ကလေးများအတွက် သမ္မာကျမ်းSample

မည်သူသည်ကျွန်ုပ်တို့အား ဖန်ဆင်းသနည်း? သမ္မာကျမ်းစာ၊ ဘုရားသ္ခင်၏နှုတ်ကပတ်တော်သည် လူသားမျိုးနွယ်၏အစကို ဖေါ်ပြခဲ့သည်။ ရှေးအခါက ဘုရားသ္ခင်သည် ပထမလူသား အာဒံကို ဖန်ဆင်း တော်မူခဲ့သည်။ဘုရားသွင်သည် အာဒံကို မြေမှုန့်မှ ဖန်ဆင်းတော်မူခဲ့သည်။ဘုရားသ္ခင်သည် အာဒံ၏အ ထဲသို့ ဇီ၀အသက်ကို မှုတ်သွင်းလိုက်သောအခါ သူသည် အသက်ရှင်သောသတ္တ၀ါဖြစ်လာခဲ့သည်။ သူ သည် ဧဒင်ဟုခေါ်သော လှပသောဥယျာဥ်၌ ရောက်နေသည်ကို ကိုယ်တိုင်တွေ့ခဲ့ရသည်။
ဘုရားသ္ခင်သည် အာဒံကိုမဖန်ဆင်းခင်တွင် ကိုယ်တော်သည် အံ့ဖွယ်ကောင်းသောအရာများနှင့် လှပသောလောကကို ဖန်ဆင်းခဲ့သည်။ ဘုရားသ္ခင်သည် တောင်ကုန်းများ၊ မြက်ခင်းများ၊ မွှေးသောပန်း များနှင့် ရှည်သောသစ်ပင်များ၊ အရောင်တောက်သောငှက်များ၊ တ၀ီ၀ီပျံတတ်သောပျားများ၊ ရေထဲတွင် လူးလှမ့်ပျော်ပါးတတ်သော ၀ေလငါးများနှင့် ချွဲကျိကျိနှင့်ပက်ကျိခရုတို့ကို တစ်ဆင့်ပြီးတစ်ဆင့် ဖန်ဆင်း တော်မူခဲ့ပါသည်။ ဘုရားသ္ခင်သည် အရာရာပြည့်စုံရန် အမှန်တကယ် ဖန်ဆင်းတော်မူခဲ့ပါသည်။
အစအဦးတွင် ဘုရားသ္ခင် ဘာကိုမှမဖန်ဆင်းခင်၌ ဘုရားသ္ခင်မှလွဲ၍ ဘာမှမရှိခဲ့။ လူ၊ နေရာနှင့် အရာ၀တ္ထု တစ်စုံတရာမှမရှိ။ အလင်းရောင်နှင့် အမှောင်လဲပဲမရှိ။ အထက်အောက်ဆိုတာလည်းမရှိ။ မနေ့ကနှင့် မနက်ဖြန် ဆိုတာလဲမရှိ။ ဘုရားသ္ခင်က အစမပြုခဲ့ရသေးခင် ဘုရားသ္ခင်ပဲရှိခဲ့၏။ ထို့နောက် မှ ဘုရားသ္ခင်သည် ဆောင်ရွက်တော်မူခဲ့သည်။
အစအဦးတွင် ဘုရားသ္ခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူခဲ့၏။
မြေကြီးသည် ပုံသဏ္ဌာန်မရှိ၊ လေဟာပြင်ဖြစ်၏။ အမှောင်သည် နက်နဲသောမျက်နှာပြင်ပေါ်တွင်ရှိ ၏။ ထို့နောက်ဘုရားသ္ခင်သည် မိန့်ခဲ့သည်။ “အလင်းဖြစ်စေ”
ထို့နောက်တွင် အလင်းဖြစ်လာသည်။ ဘုရားသ္ခင်သည် အလင်းရောင်ကို နေ့ ဟုခေါ်၍ အမှောင်ကို ည ဟုခေါ် တွင်ခဲ့ပါသည်။ ထို ညနေနှင့် မနက်သည် ပထမနေ့ ဖြစ်လေ၏။
ဒုတိယနေ့တွင် ဘုရားသ္ခင်သည် ကောင်းကင်အောက်ရှိ သမုဒ္ဒရာ၊ ပင်လယ်နှင့် ရေကန်များထဲသို့ ရေများကို ဆောင်သွင်းတော်မူ၏။ တတိယနေ့တွင် ဘုရားသ္ခင် မိန့်ခဲ့သည်မှာ “ခြောက်သွေ့သောကုန်း မြေ ပေါ်ထွန်းစေ။” ထိုနောက် ယင်းသည် ပေါ်လာလေ၏။
ဘုရားသ္ခင်သည် မြက်ပင်၊ ပန်းပင်၊ ချုံပင်နှင့် သစ်ပင်ကြီးများ ပေါ်ပေါက်လာစေရန်လည်း အမိန့် ပေးတော်မူခဲ့သည့်အတိုင်း ၎င်းတို့ပေါ်ပေါက်လာခဲ့ပါသည်။ ထိုညနေနှင့် မနက်သည် တတိယနေ့ ဖြစ်ပါ သည်။
ဒုတယနေ့တွင ဘုရားသ္ခင်သည် နေ၊ လ နှင့် မည်သူမှမရေတွက်နိုင်သော ကြယ်များစွာတို့ကို ဖန်ဆင်း တော်မူခဲ့သည်။ ထို ညနေနှင့် မနက်သည် စတုတ္ထနေ့ ဖြစ်ပါသည်။
ဘုရားသ္ခင်၏ နောက်ထပ်စာရင်းမှာ ပင်လယ်သတ္တ၀ါ၊ ငါးနှင့် ငှက်များတို့ဖြစ်ကြပါသည်။
ပဉ္စမနေ့ တွင် ကိုယ်တော်သည် ခုတ်ငါးမန်းကြီးများတို့နှင့် သေးငယ်သောငါးသေတ္တာငါးများ၊ ခြေတံရှည်ငှက်ကု လားအုပ်များနှင့် တေးဆိုတတ်သော ငှက်ကလေးများတို့ကို ဖန်ဆင်းတော်မူခဲ့ပါသည်။ ဘုရားသ္ခင်သည် အမျိုးစုံသောငါးတို့ကို ကမ္ဘာ့ရေပြင်တွင် ဖြည့်တင်းပေးခဲ့ပြီး၊ ငှက်မျိုးစုံတို့ကိုလည်း ကုန်းမြေ၊ ပင်လယ် နှင့် ကောင်းကင်ပြင်တွင် ပျော်မြူးစေတော်မူခဲ့ပေသည်။ ထိုညနေနှင့် မနက်သည် ပဉ္စမနေ့ ဖြစ်၏။
ယင်းနောက် ဘုရားသ္ခင်သည် ထပ်၍မိန့်တော်မူခဲ့၏။ ကိုယ်တော် မိန့်တော်မူခဲ့သည်မှာ၊ “မြေကြီးသည် အသက်ရှင်သော သတ္တ၀ါတို့ကို ထုတ်ဆောင်ပေးရမည် . . . “ အလုံး စုံသော တိရစ္ဆာန်၊ အင်းဆက် နှင့် တွားသွားသတ္တ၀ါတို့သည် ပေါ်ပေါက်ရှင်သန်လာခဲ့ကြသည်။ မြေပြင်ကိုတုန်စေသော ဆင်များနှင့် အ လုပ်ရှုပ်နေတတ်သော ဖျံများလည်းပါသည်။ဆော့ကစားတတ်သော မျောက်များနှင့်၊ ကို့ယို့ကားယား မိ ချောင်းများလည်းပါသည်။တွန့်လိမ်၍သွားတတ်သော တီကောင်များနှင့်၊ အဆင်ခြင်မဲ့သော မြောက်အ မေရိကမှ ရှဥ့်မျိုးလည်းပါသည်။ ခနောခနဲ့ သစ်ကုလားအုတ်နှင့်၊ ဂရူးဂရူးနှင့် ကျေနပ်သံပြုတတ်သည့် ကြောင်လည်းပါသည်။ ထိုနေ့တွင် ဘုရားသ္ခင်သည် တိရစ္ဆာန်အလုံးစုံကို ဖန်ဆင်းတော်မူခဲ့ပါသည်။ ယင်းညနေနှင့် မနက်သည် ဆဌမနေ့ ဖြစ်ခဲ့ပါသည်။
ဘုရားသ္ခင်သည် ခြောက်ရက်မြောက်နေ့တွင် အလွန်ထူးခြားသော အခြားအရာတစ်ခုကိုလည်းပြု လုပ်ခဲ့သေးသည်။ အရာရာတိုင်းသည် ယခုတွင် လူအတွက် အဆင်သင့်ဖြစ်နေပေပြီ။ ကွင်းပြင်များတွင် စားစရာများနှင့် တိရစ္ဆာန်များကလည်း လူ့အစေကိုခံကြမည်။ ဘုရားသ္ခင်က မိန့်တော်မူသည်မှာ “ငါတို့ ၏ ပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းကြစို့၊ ကမ္ဘာပေါ်ရှိ အရာရာတိုင်းအပေါ်တွင် သူကသခင်ဖြစ်ရမည်”ထိုကြောင့် ဘုရားသ္ခင်သည် ကိုယ်တော့်ပုံသဏ္ဌာန်တော်နှင့်အညီ လူကိုဖန်ဆင်းတော်မူခဲ့ပေ၏၊ ဘုရားသ္ခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ သူ့ကို ဖန်ဆင်းခဲ့. . .
ဘုရားသ္ခင်သည် အာဒံကိုမိန့်တော်မူခဲ့သည်။ “ဥယျာဥ်ထဲမှ သင်ကြိုက်တဲ့အသီးကိုစားပါ။ ဒါပေ မယ့် ကောင်း၊မကောင်း သိကျွမ်းရာအပင်က အသီးကိုတော့ မစားရ။ ထိုအပင်မှ အသီးကို သင်စားခဲ့ရင် သင်အမှန် သေရလိမ့်မယ်။”
ပြီးနောက် ဘုရားသ္ခင်က မိန့်တော်မူခဲ့သည်မှာ “ယောက်ျားသည် တစ်ယောက်တည်းမနေကောင်း၊ ငါသည်သူ့အတွက် အထောက်အမကို ဖန်ဆင်းဦးမည်။” ဘုရားသ္ခင်သည် ငှက်များနှင့် သားရဲတိရစ္ဆာန် များကို အာဒံထံ ခေါ်ဆောင်လာခဲ့၏။အာဒံသည် သူတို့အားလုံးကို နာမည်ပေးလေ၏။ သူသည် နာမည် ပေး ကျွမ်းကျင်သူဖြစ်ရာ၏။ သို့သော် ငှက်များနှင့် သားရဲများထဲတွင် အာဒံအတွက် သင့်လျော်သော အ ဖေါ်မရှိပေ။
ဘုရားသ္ခင်သည် အာဒံကို ကြီးသောအိပ်စက်ခြင်းဖြင့် အိပ်စက်စေတော်မူ၏။ အိပ်ပျော်နေသော လူယောက်ျားအာဒံ၏ နံရိုးတစ်ချောင်းကိုယူ၍ လူမိန်းမကို ဘုရားသ္ခင်က ဖွဲ့စည်းခဲ့၏။ ဘုရားသ္ခင်ဖန် ဆင်းသော လူမိန်းမသည် အာဒံ၏ အဖေါ်အဖြစ် တိကျစွာ ကိုက်ညီခဲ့၏။
ဘုရားသ္ခင်သည် အရာရာကို ခြောက်ရက်အတွင်းတွင် ဖန်ဆင်းတော်မူခဲ့၏။ ထို့နောက် ဘုရားသ္ခင် သည် ခုနှစ်ရက်မြောက်နေ့ကိုကောင်းကြီးပေးပြီး အနားယူရမည့်နေ့အဖြစ် သတ်မှတ်တော်မူခဲ့၏။ ဧဒင်ဥ ယျာဥ်ထဲတွင် အာဒံနှင့် သူ့ဇနီးဧ၀တို့သည် ဘုရားသ္ခင်ကို နာခံခြင်းဖြင့် ပြည့်စုံသော ပျော်ရွှင်မှုကို ရရှိခဲ့ ကြ၏။ ဘုရားသ္ခင်သည် သူတို့၏သ္ခင်၊ သူတို့ကိုထောက်ပံ့သူနှင့် သူတို့၏ မိတ်ဆွေဖြစ်တော်မူခဲ့ပေသည်။
ပြီး၏
Scripture
About this Plan

ဘယ်လိုလူအပေါင်းတို့ကိုစတင်ခဲ့တာလဲ ကျနော်တို့အဘယ်အရပ်ကလာသနည်း အဘယ်ကြောင့်ဤမျှလောက်ဒုက္ခကမ္ဘာပေါ်မှာရှိသလော မည်သည့်မျှော်လင့်ချက်ရှိပါသလော ဘဝသေသောနောက်ရှိပါသလား? သငျသညျကမ်ဘာ၏ဤစကားမှန်သမိုင်းကိုဖတ်ပြီးအဖြစ်အဖြေကိုရှာပါ။
More
Related Plans

Close Enough to Change: Experiencing the Transformative Power of Jesus

Hebrews Part 1: Shallow Christianity

Parties - Empowered to Go!

God's Waiting Room

I'm Just a Guy: Who's Angry

Seeds of Justice: Devotions From a Legacy of Faith and Justice

Christian Foundations 10 - Beliefs Part 2

Acts 21:1-16 | Preparing for Death

Called Out: Living the Mission
