ယုံကြည်သူများနှင့် ငွေကြေးသုံးစွဲမှု အနုပညာSample

၂။ ငွေသည် ဖလှယ်ရသည့် အရာတစ်ခုဖြစ်ခြင်း
ငွေသည် လူတို့ လိုအပ်သည့်အရာ၊ လိုချင်သည့်အရာများဝယ်ခြမ်းရာတွင် ဖလှယ်ရသည့်အရာတစ်ခု ဖြစ်သည်။ သို့သော်၊ အရာရာတိုင်းအတွက် ငွေမရှိလို့ မဖြစ်တော့မဟုတ်ပါ။ ငွေနှင့် ဝယ်လို့မရသည့် အရာများစွာလည်း ကျန်နေပါသေးသည်။ ထိုအထဲတွင်၊ ဘုရားသခင်၏ ကျေးဇူးတော်ကိုလည်း ငွေနှင့် ဝယ်လို့ မရပါ။ လူသားအားလုံး၏ အပြစ်အတွက် ကိုယ်စားခံပြုပေးသည့် လက်ဝါးကပ်တိုင်တွင် ယေရှုဘုရား၏ အသေခံခြင်း၊ သင်္ဂြိုလ်ခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းတို့သည် လူတို့မပြုနိုင်၊ မဝယ်နိုင်သည့်အမှုဖြစ်လျက်၊ ဘုရားသခင်မှ လူသားအားလုံးအတွက် အခမဲ့ပြုပေးသော ကျေးဇူးသက်သက်သာ ဖြစ်သည်။ ထိုကြောင့်၊ သမ္မာကျမ်းစာတွင်၊
ဧ၊ ၂း၈-၉
“ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင်သနားတော်မူရာ ဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည် မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာအခွင့်မရှိ။”ဟု ဖော်ပြထားသည်။
ထို့အပြင်၊တ၊ ၈း၂၀တွင်၊“ပေတရုက၊ ဘုရားသခင်၏ကျေးဇူးတော်ကို ငွေနှင့် ဝယ်ယူမည်ဟု အကြံရှိသောကြောင့်၊ သင်နှင့်တကွ သင်၏ငွေသည်ပျက်စီးခြင်းသို့ ရောက်ပါစေ။”ဟု ရားသခင်၏ ကျေးဇူးတော်ကို ငွေနှင့် ဝယ်ယူရန် ငွေကို ယူဆောင်လာသည့် ရှိမုန်ကို ထိုသို့ပြန်ပြောခဲ့သည်။
ထိုကြောင့်၊ ငွေသည် အရာအားလုံး၏ အက္ခရာ မဟုတ်ပါ။ အရာအားလုံးကို ငွေနှင့် မဖန်တီးနိုင်ပါ။ ငွေသည် မှန်ကန်စွာ အသုံးပြုရမည့်အသုံးခံ၊ ဖလှယ်ရတစ်ခု ဖြစ်သည်။
Scripture
About this Plan

လူတိုင်း၊ ငွေသုံးရ၊ ရှာရ၊ ကိုင်ရသလို ယုံကြည်သူများလည်း ရှာဖွေကိုင်တွယ် သုံးစွဲရသည်။ ထိုသို့ကိုင်တွယ်သုံးစွဲသည့်အခါ၊ ယုံကြည်သူဖြစ်လင့်ကစား၊ သမ္မာနည်းကျကျ ငွေကို မသုံးစွဲတတ်ခြင်းသည် ယုံကြည်သူတစ်ဦးတစ်ယောက်ချင်းစီ၏ အသက်တာတွင် ထိခိုက်မှုရှိသည်နည်းတူ၊ ယုံကြည်သူများနှင့်စပ်ဆိုင်သည့် အဖွဲ့အစည်း၊ လူမှုပတ်ဝန်းကျင်ကိုပင် များစွာ ထိခိုက်ပျက်စီးစေလျက် ဘုရားဘုန်းတော်ရှုံ့ချစေသည့် အရာများဖြစ်ပေါ်စေသည်။ ထိုကြောင့်၊ ယုံကြည်သူမည်သူမဆို၊ သမ္မာနည်းလမ်းကျကျ ငွေကြေးအကြောင်းကို နားလည်သဘောပေါက်လျက် သုံးစွဲမည်ဆိုပါက ပိုမိုအကျိုးရှိ ထိရောက်ပေလိမ့်မည်ဟု ယုံကြည်မျှော်လင့်၍ ရေးသားပြုစုလိုက်ပါသည်။
More
Related Plans

Does the Devil Know Your Name? A 10-Day Brave Coaches Journey

Hidden: A Devotional for Teen Girls

Freedom in Christ

How to Practice Gratitude in the Midst of Waiting by Wycliffe Bible Translators

Grace With a Taste of Cinnamon

Decide to Be Bold: A 10-Day Brave Coaches Journey

The Advent of HOPE and the Object of Our Faith.

Light Has Come

A Christian Christmas
