ယုံကြည်သူများနှင့် ငွေကြေးသုံးစွဲမှု အနုပညာSample

၁။ ငွေ၏အခြေခံသဘောတရားကို နားလည်ခြင်း
က။ ငွေသည် တပ်မက်စရာဖြစ်ခြင်း
မြန်မာစကားပုံများစွာထဲမှ အချို့သောငွေနှင့်စပ်ဆိုင်သည့် စကားပုံများမှာ “ငွေများ တရားနိုင်”၊ “ငွေမရှိလျှင်၊ အချစ်မရှိ”၊ “ငွေဆိုတာ ဒုတိယဘုရားသခင်”၊ “ငွေသာလျှင် အဓိက”၊ “လူမိုက်နှင့် ငွေ အတူမနေ” စသည့် စကားပုံများသည် ငွေ၏အရေးပါမှုကို ညွှန်းဆိုကြသည်။ ထိုသို့ ညွှန်းဆိုမှုများနှင့်အတူ လူတို့သည်လည်း ငွေ၏အရေးပါမှု၊ အသုံးဝင်မှုကို လွန်စွာသိလာလျက်၊ ငွေကို အဓိကထား ရှာဖွေခြင်းများနှင့်အတူ တပ်မက်မှုများလည်း ဖြစ်တည်လာကြသည်။ အဆုံးစွန် ပြောရလျှင်၊ ငွေရပါက၊ ဘယ်အရာမဆိုလုပ်မည်ဟု ပြောတတ်လာကြသည်။ ထိုသို့ ဖြစ်တည်လာမှုနှင့်အတူ၊ ယုံကြည်သူများသည်လည်း၊ ဘုရားသခင်ကို သိလင့်ကစား၊ ငွေကို ဦးစားပေးခြင်း၊ ပိုမိုလိုချင်ခြင်း၊ တပ်မက်ခြင်းများလည်း ပိုလာကြသည်။ ထိုအရာသည် သမ္မာနည်းကျကျ သုံးသပ်ကြည့်ပါက၊ ငွေသည် တပ်မက်စရာ အသွင်ရှိသော်လည်း ယုံကြည်သူများသည် ငွေကို မတပ်မက်သင့်ကြောင်း အောက်ပါကျမ်းစာများက သွန်သင်နေသည်။
ဒေ၊ ၅း၁၀
ငွေကို တပ်မက်သောသူသည် ငွေနှင့် အလိုဆန္ဒ မပြေနိုင်။ စည်းစိမ်ကို တပ်မက်သောသူသည် စည်းစိမ်တိုးပွားသော်လည်း မရောင့်ရဲနိုင်။ ထိုအမှုအရာသည်လည်း အနတ္တ ဖြစ်၏။
၁တိ၊ ၆း၁၀
အကြောင်းမူကား၊ ငွေကို တပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်း တို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှလွဲ၍ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ် ထုတ်ချင်းခတ်အောင် ထိုးကြပြီ။
ငွေသည် တပ်မက်စရာကောင်းသော်လည်း လူတို့၏အလိုဆန္ဒများကို အစဉ်ပြေစေနိုင်သည့်အရာ မဟုတ်ပေ။ မည်မျှပင်၊ ဥစ္စာပစ္စည်း တိုးပွားလာပါစေ၊ လူတို့ အထဲတွင် အတောမသတ်နိုင်သည့် လောဘ ရှိနေသည်မို့ ရောင့်ရဲခြင်းသဘောလည်း ရှိမည်မဟုတ်ပေ။ ထို့အပြင်၊ ငွေသည် အရေးကြီးသည်။ သို့သော်၊ တပ်မက်ဖို့တော့ မဟုတ်ပေ။ တပ်မက်ခြင်းသည် ငွေရခြင်းငှာ ရသမျှနည်းလမ်းကို အသုံးပြုရန် သွေးဆောင်လျက်၊ မကောင်းမှုသို့ ပို့ဆောင်ရန် အဓိကအရင်းအမြစ် ဖြစ်သည်။ ထိုသို့နှင့်၊ ယုံကြည်ခြင်းလမ်းမှ လွဲသွားလျက်၊ ဒုက္ခပင်လယ် ဝေဖို့သက်သက်သာ ဖြစ်ပေလိမ့်မည်။
မ၊ ၆း၂၄
အဘယ်သူမျှ သခင်နှစ်ဦးအစေကိုမခံနိုင်။ သခင်တစ်ဦးကိုမုန်း၍ တစ်ဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေကိုလည်းကောင်း၊ လောကီစည်းစိမ်၏အစေကိုလည်းကောင်း မခံနိုင်ကြ။
ငွေ၏အခြေခံသဘောတရားသည် သုံးစွဲဖို့အသုံးဝင်သော်လည်း အရာရာတိုင်း၏ အဓိကသခင်မဟုတ်ပါ။ ယုံကြည်သူတို့အတွက် သခင်တစ်ပါးတည်းသာ ရှိသည်။ ထိုသူသည် သခင်ယေရှုခရစ်တော်သာ ဖြစ်သည်။ သခင်ယေရှုခရစ်ကိုယ်တော်တိုင် မိန့်တော်မူသည့် အဘယ်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်ဆိုသည်အတိုင်း ငွေကို တပ်မက်လျက်၊ ငွေအတွက် အရာရာလုပ်ဖို့၊ အစေခံဖို့ အဆင်သင့် ဖြစ်ခြင်းဖြင့် ငွေသည် မိမိသခင်ဖြစ်လာဖို့ မဟုတ်ပါ။ ငွေသည် လူတိုင်း၏ သခင်ဖြစ်လိုသော်လည်း သခင်ဖြစ်စေဖို့ မဟုတ်ပါ။ သခင်ဖြစ်ခွင့် ပေးဖို့လည်း မဟုတ်ပါ။ ငွေသည် အသုံးဝင်သော်လည်း နံပါတ် (၁) မဟုတ်ပါ။ ငွေသည် တပ်မက်လွယ်သော်လည်း တပ်မက်ဖို့ မဟုတ်ပါ။ ငွေသည် ငွေသက်သက်သာ ဖြစ်သည်။
About this Plan

လူတိုင်း၊ ငွေသုံးရ၊ ရှာရ၊ ကိုင်ရသလို ယုံကြည်သူများလည်း ရှာဖွေကိုင်တွယ် သုံးစွဲရသည်။ ထိုသို့ကိုင်တွယ်သုံးစွဲသည့်အခါ၊ ယုံကြည်သူဖြစ်လင့်ကစား၊ သမ္မာနည်းကျကျ ငွေကို မသုံးစွဲတတ်ခြင်းသည် ယုံကြည်သူတစ်ဦးတစ်ယောက်ချင်းစီ၏ အသက်တာတွင် ထိခိုက်မှုရှိသည်နည်းတူ၊ ယုံကြည်သူများနှင့်စပ်ဆိုင်သည့် အဖွဲ့အစည်း၊ လူမှုပတ်ဝန်းကျင်ကိုပင် များစွာ ထိခိုက်ပျက်စီးစေလျက် ဘုရားဘုန်းတော်ရှုံ့ချစေသည့် အရာများဖြစ်ပေါ်စေသည်။ ထိုကြောင့်၊ ယုံကြည်သူမည်သူမဆို၊ သမ္မာနည်းလမ်းကျကျ ငွေကြေးအကြောင်းကို နားလည်သဘောပေါက်လျက် သုံးစွဲမည်ဆိုပါက ပိုမိုအကျိုးရှိ ထိရောက်ပေလိမ့်မည်ဟု ယုံကြည်မျှော်လင့်၍ ရေးသားပြုစုလိုက်ပါသည်။
More
Related Plans

Positive and Encouraging Thoughts for Women: A 5-Day Devotional From K-LOVE

Reimagine Influence Through the Life of Lydia

Never Alone

Everyday Prayers for Christmas

Simon Peter's Journey: 'Grace in Failure' (Part 1)

The Holy Spirit: God Among Us

Who Am I, Really? Discovering the You God Had in Mind

Sharing Your Faith in the Workplace

The Bible in a Month
