သျှင်လုကာ 24
24
အခန်း (၂၄)
ကိုယ်တော်ယေရှု အသက်ပြန်ရင်လာခြင်း
(သျှင်မဿဲ ၂၈:၁-၁၀။ သျှင်မာကု ၁၆:၁-၈။ သျှင်ယောဟန် ၂၀:၁-၁၀)
1ရက်သတ္တပတ်၏ပထမနိန့် ဖြစ်တေ တနင်္ဂနွေနိန့် မိုးထစောစောမာ#24:1 ဂျူးလူမျိုးတိ၏ဥပုသ်နိန့်မာ စနီနိန့်ဖြစ်ပြီးကေ တနင်္ဂနွေနိန့်က ရက်သတ္တပတ်၏ပထမဆုံးရက်ဖြစ်ပါရေ။ မမာ့တိက သူရို့အလိုက်သင့်လုပ်ထားရေ အမွှီးနံ့သာရည်တိကို ယူလို့ သင်္ချိုင်းဂူကို လားကတ်လီရေ။ 2သူရို့က ယင်းနီရာကို ရောက်ရေအခါ သင်္ချိုင်းဂူအပေါက်ဝမာ ပိတ်ထားရေ ကျောက်တုံးကြီးကို တစ်ယောက်ယောက်က အဝီးတစ်နီရာသို့ လိမ့်ပနာ ရွိ့ထားစွာကို တွိ့ရလီရေ။ 3ယေတွက်နန့် သူရို့က သင်္ချိုင်းဂူထဲကို ဝင်ရေအခါ ကိုယ်တော်ယေရှု၏ရုပ်အလောင်းကို မတွိ့ရလိုက်ပါဗျာလ်။ 4သူရို့က ဇာပိုင် ဖြစ်လားရေဆိုစွာကို ခွဲခြမ်းလို့ မရနိုင် ဖြစ်နီရေအချိန်မာ ကောင်းကောင်းဆဆွတ်ဖြူအောင် တောက်ပြောင်နီရေအဝတ်တိကို ဝတ်ထားရေလူနှစ်ယောက်က ဗြုန်းစားကြီး ပေါ်လာပြီးကေ သူရို့၏ဘေးနားမာ ရပ်နီလီရေ။ 5မမာ့တိကလည်း ကောင်းကောင်းကြောက်ဗျာလ် ဂေါင်းငုံ့နီကတ်လို့ ယင်းလူနှစ်ယောက်ကလည်း “သီရေလူတိကိုရာ ထားရေ သင်္ချိုင်းဂူမာ ဇာတွက်နန့် အသက်ပြန်ရင်လားရေလူကို လာရှာနီကတ်စွာလဲ။ 6ကိုယ်တော်က ဒေနီရာမာ မဟိဗျာလ်။ သူက သီရာကနီ အသက်ပြန်ရင် လားပါဗျာလ်။ ဂါလိလဲနယ်မာ သူနန့်တတူ ဟိနီခစိုင်က သင်ရို့ကို သူ ဇာပိုင် မိန့်ကြားခစွာတိကို အတွက်ပေါ်ကတ်ပါ။ 7ကိုယ်တော်က ‘လူ့သားတော်ရေ အပြစ်ဒုစရိုက်သမားတိ လက်ထဲကို အပ်စွာ ခံရပြီးကေ လက်ဝါးကပ်တိုင်ထက်မာတင်လို့သတ်လိမ့်မေ။ ယေကေလည်း သူက သုံးရက်မြောက်တေနိန့်မာ အသက်ပြန်ရင်လာလိမ့်မေ’ လို့ မိန့်တော်မူခရေ မဟုတ်လား” လို့ ပြောလီရေ။ 8ယေခါ ယင်းမမာ့တိက ကိုယ်တော်ယေရှု မိန့်တော်မူခစွာတိကို အတွက်ပေါ်လားကတ်လီရေ။
9သူရို့က သင်္ချိုင်းဂူမှ ပြန်လို့လားဗျာလ် သာဝက ဆယ့်တစ်ပါးနန့် အရာတပည့်အားလုံးကို ဒေအကြောင်းစုံအား ပြောပြကတ်လီရေ။ 10သာဝကတိကို ယင်းအကြောင်းစုံအား ပြောပြရေ မမာ့တိမာ မာဂဒလမြို့သူ မေရိ၊ ယောဟန္န၊ ယာကုပ်၏အမိ မာရိနန့် အရာ ယင်းသူရို့နန့်တတူတူ ဟိနီရေမမာ့တိ ဖြစ်ကတ်ပါရေ။ 11သာဝကရို့က ယင်းမမာ့တိ ပြောရေစကားတိစွာ အဓိပ္ပါယ်မဟိလို့ ထင်ရေအတွက်နန့် သူရို့ကို မယုံကတ်ပါ။ 12ယေကေလည်း ပေတရုက ထဗျာလ် သင်္ချိုင်းဂူကို ဗြီးလို့ လားခလီရေ။ ယင်းနီရာကို သူ ရောက်လားဗျာလ် သင်္ချိုင်းဂူအထဲကို ငုံကြည့်ရေခါ ကိုယ်တော်၏ရုပ်အလောင်းကို ပတ်ထားရေ အဝတ်တိကိုရာ မြင်ရလီရေ။ ယေတွက်နန့် သူက ဇာပိုင် ဖြစ်ပျက်လားစွာကို စဉ်းစားဗျာလ် အိမ်ကို ပြန်လာလတ်ပါရေ။
ကိုယ်တော်နန့် တွိ့သူ တပည့်တော်နှစ်ယောက်
(သျှင်မာကု ၁၆:၁၂-၁၃)
13ယင်းနိန့်ခါပင် ကိုယ်တော်ယေရှု၏တစ်ခြားတပည့်တိထဲက နှစ်ယောက်က ဂျေရုဆလင်မြို့ကနီ ခနစ်မိုင်လောက်ဝီးရေ ဧမောက်ရွာကို လားကတ်လီရေ။ 14သူရို့က ယင်းပိုင်လားနီစိုင် ပြီးခရေရက်အနည်းသျှေက ဖြစ်ပျက်ခရေအကြောင်းနန့်ပတ်သတ်ဗျာလ် အချင်းချင်း ပြောနီကတ်ပါရေ။ 15သူရို့က လမ်းမာ ယင်းပိုင် ပြောဆို ဆွေးနွေးနီရေအခါ ကိုယ်တော်က သူရို့အနားကို လာဗျာလ် သူရို့နန့်အတူတူ လမ်းလျှောက်လို့ ကြွတော်မူပါရေ။ 16ယေကေလည်း ဘုရားသျှင်က သူရို့အား ကိုယ်တော်ကို မှန်းမရစီအောင် လုပ်ထားလီရေ။
17ကိုယ်တော်က သူရို့ကို “သင်ရို့က လမ်းလားယင်းပင် ဇာအကြောင်းတိကို ဆွေးနွေးနီကတ်စွာလဲ” လို့ မိန်းတော်မူရေခါ
သူရို့က တန့်လိုက်ပနာ မျက်နှာတိ နွမ်းလားကတ်ပါရေ။ 18သူရို့နှစ်ယောက်ထဲမာ ကလောဖ နာမေဟိသူက ကိုယ်တော်ကို “သင်က ပြီးခရေရက်အနည်းသျှေက ဖြစ်ပျက်ခရေ အကြောင်းတိကို မသိဘဲနန့် ဂျေရုဆလင်မြို့ကို အလည်လာရေ အာဂန္တုဖြစ်ဖို့” လို့ ပြောလီရေ။
19ကိုယ်တော်ကလည်း “ဇာအကြောင်းတိ ဖြစ်ပျက်ခလဲ” လို့ မိန်းတော်မူရေခါ
ယင်းသူရို့က “နာဇရက်မြို့သား ကိုယ်တော်ယေရှုနန့် ပတ်သတ်တေ အကြောင်းတိ ဖြစ်ပါရေ။ သူက ပရောဖက်တစ်ပါး ဖြစ်ပြီးကေ ဘုရားသျှင်နန့် လူအားလုံးရှိ့မာ သူ၏ဟောပြောသွန်သင်မှုတိနန့် လုပ်ဆောင်မှုတိ အားလုံးက တန်ခိုးအာဏာနန့် ပြည့်စုံခပါရေ။ 20ယေကေလည်း ကျွန်တော်ရို့၏ဂျူးပုရောဟိတ်အကြီးအကဲတိနန့် ဂေါင်းဆောင်တိက သူ့ကို ဖမ်းပနာ သီဒဏ်ပီးဖို့ ရောမအာဏာပိုင်တိလက်ကို အပ်လိုက်ကတ်ပါရေ။ ယင်းအာဏာပိုင်တိက သူ့ကို သီဒဏ်ချပနာ လက်ဝါးကပ်တိုင်ထက်မာတင်လို့သတ်လိုက်ကတ်ပါရေ။ 21ယင်းအသျှင်က ကျွန်တော်ရို့ အစ္စရေးလူမျိုးတိကို ရန်သူတိ လက်မှ လွတ်မြောက်အောင် ကယ်တင်ပီးဖို့ မေရှိယအသျှင်ဖြစ်တေလို့ ကျွန်တော်ရို့ မျှော်လင့် ထားကတ်ပါရေ။ ယေကေလည်း ယင်းအရာတိဖြစ်လားစွာက သုံးရက်လောက်ဟိဗျာလ် ဖြစ်ပါရေ။ 22ယင်းချင့်တောင်မက ကျွန်တော်ရို့ထဲက မမာ့တစ်ချို့က အံ့ဩဖို့ကောင်းရေအရာတိကို ပြောပြခကတ်ပါရေ။ သူရို့ ဒေနိန့်မိုးထစောစောက သင်္ချိုင်းဂူကိုလားရေခါ 23ကိုယ်တော်ယေရှု၏ရုပ်အလောင်းကို မတွိ့ရပါ။ ယေနန့် ယင်းမမာ့တိက ကိုယ်တော်ယေရှု အသက်ပြန်ရင်လားဗျာလ်လို့ ပြောရေ သမ္မာဒေဝနတ်တိကို တွိ့ခရရေလို့ ကျွန်တော်ရို့ဘားကို ပြန်လာဗျာလ် ပြောပြကတ်ပါရေ။ 24ယေတွက်နန့် ကျွန်တော်ရို့ထဲက လူတစ်ချို့ကလည်း သင်္ချိုင်းဂူကို လားကြည့်ရေခါ ယင်းမမာ့တိ ပြောခရေအတိုင်း ကိုယ်တော်ယေရှု၏ရုပ်အလောင်းကို မတွိ့ရပါ” လို့ ပြောကတ်ပါရေ။
25ယေခါ ကိုယ်တော်က သူရို့ကို “သင်ရို့ ဇာအတွက်နန့် နားမလည်နိုင်ကတ်စွာလဲ။ ပရောဖက်တိ၏ဟောကြားချက်တိကို ယုံကြည်ဖို့ ဇာအတွက်နန့် တုန်နှေးတုန်နှေးဖြစ်နီ ကတ်စွာလဲ။ 26မေရှိယက သူ၏ဘုန်းတန်ခိုးတော် မထင်သျှားမိ ဒုက္ခဝေဒနာခံစားရပနာ သီရဖို့လို့ ပရောဖက်တိက ယှင်းယှင်းလင်းလင်း ဟောထားခရေ မဟုတ်လား” လို့ မိန့်တော်မူရေ။ 27ယေပြီးကေ ကိုယ်တော်က မောရှေနန့်ပရောဖက်ရို့ ရီးထားရေ ကျမ်းစာတိက စလို့ အရာကျမ်းစာအားလုံးမာ ရီးထားရေ သူ့အကြောင်းကို ယင်းသူရို့အား ယှင်းပြလီရေ။
28သူရို့ လားနီရေ ရွာအနားကို ရောက်လာရေအခါ ကိုယ်တော်က အဝီးကို ခရီးဆက်လားဖို့ ပုံစံမြင်လို့ 29သူရို့က “နီဝင်ပနာ ကောင်းကောင်း နောက်ကျနီဗျာလ်ဖြစ်လို့ ကျွန်တော်ရို့နန့်တတူ တည်းပါ” လို့ ကိုယ်တော်ကို ဖိတ်ခေါ်လီရေ။ ယေတွက်နန့် ကိုယ်တော်ကလည်း ယင်းသူရို့နန့်တတူ တည်းဖို့ အိမ်ထဲကို ဝင်လီရေ။
30အချိန်တနားသျှေကြာပြီးကေ စားဖို့သောက်ဖို့ စားပွဲမာ ထိုင်လိုက်ပါရေ။ ကိုယ်တော်က ပေါင်မုန့်တစ်ချို့ကို ယူဗျာလ် ဘုရားသျှင်၏ကျေးဇူးကို ချီးမွမ်းပူဇော်လီရေ။ ယေပြီးကေ ပေါင်မုန့်ကို ဖဲ့ပြီးကေ သူရို့ကို ပီးလီရေ။ 31ယင်းအချိန်မာ သူရို့က ကိုယ်တော်ကို ချက်ချင်း မှန်းရလားလီရေ။ ယေကေလည်း ကိုယ်တော်က သူရို့၏အမြင်ကနီ ဗြုန်းကနဲ ပျောက်လားလီရေ။ 32ယင်းခါ သူရို့ကလည်း “လမ်းမာ ကိုယ်တော်ယေရှုက ငါရို့နန့်စကားပြောပနာ ကျမ်းစာတိကို ယှင်းပြနီတုန်း ငါရို့စိတ်ထဲမာ ကောင်းကောင်း စိတ်လှုပ်သျှားဗျာလ် ဝမ်းသာနီရေပိုင် ခံစားခရရေ မဟုတ်လား” လို့ အချင်းချင်း ပြောကတ်လီရေ။
33ယေပြီးကေ သူရို့ကလည်း ချက်ချင်း ထဗျာလ် ဂျေရုဆလင်မြို့ကို ပြန်လာရေခါ သာဝက ဆယ့်တစ်ပါးနန့် တစ်ခြားတပည့်တော်တိ စုလို့ ဟိနီစွာကို တွိ့ရလီရေ။ 34ယင်း စုလို့ဟိနီရေ လူတိက “အသျှင်ရေ သီရာကနီ အသက်ပြန်ရင်လာပြီးကေ ရှိမုန်ကို ထင်ထင်သျှားသျှား ကိုယ်ထင်ပြခစွာက အမှန်ပင်ဖြစ်ပါရေ” လို့ ပြောပြကတ်လီရေ။ 35ယေတွက်နန့် ဧမောက်ကျေးရွာက လူနှစ်ယောက်ရို့ကလည်း လမ်းမာ ခရီးလားနီစိုင် ကိုယ်တော်ယေရှုက သူရို့ကို ဇာပိုင် ကိုယ်ထင်ပြခရေအကြောင်းနန့် ပေါင်မုန့်ကို ဖဲ့နီတုန်း ကိုယ်တော်ယေရှုကို ဇာပိုင် မှတ်မိလားကြောင်း ပြောပြကတ်လီရေ။
ခရစ်တော်က တပည့်တော်တိကို ကိုယ်ထင်ပြခြင်း
(သျှင်မဿဲ ၂၈:၁၆-၂၀။ သျှင်မာကု ၁၆:၁၄-၁၈။ သျှင်ယောဟန် ၂၀:၁၉-၂၃)
36တပည့်တော်တိက ယင်းအဖြစ်ပျက်တိကို ပြောနီစိုင်မာပင် ကိုယ်တော်က ဗြုန်းကနဲ့ သူရို့တိအလယ်ကောင်မာ ပေါ်လာပနာ ရပ်ဗျာလ် “သင်ရို့ဘားမာ အီးချမ်းမှု ဟိပါစီ” လို့ မိန့်တော်မူရေ။
37ယေကေလည်း သူရို့က ကိုယ်တော့်အား တစ္ဆေကို မြင်နီရရေလို့ ထင်ကတ်ပနာ အံ့ဩဗျာလ် ကြောက်လားကတ်လီရေ။ 38ကိုယ်တော်က “သင်ရို့ ဇာအတွက်နန့် လန့်ဖြန့်ဗျာလ် ကြောက်နီကတ်လဲ။ ဇာတွက်နန့် စိတ်ထဲမာ သံသယ ဝင်နီကတ်စွာလဲ။ 39ငါ့လက်တိ၊ ခြီထောက်တိကို ကြည့်ကတ်ပါ။ အမှန်တကယ် ငါ ဖြစ်တေ။ ငါ့ကို တို့ကြည့်ကတ်ပါ။ ဇာတွက်နန့်ဆိုကေ တစ္ဆေမာ အရိုးတိ အသားတိ မဟိ။ ငါ့မာရာ သင်ရို့ မြင်ရရေအတိုင်း အသားတိ၊ အရိုးတိ ဟိရေ” လို့ မိန့်တော်မူရေ။
40ကိုယ်တော်က ယင်းပိုင်ပြောပြီးကေ သူရို့ကို သူ၏လက်နန့် ခြီထောက်တိက အမာရွတ်တိကို ပြလိုက်ပါရေ။ 41တပည့်တော်ရို့ကလည်း မယုံကြည်နိုင်အောင်ပင် အံ့ဩဗျာလ် ကောင်းကောင်း ဝမ်းသာနီကတ်ပါရေ။ ကိုယ်တော်က သူရို့ကို “ဒေနီရာမာ စားဖို့စွာ တစ်ခုခုဟိကတ်လာ” လို့ မိန်းတော်မူရေ။ 42ယေခါ သူရို့က ငါးကင်တစ်ပိုင်းကို ပီးလိုက်လီရေ။ 43ကိုယ်တော်ကလည်း ယူပနာ သူရို့ရှိ့မာပင် စားတော်ပါမူရေ။
44ယေပြီးကေ ကိုယ်တော်က “ငါ သင်ရို့နန့်အတူတူဟိနီစိုင် မောရှေပညတ်ကျမ်း၊ ပရောဖက်ရို့၏ကျမ်းတိနန့် ဆာလံကျမ်းမာ ရီးထားရေ ငါနန့်ပတ်သတ်တေ အကြောင်းအရာအားလုံးက ပြည့်စုံမှန်ကန်လာလိမ့်မေလို့ သင်ရို့ကို ငါ ပြောခရေ” လို့ မိန့်တော်မူပါရေ။
45ယေပြီးကေ ကိုယ်တော်က သူရို့ ကျမ်းစာကို နားလည်စီဖို့ ယှင်းပြတော် မူပါရေ။ 46ကိုယ်တော်က သူရို့ကို “ကျမ်းစာတိမာ မေရှိယက ဆင်းရဲဒုက္ခဝေဒနာတိကို ခံစားရပနာ သုံးရက်မြောက်တေနိန့်မာ သီရာကနီ အသက်ပြန်ရင်လိမ့်မေ။ 47မေရှိယကို ယုံကြည်ရေလူတိက ဂျေရုဆလင်မှစလို့ ကမ္ဘာပေါ်မာဟိရေ လူမျိုးတိုင်းဘားကို လားဗျာလ် ဘုရားသျှင် ခွင့်ရွှတ်စွာကို ရဖို့အတွက် သူရို့၏အပြစ်ဒုစရိုက်တိမှ နောင်တသံဝေဂရဖို့ ဟောပြောကတ်ရလိမ့်မေလို့ ရီးသားထားပါရေ။ 48သင်ရို့က ဒေအဖြစ်ပျက်တိ၏အမြင်သက်သီတိ ဖြစ်ကတ်ပါရေ။ 49ငါက ငါ၏ဖခမည်းတော် ပီးထားရေ ကတိအတိုင်း သင်ရို့ဘားကို ဉာဏ်အလင်းတော်ကို စီလွှတ်မေ။ ယေကေလည်း ဉာဏ်အလင်းတော်က ရွှီမြို့တော်မှ လာဗျာလ် သင်ရို့ကို တန်ခိုးတော်ပီးအပ်ရေအချိန်အထိ ဂျေရုဆလင်မြို့မာရာ စောင့်နီကတ်ပါ” လို့ မိန့်တော်မူရေ။
ရွှီမြို့တော်ကို ကြွမြန်းတော်မူခြင်း
(သျှင်မာကု ၁၆:၁၉-၂၀)
50ယေပြီးကေ ကိုယ်တော်က တပည့်တော်တိကို ခေါ်လို့ မြို့ပြင်ကို ထွက်ဗျာလ် ဗေသနိရွာအနားကို ကြွတော်မူရေ။ ယေတွက်နန့် ယင်းနီရာကို ရောက်တေခါ ကိုယ်တော်က တပည့်တော် အားလုံးအတွက် လက်ကို မြှောက်ပနာ ကောင်းချီးမင်္ဂလာရအောင် ဆုတောင်းပီးတော်မူပါရေ။ 51ယင်းပိုင် ကောင်းချီးမင်္ဂလာပီးနီစိုင် ကိုယ်တော်ယေရှုက သူရို့ကို ထားပြီးကေ ရွှီမြို့တော်ကို ကြွမြန်းတော်မူလီရေ။ 52တပည့်တော်ရို့က ကိုယ်တော်ယေရှုကို ဒူးထောက်ရှိခိုးပြီးကေ ကောင်းကောင်း ဝမ်းမြောက်ဝမ်းသာနန့် ဂျေရုဆလင်မြို့ကို ပြန်လားကတ်လီရေ။ 53ယေပြီးကေ သူရို့က ဗိမာန်တော်ဝင်းကို ပုံမှန်အတိုင်းလားဗျာလ် ဘုရားသျှင်၏ကျေးဇူးတော်ကို ချီးမွမ်းပူဇော်နီကတ်လီရေ။
ទើបបានជ្រើសរើសហើយ៖
သျှင်လုကာ 24: RKINR
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Sittwe (မြောက်ပိုင်း ရခိုင်) Bible by Beyond Translation is licensed under Creative Commons Attribution-ShareAlike 4.0 License.