ကလေးများအတွက် သမ္မာကျမ်းSample

ယေရှုသည် မြေကမ္ဘာ၌နေစဥ်က တပည့်တော်များကို ကောင်းကင်ဘုံအကြောင်းကို ပြောပြခဲ့၏။ ကိုယ်တော်က ယင်းကို အိမ်ခန်းများစွာရှိသော ငါ့အဖ၏ အိမ်တော်ဟုဆိုခဲ့၏။ အိမ်ခန်းက ကြီးမားပြီး လှပ၏။ ကောင်းကင်ဘုံအိမ်ဟူသည် မြေကမ္ဘာရှိအိမ်များထက် သာ၍ လှပခမ်းနားမှုရှိ၏။
ယေရှုက မိန့်ခဲ့၏၊ “ငါသွား၍ သင်တို့အတွက် နေရာပြင်ဆင်ရမည်။ ငါသည် သင်တို့အတွက် သွား၍ နေစရာပြင်ဆင်ရမည်ဆိုလျှင် ငါသည် တဖန်ကြွလာ၍ သင်တို့ကိုငါ့ထံ သိမ်းဆည်းမည်။” ယေရှုသည် သေခြင်းမှပြန်ရှင်ပြီးနောက်တွင် ကောင်းကင်ဘုံသို့ပြန်ကြွတော်မူခဲ့၏။ တပည့်တော်များ ရှေ့တွင် ယေရှုသည် အထက်သို့ ဆောင်ယူခြင်းကိုခံယူတော်မူ၏။ မိုးတိမ်သည် ကိုယ်တော့်ကို သူတို့ မျက်ကွယ်သို့ ဆောင်ယူတော်မူ၏။
ထိုနောက် ထိုအချိန်မှစ၍ ခရစ်ယာန်များသည် ယေရှု၏ကတိတော်ဖြစ်သော ကိုယ်တော်ပြန်ကြွ လာကာ ယုံကြည်သူများကို သိမ်းဆည်းမည့် ကတိတော်ကို သတိရကြ၏။ ယေရှုမိန့်တော်မူသည်မှာ သူ့ကို မျှော်လင့်မှု အနည်းဆုံးအချိန်တွင်မှ ရုတ်တရက် သူပြန်ကြွလာမည်။ သို့သော် ကိုယ်တော်ပြန်၍ မကြွလာမီ သေခဲ့သော ခရစ်ယာန်များအတွက်ရော အဘယ်နည်း? သမ္မာကျမ်းကဆိုသည်မှာ သူတို့သည် ယေရှုထံတော်၌ ရှင်းလင်းစွာ ရောက်ရှိကြလိမ့်မည်။ ခန္ဓာမှ ခွဲခွါရခြင်း (သေခြင်း) သည် ကိုယ်တော့်ထံ မှောက်တွင် ရောက်ရှိနေခြင်းပင် ဖြစ်၏။
ဗျာဒိတ်ကျမ်း၊ သမ္မာကျမ်း၏နောက်ဆုံးစာစောင်တွင် အလွန်အံ့ဖွယ်ကောင်းသော ကောင်းကင်ဘုံ အကြောင်းကို ပြောပြထား၏။ အံ့ဖွယ်အကောင်းဆုံးမှာ ဘုရားသ္ခင်၏ ကောင်းကင်အိမ်တော်ကို အထူး နည်းဖြင့် များစွာဖေါ်ပြထား၏။ ဘုရားသ္ခင်သည် နေရာတိုင်းတွင်ရှိတော်မူ၏၊ သို့သော် ပလ္လင်တော်က ကောင်းကင်ဘုံ၌သာ ရှိပါ၏။
ကောင်းကင်ဘုံ၌ ကောင်းကင်တမန်များနှင့် အခြားကောင်းကင်သတ္တ၀ါတို့သည် ဘုရားသ္ခင်ကို ၀တ်ပြုကိုးကွယ်ကြ၏။ သေသွားပြီး ကောင်းကင်သို့ရောက်သွားခဲ့ကြသော ဘုရားသ္ခင်၏ လူတို့သည် လည်း ထိုအတူပြုကြ၏။ သူတို့သည် ဘုရားသ္ခင်ကို အထူးတေးများဖြင့် ချီးမွမ်းသီဆိုကြ၏။ ဤတွင် သူတို့သီဆိုကြသော သီချင်းစာသားအချို့ ဖြစ်၏။ ကိုယ်တော်သည် အသေသတ်ခြင်း ကို ခံတော်မူ၍ အသီးသီး ဘာသာစကားကိုပြောသော လူမျိုးခပ်သိမ်းတို့ထဲမှ ကျွန်ုပ်တို့ကိုယူ၍ အသွေးတော်နှင့် ဘုရားသ္ခင်အဖို့ ရွေးနှုတ်တော်မူ၏။ ျွန်ုပ်တို့ကို ဘုရားသ္ခင်ရှေ့တွင် ရှင်ဘုရင် အရာ၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားတော်မူ၏။ (ဗျာဒိတ် ၅း၉)
သမ္မာကျမ်း၏ နောက်ဆုံးစာမျက်နှာများတွင် ကောင်းကင်ဘုံကို “ယေရုရှလင်သစ်” ဟု ဖေါ်ပြ ထား၏။ ထိုမြို့သည် အလွန့်အလွန်ကြီးပြီး မြင့်သောနံရံများဖြင့် အပြင်တွင် ကာရံထား၏။ ဖန်ကဲ့သို့ ကြည်လင်သော နဂါးသွဲ့နံရံဖြစ်၏။ နံရံ၏အုတ်မြစ်ကို လင်းလက်နေသော ရတနာနှင့် အဖိုးတန်ကျောက် မျက်အရောင်စုံဖြင့် ကာရံထား၏။ မြို့တံခါးဂိတ်များကို အလွန်ကြီးမားသော ပုလဲတစ်လုံးစီဖြင့် ပြုလုပ် ထား၏။
ထိုမဟာပုလဲတံခါးများမှာ ပိတ်သည်မရှိ။ သွား၍ အထဲသို့ ၀င်ကြည့်မည်ဆိုလျှင် ... အိုး! ကောင်းကင်ဘုံသည် အထဲတွင် ပို၍လှပ၏။ မြို့တော်ကို ဖန်ကဲ့သို့ကြည်သော ရွှေစင်ဖြင့် ပြု လုပ်ထား၏။ လမ်းများကလည်း ရွှေခင်းထား၏။
ဘုရားသ္ခင်၏ ပလ္လင်တော်မှ စီးဆင်းလာသော အသက်မြစ်ရေသည် ကြည်လင်နေပြီး လှပ၏။ မြစ်ကမ်း တစ်ဖက်တွင် အသက်ပင် ပေါက်နေ၏။ ဧဒင်ဥယျာဥ်ထဲတွင် ရှိခဲ့သော အပင်မျိုးဖြစ်၏။ အ လွန်ထူးခြားသော အပင်ဖြစ်၏။ လစဥ် မတူကွဲပြားသော အသီး ၁၂ မျိုးကို သီးတတ်၏။ အသက်ပင်၏ အရွက်များသည် တိုင်းပြည်များ၏ အနာများကို ငြိမ်းစေရန်အတွက် ဖြစ်၏။
ကောင်းကင်ဘုံတွင် နေရောင်၊ လရောင်ကို မလိုအပ်ပေ။ ဘုရားသ္ခင်၏ကိုယ်ပိုင် ဘုန်းတော် ရောင်ခြည်သည် အံ့ဖွယ်အလင်းကိုပေး၏။ ထိုနေရာတွင် ညဆိုတာလည်း လုံး၀မရှိ။
ကောင်းကင်ဘုံရှိ တိရစ္ဆာန်များမှာလည်း ကွာခြား၏။ သူတို့သည် မိတ်ဆွေအဖြစ်ဖြင့် ယဥ်ပါးနေ ကြ၏။ ၀ံပုလွေနှင့် သိုးတို့သည် မျက်ခင်းပေါ်တွင် အတူ အစာစားနေကြ၏။ အားကြီးသော ခြင်္သေ့ပင် လျှင် နွားကဲ့သို့ မြက်ကို စားနေသည်။ ဘုရားသ္ခင်က မိန့်တော်မူသည်မှာ “ငါ၏သန့်ရှင်းသော တောင် တော်ပေါ်တွင် သူတို့သည် အနာတရ (သို့) ပျက်စီးမှု ဖြစ်ကြလိမ့်မည်မဟုတ်။”
ကျွန်ုပ်တို့၏ ပတ်၀န်းကျင်ကို ကြည့်သောအခါ ကောင်းကင်ဘုံတွင် မရှိသော အရာများကို သတိ ပြုမိ၏။ ဒေါသစကားများကို ဘယ်တော့မှ မကြားကြရ။ ရန်ဖြစ်ခြင်း (သို့) အတ္တရှိခြင်းသည် မည်သူ၌မှ မရှိ။ တံခါးများကိုသော့ခတ်ရန်မလို၊ အကြောင်းမှာ ကောင်းကင်ဘုံတွင် သူခိုးမရှိ၍ဖြစ်၏။ လူလိမ်၊ လူသတ်သမား၊ အောက်လမ်း-မှော်ဆရာ၊ ကောက်ကျစ်ယုတ်မာသူ တစ်ယောက်မှမရှိ။ ကောင်းကင်ဘုံ တွင် အပြစ်နှင့်ဆိုင်သောအရာ တစ်ခုမှ မရှိ။
ကောင်းကင်ဘုံတွင် ဘုရားသ္ခင်နှင့် ရှိနေပြီး မျက်ရည်ကျရန်လည်းမရှိချေ။ တစ်ခါတရံတွင် ဘုရား သ္ခင်၏လူတို့ ငိုကြရသည့်အကြောင်းမှာ ဤဘ၀တွင် တွေ့ခဲ့ရသော အလွန်၀မ်းနည်းဖွယ်ရာများကြောင့် ဖြစ်၏။ ကောင်းကင်ဘုံတွင် ဘုရားသ္ခင်သည် မျက်ရည်အားလုံးကို သုတ်ပေးတော်မူလိမ့်မည်။
ကောင်းကင်ဘုံတွင် သေခြင်းလည်းမရှိတော့။ ဘုရားသ္ခင်၏ လူတို့သည် သ္ခင်နှင့် အတူ ထာ၀ရ ရှိကြလိမ့်မည်။ ထပ်မံ၍ ၀မ်းမနည်းကြရတော့၊ မငိုကြရတော့၊ နာကျင်မှုကို မခံကြရတော့။ ဖျားနာခြင်း မရှိ၊ ခွဲခွါခြင်းလည်း မရှိ၊ အသုဘလည်း မရှိတော့။ကောင်းကင်ဘုံရှိလူတိုင်းသည် ဘုရားသ္ခင်နှင့် ထာ၀ရ ပျော်ရွှင်စွာ နေကြရမည်။
အားလုံးထဲမှ အကောင်းဆုံးမှာ ကောင်းကင်ဘုံသည် ယောက်ျားလေး၊ မိန်းကလေးများအတွက် (နှင့် အရွယ်ရောက်သူများအတွက်လည်း) ဖြစ်သည်။ သူတို့သည် ယေရှုခရစ်ကို သူတို့၏ သ္ခင်အဖြစ် နာခံပြီး ကယ်တင်ရှင်အဖြစ် ယုံကြည်ကြသည်။ ကောင်းကင်ဘုံတွင် အသက်စာစောင်ဟုခေါ်သော စာအုပ်ရှိ၏။ လူတို့၏အမည်များနှင့်ပြည့်နေ ၏။ ထိုစာစောင်တွင် မည်သူတို့၏ အမည်များကို ရေးသားထားပါသနည်း? ထိုသူအားလုံးတို့မှာ ယေရှု ခရစ်ကို ယုံကြည်ကိုးစားခဲ့သောသူများသာဖြစ်၏။ သင့်အမည်သည် ယင်းတွင် ရှိပါသလော?
သမ္မာကျမ်းစာ၏ ကောင်းကင်ဘုံနှင့်ဆိုင်သော အံ့ဖွယ်ဖိတ်ခေါ်မှု နောက်ဆုံးစကားမှာ “၀ိညာဥ် တော်နှင့် သတို့သမီးက ‘လာပါ!’ ဟုဆို၏၊ ‘လာပါ’ ဟုဆိုသောအသံကို ကြားသောသူသည် လာပါစေ။ ရေငတ်သောသူလည်း လာပါစေ။ အလိုရှိသော လူတိုင်းသည်လည်း အသက်ရေကို အခမဲ့ ယူပါစေ။”
ပြီး၏
About this Plan

ဘယ်လိုလူအပေါင်းတို့ကိုစတင်ခဲ့တာလဲ ကျနော်တို့အဘယ်အရပ်ကလာသနည်း အဘယ်ကြောင့်ဤမျှလောက်ဒုက္ခကမ္ဘာပေါ်မှာရှိသလော မည်သည့်မျှော်လင့်ချက်ရှိပါသလော ဘဝသေသောနောက်ရှိပါသလား? သငျသညျကမ်ဘာ၏ဤစကားမှန်သမိုင်းကိုဖတ်ပြီးအဖြစ်အဖြေကိုရှာပါ။
More
Related Plans

Journey Through Philippians and Philemon

Seeing the World With God’s Eyes

Islands, Tides, and the Deep: A Marriage Message From the Sea

In Repair

When You Start a Fast

Psalms 6-10: Your Summer in the Psalms

From Lament to Hope: Wellbeing and Happiness in the Psalms

Pawprints & Prayers: Dog Devotions on Comfort and Compassion

Kids Bible Experience | the Book of Revelation
