ယုံကြည်သူများနှင့် ငွေကြေးသုံးစွဲမှု အနုပညာSample

၃။ ငွေကြေးစီးဆင်းမှုလမ်းကြောင်းကို နားလည်ခြင်း
ဟဂ္ဂဲ၊ ၂း၈
ရွှေနှင့် ငွေကို ငါပိုင်သည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ဒေ၊ ၅း၁၉
ဘုရားသခင် ပေးသနားတော်မူသော စည်းစိမ်ဥစ္စာကို ရသောလူတိုင်း မိမိအဖို့ကိုခံ၍ ဝင်စားခြင်းငှာလည်းကောင်း၊ ကြိုးစားအားထုတ်ရာ၌ ပျော်မွေ့ခြင်းငှာလည်းကောင်း၊ ဘုရားသခင့်ကျေးဇူးတော်ကြောင့် အခွင့်ရှိ၏။
လူတချို့သည် ငွေရဖို့ အလုပ်လုပ်ကြသည်။ တချို့သည် အလုပ်မလုပ်ဘဲလျက်၊ မိဘ၊ ဆွေမျိုးတစ်ဦးဦးထံမှ အကြောင်းအမျိုးမျိုးဖြင့် ရသည်။ ထိုသို့ ငွေရနေခြင်းကြောင့်၊ အမှန်တကယ် ငွေကြေးစီးဆင်းလာသည့် လမ်းကြောင်းကို မသိမှတ်နိုင်လျက်၊ ငွေရဖို့အတွက်၊ အလုပ်ကြိုးစားကြသည်။ လူကို ကိုးစားကြသည်။ လူကြီး၊ ရာထူးကြီးသူများထံ ချဥ်းကပ်ကြ၊ တောင်းကြသည်။ သို့သော်၊ ငွေ၏ မူလပိုင်ရှင်မှာ ဘုရားသခင်ဖြစ်လျက်၊ ငွေသည် ဘုရားသခင်ထံမှလာခြင်းကို မသိမှတ်နိုင်ကြတော့ချေ။
အထက်ပါကျမ်းပိုဒ်နှစ်ပိုဒ်တွင် ဘုရားသခင်က သူသည် ရွှေ၊ ငွေတို့ကို ပိုင်သူဟု ဖော်ပြလျက်၊ ထိုအရာတို့ကို ပေးသူဖြစ်ကြောင်းကိုလည်း ထပ်မံဖော်ပြထားသည်။ ငွေလိုချင်သူသည် ငွေကို အမှန်တကယ်ပိုင်သူထံတောင်းမည်ဆိုပါက မလွဲ ဧကန်ရမည်ဖြစ်သည့်အပြင်၊ အတုအပမှလည်း ကင်းဝေးမည်ဖြစ်သည်။ ငွေကို ပိုင်သူ၏ သဘောသဘာဝကို သိလျက် သူ့အလိုတော်အတိုင်း တောင်းမည်ဆိုပါက ပိုမိုခံစားရရှိပေလိမ့်မည်။
ကျမ်းစာထဲရှိ၊ ပုဂ္ဂိုလ်ထူးများဖြစ်သည့်၊ အာဗြဟံ၊ ဣဇက်၊ ယာကုပ်နှင့် အခြားသောလူများသည် သူတို့ခေတ်အခါတွင်၊ အထင်ကရ ပုဂ္ဂိုလ်များဖြစ်လျက်၊ ငွေကြေးချမ်းသာသူများလည်း ဖြစ်ကြသည်။ သူတို့အယောက်ချင်းစီတိုင်းတွင်၊ သူတို့ခံစားရသည့် ငွေကြေးစည်းစိမ်များသည် ဘုရားသခင်ပေးသနားတော်မူသောအရာများ ဖြစ်သည်ဟု ဝန်ခံခဲ့သူများ ဖြစ်ကြသည်။ ထိုသို့ဆိုသော်၊ သူတို့သည် မည်သည့်အမှုအရာကိုမျှ မပြုဘဲ၊ ဘုရားသခင်ထံမှ တိုက်ရိုက်သွန်းလောင်းခံခြင်းဖြစ်သည်ဟု ဆိုခြင်းမဟုတ်ပါ။ သူတို့သည် သူတို့လုပ်ဆောင်သမျှ၌ ကြိုးစားအားထုတ်မှုများစွာ ပြုခဲ့သူများဖြစ်ကြောင်း သူတို့၏ သမိုင်းများကို လေ့လာကြည့်ပါက သိရှိနိုင်သည်။
ထိုသို့ကြိုးစားအားထုတ်မှုများပြုလျက်နှင့် မိမိတို့ကြိုးစား အားထုတ်မှုကြောင့် ငွေကြေးနှင့် စည်းစိမ်ရသည်ဟု မပြောကြဘဲ၊ ဘုရားသခင် ပေးသနားတော်မူသည်ဟု ဝန်ခံပြောဆိုကြခြင်းမှာ သူတို့သည် ရွှေ၊ ငွေ၊ စည်းစိမ်ကို ပိုင်သည့်ဘုရားကို သိကျွမ်းကြသည်နှင့်လျော်စွာ ငွေကြေးအမှန်တကယ် စီးဆင်းလာသည့်လမ်းမှာ သူတို့၏ ကြိုးစားအားထုတ်မှုသက်သက်ကြောင့် မဟုတ်ဘဲ၊ ဘုရားသခင် ပေးသနားတော်မူသောကြောင့် ရနေခြင်းဖြစ်ကြောင်းကို သိကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင်သည်လည်း၊ သူသာလျှင် သူတို့ပိုင်ဆိုင်သမျှဥစ္စာအလုံးစုံကို ပေးသနားတော်မူသောအရှင်ဖြစ်ကြောင်း သူတို့အား မကြာခဏ ဖော်ပြလေ့ရှိသည်။
ထိုနည်းတူ၊ ယုံကြည်သူတို့ခံစားရသမျှ အရာရာသည် ဘုရားသခင်ထံမှလာကြောင်းကို သိမှတ်ဝန်ခံလျက် ဘုရားသခင်၌သာ ဝါကြွားဝမ်းမြောက်၊ ချီးမွမ်းဖို့သာ ဖြစ်သည်။
Scripture
About this Plan

လူတိုင်း၊ ငွေသုံးရ၊ ရှာရ၊ ကိုင်ရသလို ယုံကြည်သူများလည်း ရှာဖွေကိုင်တွယ် သုံးစွဲရသည်။ ထိုသို့ကိုင်တွယ်သုံးစွဲသည့်အခါ၊ ယုံကြည်သူဖြစ်လင့်ကစား၊ သမ္မာနည်းကျကျ ငွေကို မသုံးစွဲတတ်ခြင်းသည် ယုံကြည်သူတစ်ဦးတစ်ယောက်ချင်းစီ၏ အသက်တာတွင် ထိခိုက်မှုရှိသည်နည်းတူ၊ ယုံကြည်သူများနှင့်စပ်ဆိုင်သည့် အဖွဲ့အစည်း၊ လူမှုပတ်ဝန်းကျင်ကိုပင် များစွာ ထိခိုက်ပျက်စီးစေလျက် ဘုရားဘုန်းတော်ရှုံ့ချစေသည့် အရာများဖြစ်ပေါ်စေသည်။ ထိုကြောင့်၊ ယုံကြည်သူမည်သူမဆို၊ သမ္မာနည်းလမ်းကျကျ ငွေကြေးအကြောင်းကို နားလည်သဘောပေါက်လျက် သုံးစွဲမည်ဆိုပါက ပိုမိုအကျိုးရှိ ထိရောက်ပေလိမ့်မည်ဟု ယုံကြည်မျှော်လင့်၍ ရေးသားပြုစုလိုက်ပါသည်။
More
Related Plans

Positive and Encouraging Thoughts for Women: A 5-Day Devotional From K-LOVE

Reimagine Influence Through the Life of Lydia

Never Alone

Everyday Prayers for Christmas

Simon Peter's Journey: 'Grace in Failure' (Part 1)

The Holy Spirit: God Among Us

Who Am I, Really? Discovering the You God Had in Mind

Sharing Your Faith in the Workplace

The Bible in a Month
