ယုံကြည်သူများနှင့် ငွေကြေးသုံးစွဲမှု အနုပညာSample

၄။ ငွေကို သမ္မာနည်းကျ ကိုင်တွယ်အသုံးပြုခြင်း
ငွေသည် တပ်မက်စရာ မဟုတ်သော်လည်း အသုံးပြုစရာဖြစ်သည်ကို သိရှိပြီး၊ အမှန်တကယ် ငွေကြေးပိုင်သူကို သိမှတ်လျက်၊ မိမိထံစီးဆင်းလာသည့်အရာများကိုလည်း သမ္မာနည်းကျကိုင်တွယ် အသုံးပြုဖို့ လိုသည်။ ထိုသို့ ကိုင်တွယ်အသုံးပြုတတ်စေရန် ပထမအချက်မှာ ထာဝရဘုရားကိုပင် ကြောက်ရွံခြင်း ဖြစ်သည်။
က။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းနှင့် ကိုင်တွယ်ခြင်း
ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ငွေကြေးကိုင်တွယ်အသုံးပြုရာဝယ် ပထမဦးဆုံးနည်း ဖြစ်သည်။ ထာဝရဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့်စပ်လျဥ်း၍ မေးခွန်းများစွာ ရှိနိုင်သည်။ အရိုးရှင်းဆုံးမှာ ဘုရားသခင်မနှစ်သက်သောအရာကို ရှောင်ကျဥ်ခြင်းသည် ထာဝရဘုရားကို ကြောက်ရွံ့ခြင်းပင် ဖြစ်သည်။
သု၊ ၈း၁၃
“ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကား၊ ဒုစရိုက်ကို မုန်းသောသဘောတည်း။”
ဟေရှာ၊ ၃၃း၆
"ဉာဏ်နှင့် ပညာသည် သင်၏ လက်ထက်၌ တည်ကြည်ခြင်း၊ မြဲမြံစွာ ကယ်တင်ခြင်းကို ဖြစ်စေလိမ့်မည်။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည်လည်း သင်၏ဘဏ္ဍာ ဖြစ်လိမ့်မည်။"
သု၊ ၃၁း၁၀-၃၁ ရှိ သီလနှင့်ပြည့်စုံသော မိန်းမအကြောင်းကို ဖတ်ရူမည်ဆိုပါက၊ သူမသည် ငွေကြေးကို မှန်ကန်စွာ စီမံခန့်ခွဲနိုင်ရုံသာမက၊ တိုးပွားအောင် ဆောင်ရွက်နိုင်သူလည်း ဖြစ်ခဲ့သည်။
သီလနှင့်ပြည့်စုံသောသူမလုပ်ဆောင်နိုင်ခြင်း၏ အဓိကအချက်မှာ သူမသည် ထာဝရဘုရားကို ကြောက်ရွံ့သောသူဖြစ်သောကြောင့် ဖြစ်သည်။ ထို့အပြင်၊ ဓမ္မဟောင်းရှိ၊ ကမ္ဘာဦးကျမ်းတွင်တွေ့ရသည့် ယောသပ်၏ ငွေကြေးစီမံခန့်ခွဲနိုင်မှုသည်လည်း ထာဝရဘုရားသခင်ကို ကြောက်ရွံ့ခြင်းကြောင့် ဖြစ်သည်။ တချို့သူများသည် ငွေအလျင်အမြန်ရခြင်းငှာ၊ မူးယဇ်ဆေးဝါးရောင်းခြင်း၊ တံစိုးစားခြင်း၊ လဘ်ထိုးခြင်း၊ ခိုးခြင်း၊ အလွဲသုံးစားလုပ်ခြင်းများဖြင့် ငွေကြေးမတိုးပွားသည့်အပြင်၊ ဒုက္ခရောက်ကြရသည်။ ထိုသို့မဟုတ်ဘဲ၊ ထာဝရဘုရားသခင်ကို ကြောက်ရွံ့လျက်၊ ဒုစရိုက်ကို ရှောင်မည်ဆိုပါက၊ ငွေကြေးသုံးစွဲမှု၊ စီမံခန့်ခွဲမှုများတွင် အကောင်းဆုံးဖြစ်လျက်၊ ငွေကြေးကို သမ္မာနည်းကျ ကိုင်တွယ် အသုံးပြုတတ်လာမည်ဖြစ်သည်။
ခ။ ပညာနှင့် ကိုင်တွယ်ခြင်း
သု၊ ၈း၁၀
ငွေအရင်၊ ငါ့နည်းကိုလည်းကောင်း၊ မြတ်သောရွှေအရင်၊ ပညာအတတ်ကိုလည်းကောင်း ခံယူကြလော့။
ငွေကို သမ္မာနည်းကျကိုင်တွယ်တတ်စေရန် ဒုတိယနည်းမှာ ပညာနှင့် ကိုင်တွယ်ခြင်း ဖြစ်သည်။ သု၊ ၈း၁၀ တွင် ပြောထားသည်နှင့်အညီ၊ ငွေကို မရှာမီ၊ မစီရင်မီ၊ ဘုရားသခင်၏ နည်းဖြစ်သည့် ပညာကို ရှာဖို့ပြောဆိုခြင်းသည် ပညာအားဖြင့် ငွေကို ကိုင်တွယ်ရန်၊ တနည်းအားဖြင့် ပြောဆိုခြင်း ဖြစ်သည်ဟု ဆိုရမည်။ ဘုရားသခင်ပေးသည့် ဉာဏ်ပညာရှိမှသာလျှင်၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ ငွေကို စီမံကိုင်တွယ်တတ်လျက်၊ ဘုရားဘုန်းတော်လည်း ထင်ရှားမည်ဖြစ် သည်။ မိမိသဘောနှင့် ကိုင်တွယ်မည်ဆိုပါက၊ မိမိလိုချင်သည့်အရာများကို ဝယ်ခြမ်းခြင်းဖြင့် ဘယ်သောအခါမျှ သုံး၍ မလောက်၊ ရှာ၍ မပြီး၊ လူကုန်လက်ပန်းကျသက်သက် ဖြစ်လျက်၊ ဆင်းရဲနွံ၌ သံသရာလည်ရုံသာ ရှိတော့သည်။ ဘုရားသခင်ထံမှလာသည့် ဉာဏ်ပညာရှိမည်ဆိုလျှင်၊ ဘုရားသခင်၏ အလိုတော်ကို အရင်ရှာလျက်၊ ငွေကို စနစ်တကျ သုံးစွဲတတ်ဖို့ စီမံခန့်ခွဲတတ်သည့်အခါ၊ မိမိလိုအပ်သည့်အရာနှင့်၊ လိုချင်သည့်အရာ၊ ပေးခြင်းနှင့် ဖြုန်းခြင်း၊ မျှဝေခြင်းနှင့် လက်ဖွာခြင်းတို့ကို လိမ္မာစွာ လုပ်ဆောင်တတ်ပါလိမ့်မည်။ ဉာဏ်ပညာသည် ဘုရားသခင်ထံမှသာ စီးဆင်းပါစေ၊ ငွေကြေးတစ်ခုကိုင်တွယ်ခြင်းသည် ခက်ခဲသည့်အရာတစ်ခု မဟုတ်တော့ပေ။
About this Plan

လူတိုင်း၊ ငွေသုံးရ၊ ရှာရ၊ ကိုင်ရသလို ယုံကြည်သူများလည်း ရှာဖွေကိုင်တွယ် သုံးစွဲရသည်။ ထိုသို့ကိုင်တွယ်သုံးစွဲသည့်အခါ၊ ယုံကြည်သူဖြစ်လင့်ကစား၊ သမ္မာနည်းကျကျ ငွေကို မသုံးစွဲတတ်ခြင်းသည် ယုံကြည်သူတစ်ဦးတစ်ယောက်ချင်းစီ၏ အသက်တာတွင် ထိခိုက်မှုရှိသည်နည်းတူ၊ ယုံကြည်သူများနှင့်စပ်ဆိုင်သည့် အဖွဲ့အစည်း၊ လူမှုပတ်ဝန်းကျင်ကိုပင် များစွာ ထိခိုက်ပျက်စီးစေလျက် ဘုရားဘုန်းတော်ရှုံ့ချစေသည့် အရာများဖြစ်ပေါ်စေသည်။ ထိုကြောင့်၊ ယုံကြည်သူမည်သူမဆို၊ သမ္မာနည်းလမ်းကျကျ ငွေကြေးအကြောင်းကို နားလည်သဘောပေါက်လျက် သုံးစွဲမည်ဆိုပါက ပိုမိုအကျိုးရှိ ထိရောက်ပေလိမ့်မည်ဟု ယုံကြည်မျှော်လင့်၍ ရေးသားပြုစုလိုက်ပါသည်။
More
Related Plans

Interlude: A 5-Day Devotional on Worship & Waiting by Matt Crocker

For the Love of Women

Grace & Truth

Audacious Faith: Standing Firm in the Fire

Song of Heaven

Life in the Spirit

Fulfilling God’s Purpose for Your Life

Your Seed Is Your Destiny

I Should Be Over This: When the Storm Passes but You're Still Spinning
