်းနှီးဆင်းရဲခြင်းမှ လွတ်မြောက်စေသောအရာလည်း ဖြစ်သည်။
ခ။ ရှိသူကို ထပ်ဖြည့်ခြင်းနှင့် မရှိသူထံမှ နုတ်ယူခြင်း
သု၊ ၂၂း၁၆
ကိုယ်စီးပွားအဖို့ ဆင်းရဲသားတို့ကို ညှင်းဆဲသောသူနှင့်၊ ငွေရတတ်သောသူတို့အား ပေးသောသူသည် ဆင်းရဲခြင်းသို့ အမှန်ရောက်လိမ့်မည်။
ဒုတိယအနေဖြင့်၊ သမ္မာကျမ်းစာမှ ဖော်ပြသည့် ဆင်းရဲရသည့်အကြောင်း အရင်းမှာ အထက်ပါကျမ်းပိုဒ်တွင် ဖော်ပြထားသည်အတိုင်း လူတို့သည် မရှိသူထံမှ ပိုမိုလိုချင်သည့်သဘောနှင့် ဆင်းရဲသားများကို ဖိနှိပ်လျက် မတရားဥစ္စာကို ရယူခြင်းနှင့် မိမိထက်ဥစ္စာရှိသူများကိုလည်း မိမိအား မျက်နှာသာ၊ အခွင့်အလမ်း၊ တစ်စုံတစ်ခုအဖို့အလိုငှာ ပေးကမ်းခြင်းများပြုခြင်းဖြင့် ဆင်းရဲစရာ ဖြစ်လာသည်ဟု ဖော်ပြထားသည်။ မိမိထက် ဥစ္စာပစ္စည်းပြည့်စုံသူအား မိမိမှ တစ်စုံတစ်ခုပေးဖို့ ကြံရွယ်မည်ဆိုပါက သာမန်၊ အသေးအဖွဲများ ပေးရန် သင့်တော်ခြင်း မသင့်တော်ခြင်းများကို ထည့်သွင်းစဉ်းစားချင့်ချိန်မှုများနှင့်အတူ၊ ထိုဥစ္စာရှိသူများ၏ အသုံးပြုတတ်သည့် စံနှုန်းများကို စိတ်တွင်မှတ်ကြုံးလျက် သူတို့နှင့်လျော်ညီသည့် ပစ္စည်းဥစ္စာများကို ပေးရခြင်းသည် မိမိ၌ရှိသည့် ငွေကြေးအတိုင်းအတာထက် ပိုစွာ ထည့်သွင်း အသုံးပြုရခြင်းများပိုတတ်သည်မို့ ကြိမ်ဖန်များစွာ ထိုကဲ့သို့ ပေးကမ်းခြင်းများ လုပ်ရဖန်များပါက၊ စည်းစိမ်တိုးပွားခြင်းအစား၊ မိမိဥစ္စာထိခိုက်လျက် ဆုံးရှုံးခြင်းများနှင့်အတူ ဆင်းရဲခြင်းသို့သာ ရောက်ရှိလာခြင်း ဖြစ်သည်။ ထိုသို့သောအကြောင်းအရင်းများကို လူတို့သည် မစဉ်းစားမိတတ်ကြလျက်၊ လုပ်ဖို့လို အပ်သောအရာဟုသာ မှတ်ကြုံးတတ်ကြသည်။ ထိုအရာကို ယုံကြည်သူတို့ သတိနှင့် ကျဉ်ရှောင်သင့်ပေသည်။
About this Plan

လူတိုင်း၊ ငွေသုံးရ၊ ရှာရ၊ ကိုင်ရသလို ယုံကြည်သူများလည်း ရှာဖွေကိုင်တွယ် သုံးစွဲရသည်။ ထိုသို့ကိုင်တွယ်သုံးစွဲသည့်အခါ၊ ယုံကြည်သူဖြစ်လင့်ကစား၊ သမ္မာနည်းကျကျ ငွေကို မသုံးစွဲတတ်ခြင်းသည် ယုံကြည်သူတစ်ဦးတစ်ယောက်ချင်းစီ၏ အသက်တာတွင် ထိခိုက်မှုရှိသည်နည်းတူ၊ ယုံကြည်သူများနှင့်စပ်ဆိုင်သည့် အဖွဲ့အစည်း၊ လူမှုပတ်ဝန်းကျင်ကိုပင် များစွာ ထိခိုက်ပျက်စီးစေလျက် ဘုရားဘုန်းတော်ရှုံ့ချစေသည့် အရာများဖြစ်ပေါ်စေသည်။ ထိုကြောင့်၊ ယုံကြည်သူမည်သူမဆို၊ သမ္မာနည်းလမ်းကျကျ ငွေကြေးအကြောင်းကို နားလည်သဘောပေါက်လျက် သုံးစွဲမည်ဆိုပါက ပိုမိုအကျိုးရှိ ထိရောက်ပေလိမ့်မည်ဟု ယုံကြည်မျှော်လင့်၍ ရေးသားပြုစုလိုက်ပါသည်။
More
Related Plans

Positive and Encouraging Thoughts for Women: A 5-Day Devotional From K-LOVE

Reimagine Influence Through the Life of Lydia

Never Alone

Everyday Prayers for Christmas

Simon Peter's Journey: 'Grace in Failure' (Part 1)

The Holy Spirit: God Among Us

Who Am I, Really? Discovering the You God Had in Mind

Sharing Your Faith in the Workplace

The Bible in a Month
