ကလေးများအတွက် သမ္မာကျမ်းSample

ရှေးအခါက ဘုရားသ္ခင်သည် ကောင်းကင်တမန် ဂါဗြေလကို ဂျူးအပျိုကညာ မာရိထံသို့ စေလွှတ်ခဲ့၏။ သူ သည်သူမကိုပြောခဲ့သည်မှာ “သင်သည်ကလေးတစ်ယောက်ရလာပြီး သူကိုယေရှုဟု မှည့်ခေါ်ရမည်။ သူသည် အမြင့် ဆုံးသောဘုရားသ္ခင်၏ သားတော်ဟု ခေါ်ခြင်းကိုခံရလိမ့်မည်။ သူသည်ထာ၀ရ စိုးစံရလိမ့်မည်။”
“ဒါဘယ်လိုဖြစ်နိုင်မှာလဲ? ကျွန်မသည်မည်သည့်အမျိုးသားနှင့်မှ မထိတွေ့ဖူးပါ။” အံ့သြနေသောမိန်းကလေး က ပြန်မေးခဲ့၏။“ကောင်းကင်တမန်က ထိုကလေးသည် ဘုရားသ္ခင်ထံတော်မှလာသူဖြစ်ကြောင်း လူယောက်ျားအ ဖေမှ ဖြစ်လာသူမဟုတ်ကြောင်း ပြောပြခဲ့၏။
ထိုနောက် ကောင်းကင်တမန်သည် မေရိ၏ ၀မ်းကွဲအစ်မ အဲလိဇဗက်မှာ အသက်ကြီးမှ ကလေးရနေသည့် အကြောင်းကို ပြောပြခဲ့၏။ ယင်းသည် အံ့ဖွယ်နိမိတ်တစ်ခုပင်။ မကြာမီမာရိသည် အဲလိဇဗက်ထံ အလည်သွားခဲ့ ၏။ သူတို့သည် ဘုရားသ္ခင်၏ ကျေးဇူးတော်ကို အတူတကွ ချီးမွမ်းကြ၏။
မာရိသည် ယောသပ်ဟူသော အမျိုးသားနှင့် လက်ထပ်ရန် စေ့စပ်ထား၏။ ယောသပ်သည် မာရိ၌ ကိုယ်၀န် ရှိနေသည်ကို ကြားရသောအခါ ၀မ်းနည်း၏။ သူထင်သည်မှာ အခြားသော ယောက်ျားတစ်ယောက်က၊ ကလေးအဖေ ဖြစ်မည်ဟု ဖြစ်၏။
အိမ်မက်ထဲတွင် ဘုရားသ္ခင်၏ ကောင်းကင်တမန်သည် ယောသပ်အား ထိုကလေးသည် ဘုရားသ္ခင်၏သား ဖြစ်သည့်အကြာင်းကို ပြောပြခဲ့၏။ ယောသပ်သည်ယေရှုကိုစောင့်ရှောက်သည့် မာရိကို ကူညီရန် ဖြစ်သည်။
ယောသပ်သည် ဘုရားသ္ခင်ကို ယုံကြည်၊ နာခံသူဖြစ်၏။ သူသည် တိုင်းပြည်၏ ဥပဒေများကိုလည်း လိုက်နာ သူဖြစ်၏။ ဥပဒေအသစ်ကြောင့် သူနှင့် မာရိတို့သည် သူတို့၏ ဇာတိမြေသို့ အခွန်ဆောင်ရန် ပြန်ခဲ့ကြရ၏။
မာရိသည် ကလေးကို မွေးဖွားရန် အချိန်ရောက်နေပေသည်။ သို့သော် ယောသပ်သည် တည်းရန် အခန်းမရ သေး။ တည်းခိုအိမ်များမှာ အားလုံးပြည့်နေ၏။
ယောသပ်သည် နောက်ဆုံးတွင် နွားတင်းကုပ်တစ်ခုကို တွေ့ခဲ့သည်။ ထိုနေရာတွင် ယေရှုကလေးသည် မွေးဖွားခြင်းကိုခံယူခဲ့သည်။ သူအမေက သူ့ကို နွားစာထည့်သော နွားစားခွက်ထဲတွင် သိပ်ထား၏။
အနီးအနားတွင် သိုးထိန်းများသည် သိုးအုပ်များကို ကျောင်းလျက်ရှိ၏။ ဘုရားသ္ခင်၏ ကောင်းကင်တမန် သည် ပေါ်လာကာ အံ့သြဖွယ်သတင်းကို ပြောကြားခဲ့၏။ “ဤနေ့တွင် ဒါ၀ိတ်၏ မြို့တော်၌ ကယ်တင်ရှင် သ္ခင်ယေရှုသည် သင့်အတွက် ဖွားမြင်ခြင်းကိုခံတော်မူပြီ၊ သင်တို့သည်နွားစားခွက်၌ သိပ်ထားသော သူငယ်ကို တွေ့ကြလိမ့်မည်။”
ုတ်တရက် တောက်ပသော ကောင်းကင်တမန်များတို့သည် ပေါ်လာကာ ဘုရားသ္ခင်ကို ချီးမွမ်းကြပြီး၊“အမြင့်ဆုံးသော ဘုရားသ္ခင်သည် ဘုန်းကြီးတော်မူပါစေ၊ မြေကြီးပေါ်တွင် ငြိမ်သက်ခြင်းရှိပါစေ၊ လူတို့အပေါ်မင်္ဂလာသက်ရောက်ပါစေ။” ဟု ပြောဆိုကြ၏။
သိုးထိန်းတို့သည် နွားတင်းကုပ်သို့ အလျှင်အမြန်သွားခဲ့ကြ၏။ သူငယ်တော်ကို တွေ့ပြီးနောက် သူတို့သည် ကောင်းကင်တမန်များကပြောခဲ့သောယေရှုအကြောင်း ကို လူတိုင်းကို ပြောပြကြ၏။
ရက်ပေါင်း လေးဆယ်လွန်ပြီးနောက် ယောသပ်နှင့် မာရိတို့သည် ယေရှုကို ယေရုရှလင်မြို့၊ ဗိမ္မာန်တော်သို့ ဆောင်ခဲ့ကြ၏။ ရှိ မုန်ဟုခေါ်သောလူတစ်ဦးသည် သူငယ်တော်ကိုမြင်၍ ဘုရားသ္ခင်ကို ချီးမွမ်းလေ၏။ ဘုရားသ္ခင် ၏ အစေခံဖြစ်သော အဖိုးအန္န ဆိုသူကလည်း ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ထိုနှစ်ဦးတို့သည် ယေရှုက ဘုရားသ္ခင်၏ သားတော်၊ ကတိတော်ထားခဲ့သော ကယ်တင်ရှင် ဖြစ်ကြောင်းကို သိကြ၏။ ယောသပ်သည် ငှက်နှစ်ကောင်ကို ပူဇော်ခဲ့၏။ ဤကား အသစ်မွေးဖွားလာသော ကလေးကို ဘုရားသ္ခင် အား ဆက်သရာတွင်ဆင်းရဲသောလူတို့အတွက် ဘုရားသ္ခင်၏ ပညတ်တော်အတိုင်း ပူဇော်သောယဇ်ပင်ဖြစ်၏။
အချိန်အတန်ကြာပြီးနောက် အထူးကြယ်ကြီးတစ်လုံးသည် အရှေ့ပြည်မှ ပညာရှိများကို ယေရုရှလင်မြို့သို့ လမ်းပြခဲ့သည်။ “ဂျူးတို့၏ မင်းအဖြစ် မွေးဖွားလာသူသည် အဘယ်မှာနည်း?” သူတို့မေးခဲ့ကြ၏။ “ငါတို့ သူ့ကို ၀တ်ပြုချင်လို့ပါ။”
ဟေရုတ်မင်းသည် ထိုပညာရှိများအကြောင်းကို ကြားခဲ့၏။ စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် သူတို့ကို ယေရှု ကို တွေ့ခဲ့လျှင် သူ့ကို ပြန်ပြောပြရန် တောင်းဆိုခဲ့၏။ “ငါလည်း သူ့ကို ကိုးကွယ်ချင်တယ်” ဟေရုတ်ကဆို၏။ အမှန် တွင် သူ လိမ်နေခြင်းဖြစ်၏။ ဟေရုတ်သည် ယေရှုကို သတ်ချင်ခဲ့၏။
ကြယ်ကြီးသည် မေရီနှင့်ဂျိုးဇက်တို့ သူငယ်တော်နှင့် အတူရှိနေသော အိမ်သို့ တိကျစွာ လမ်းညွှန်ပြခဲ့၏။ ထိုခရီးသွားတို့သည် ယေရှုကို ဒူးထောက်၀တ်ပြုကာ ရွှေနှင့် အဖိုးတန်ရေမွေးတို့ကိုလက်ဆောင်ပေးခဲ့ကြ၏။
ဘုရားသ္ခင်သည် ပညာရှိတို့အား မိမိအိမ်သို့ တိတ်တဆိတ်ပြန်ရန် သတိပေးခဲ့၏။ ဟေရုတ်သည် အလွန်စိတ် ဆိုးခဲ့၏။ ယုတ်မာသောမင်းသည် ယေရှုကို နှိပ်ကွပ်ရန် စိတ်ဆုံးဖြတ်ခဲ့ကာ ဗက်လင်ရှိ ယောက်ျားကလေးငယ်များ ကို သတ်ဖြတ်ခဲ့၏။
ထိုသော် ဟေရုတ်သည် ဘုရားသ္ခင်၏ သားတော်ကို အန္တရာယ်မပြုနိုင်ခဲ့ပေ! ယောသပ်သည် အိပ်မက်တွင် သတိပေးခံရကာ မာရိနှင့် ယေရှုကို အီဂျစ်ပြည်သို့ လုံခြုံစွာဖြင့် ခေါ်ဆောင်သွားနိုင်ခဲ့၏။
ဟေရုတ်ကွယ်လွန်ပြီးနောက် ယောသပ်သည် မာရိနှင့်ယေရှုကို အီဂျစ်ပြည်မှ ပြန်ခေါ်ဆောင်လာခဲ့၏။ သူတို့ သည် ဂါလိလဲပင်လယ်အနီးရှိ နာဇရက်မြို့ငယ်တွင် နေထိုင်ခဲ့ကြ၏။
ပြီး၏
Scripture
About this Plan

ဘယ်လိုလူအပေါင်းတို့ကိုစတင်ခဲ့တာလဲ ကျနော်တို့အဘယ်အရပ်ကလာသနည်း အဘယ်ကြောင့်ဤမျှလောက်ဒုက္ခကမ္ဘာပေါ်မှာရှိသလော မည်သည့်မျှော်လင့်ချက်ရှိပါသလော ဘဝသေသောနောက်ရှိပါသလား? သငျသညျကမ်ဘာ၏ဤစကားမှန်သမိုင်းကိုဖတ်ပြီးအဖြစ်အဖြေကိုရှာပါ။
More
Related Plans

Prayer Altars: Embracing the Priestly Call to Prayer

Faith-Driven Impact Investor: What the Bible Says

Walk With God: 3 Days of Pilgrimage

YES!!!

Psalms of Lament

Moses: A Journey of Faith and Freedom

The Way of the Wise

Horizon Church August Bible Reading Plan: Prayer & Fasting

Journey Through Genesis 12-50
