သျှင်လုကာ 21
21
အခန်း (၂၁)
မုဆိုးမ၏အလှူ
(သျှင်မာကု ၁၂:၄၁-၄၄)
1ယေပြီးကေ ကိုယ်တော်ယေရှုနန့် တပည့်တော်တိက ဗိမာန်တော်ခြံဝင်းထဲမာ ဟိနီစိုင် ကိုယ်တော်က သိုင်းဝိုင်းလို့ ကြည့်လိုက်ရေခါ ချမ်းသာရေလူတိက ဗိမာန်တော်ထဲဟိ အလှူခံသေတ္တာထဲမာ သူရို့၏အလှူဒင်္ဂါးတိ ထည့်နီစွာကို မြင်တော်မူလီရေ။ 2ယေပြီးကေ ဆင်းရဲရေ မုဆိုးမ တစ်ယောက်က တန်ဖိုးအနည်းဆုံးဖြစ်တေ ကြွီးဒင်္ဂါးနှစ်ပြားကို အလှူခံသေတ္တာထဲမာ ထည့်နီစွာကို မြင်တော်မူရေ။ 3ယေခါ ကိုယ်တော်က “သင်ရို့ကို ငါ အမှန်ပြောမေ။ ဒေဆင်းရဲရေ မုဆိုးမက အရာလူတိအများကြီးထက် ပိုလို့ လှူဒါန်းလိုက်စွာ ဖြစ်တေ။ 4ဇာတွက်နန့်ဆိုကေ ယင်းချမ်းသာသူအားလုံးက သူရို့၏ပစ္စည်းဥစ္စာထဲက အနည်းသျှေကိုရာ လှူဒါန်းစွာဖြစ်တေ။ ယေကေလည်း ဒေမုဆိုးမက ဆင်းရဲကေလည်း သူမအသက်ရင်နီထိုင်ဖို့အတွက် လိုအပ်ရေ ဒင်္ဂါးအားလုံးကို လှူဒါန်းလိုက်စွာ ဖြစ်တေ” လို့ မိန့်တော်မူပါရေ။
ဗိမာန်တော်ပျက်စီးဖို့အကြောင်းကို ကြိုတင်လို့မိန့်တော်မူခြင်း
(သျှင်မဿဲ ၂၄:၁-၂။ သျှင်မာကု ၁၃:၁-၂)
5ယေပြီးကေ ကိုယ်တော်ယေရှု၏တပည့်တော်တစ်ချို့က လူတိ ဘုရားသျှင်ကို ကောင်းကောင်းလှရေကျောက်တုံးတိနန့်တတူ လှူထားရေပစ္စည်းတိနန့် ဗိမာန်တော်က တင့်တယ်နီစွာကို ပြောနီကတ်ပါရေ။ 6ကိုယ်တော်က “သင်ရို့မြင်နီရရေ အရာတိအားလုံးက ကျောက်ခဲတစ်ခဲတောင်မှ နဂိုနီရာမာ တင်လို့ မကျန်အောင်အထိ အားလုံး အဖြိုခံရဖို့အချိန် ရောက်လာလိမ့်မေ” လို့ မိန့်တော်မူရေ။
တွိ့ကြုံကတ်ရဖို့ အခက်အခဲကြီးတိ
(သျှင်မဿဲ ၂၄:၃-၁၄။ သျှင်မာကု ၁၃:၃-၁၃)
7ယေတွက်နန့် သူရို့က ကိုယ်တော်ကို “ဆရာ၊ ယင်းအရာတိက ဇာအချိန်မာ ဖြစ်လာဖို့လဲ။ ယင်းအရာတိ ဖြစ်လာဖို့အချိန်မာ ဇာပိုင်မျိုး နိမိတ်လက္ခဏာတိ ပေါ်လာပါဖို့လဲ” လို့ လျှောက်ထားကတ်လီရေ။
8ကိုယ်တော်က “သင်ရို့ လှည့်စားစွာကို မခံရစီဖို့ သတိထားကတ်ပါ။ ဇာတွက်နန့်ဆိုကေ လူအများရို့က ငါ၏နာမကို သုံးဗျာလ် ‘ငါက မေရှိယဖြစ်တေ’ နန့် ‘အချိန် ကျလာဗျာလ်’ ဆိုပနာ ပြောလာကတ်ဖို့အတွက်နန့် ဖြစ်တေ။ ယေကေလည်း သူရို့ကို မယုံကတ်ကေ့။ 9သင်ရို့က စစ်ပွဲတိနန့် ပုန်ကန်တော်လှန်နီရေသတင်းတိ ကြားရကေလည်း မကြောက်ကတ်ကေ့။ ဇာတွက်နန့်ဆိုကေ ယင်းချင့်တိက အယင်ဖြစ်လာဖို့စွာ ဖြစ်တေ။ ယေကေလည်း ကမ္ဘာကြီး၏အဆုံးသတ်က ချက်ချင်း ရောက်ဟိလာဖို့ မဟုတ်သိပါ” လို့ မိန့်တော်မူလီရေ။
10ကိုယ်တော်က ဆက်ပြီးကေ “လူမျိုးတစ်မျိုးနန့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနန့်တစ်နိုင်ငံ စစ်ဖြစ်ကတ်လိမ့်မေ။ 11နီရာအများအပြားမာလည်း ပြင်းထန်ရေ မြီငလျင်လှုပ်ခြင်း၊ ငတ်မွတ် ခေါင်းပါးခြင်းနန့် ရောဂါကပ်ဆိုက်ခြင်းတိ ဖြစ်လာကတ်လိမ့်မေ။ အာကာမာ ထူးဆန်းပနာ ကြောက်ဖို့ကောင်းရေ နိမိတ်လက္ခဏာတိ ပေါ်လာလိမ့်မေ။
12ယေကေလည်း ဒေအဖြစ်မျိုးတိမဖြစ်ခင်မာ လူတိက သင်ရို့ကို ငါ၏တပည့်တော်တိ ဖြစ်တေအတွက်နန့် ဖမ်းဆီးနှိပ်စက်ကတ်လိမ့်မေ။ ဓမ္မာရုံတိမာလည်း စစ်ဆီးပနာ ထောင်ထဲမာ အချုပ်ချကတ်လိမ့်မေ။ သျှင်ဘုရင်တိနန့် အုပ်ချုပ်သူတိ၏ရှိ့ကို ခေါ်ဗျာလ် စစ်ဆီးစွာကိုလည်း ခံရလိမ့်မေ။ 13ယေကေလည်း ယင်းချင့်တိက မင်္ဂလာသတင်းကောင်းကို ဟောပြောဖို့ သင်ရို့၏အခွင့်အရီး ဖြစ်လာလိမ့်မေ။ 14ယေကေလည်း သင်ရို့ ကိုယ့်ကိုယ်ကို ဇာပိုင် ကာကွယ်ဗျာလ် ပြောရဖို့ဆိုစွာကို မစိုးရိမ်ကတ်ပါကေ့။ 15ဇာအတွက်နန့်ဆိုကေ သင်ရို့၏ရန်သူ တစ်ဦးတစ်ယောက်လေ့ လန့်ဆန်မလုပ်နိုင်အောင် နှုတ်အစွမ်းနန့် ဉာဏ်ပညာကို သင်ရို့ကို ငါ ပီးမေ။ 16သင်ရို့၏မိဖ၊ ညီအစ်ကို၊ ဆွီမျိုး၊ သူငယ်ချင်းတိတောင်မှ သင်ရို့ကို အာဏာပိုင်တိလက်ထဲကို အပ်ကတ်လိမ့်မေ။ သူရို့ကလည်း သင်ရို့ထဲက တစ်ချို့ကို သတ်ပစ်ကတ်လိမ့်မေ။ 17သင်ရို့က ငါ၏တပည့်တော်တိ ဖြစ်ရေအတွက်နန့် လူတိုင်းက သင်ရို့ကို မုန်းကတ်လိမ့်မေ။ 18ယေကေလည်း သင်ရို့၏ဂေါင်းထက်က ဆံပင်တစ်ပင်တောင် ဖျက်ဆီးခံရဖို့ မဟုတ်ပါ။ 19ခိုင်မာရေယုံကြည်ချက်နန့် ငါ့ကို သစ္စာဟိကေ ဘုရားသျှင်က သင်ရို့ကို နိစ္စထာဝရအသက်ကို ပီးလိမ့်မေ” လို့ မိန့်တော်မူလီရေ။
ဂျေရုဆလင်မြို့ ဖျက်ဆီးခံရဖို့ အကြောင်းမိန့်တော်မူခြင်း
(သျှင်မဿဲ ၂၄:၁၅-၂၁။ သျှင်မာကု ၁၃:၁၄-၁၉)
20ကိုယ်တော်က ဆက်ပြီးကေ “ဂျေရုဆလင်မြို့ကို စစ်တပ်တိ ဝိုင်းထားကတ်စွာကို မြင်ရရေအခါ ယင်းမြို့က ကောင်းမကြာ ပျက်စီးရဖို့ဗျာလ် ဆိုစွာကို သိထားကတ်ပါ။ 21ယင်းအချိန်ကို ရောက်ရေခါမာ ယုဒပြည်မာဟိသူတိက တောင်ထက်ကို တက်ဗြီးကတ်ပါ။ မြို့ထဲမာ ဟိသူတိကလည်း မြို့ပြင်ကို ထွက်လားကတ်ပါ။ ကျေးရွာတိမာ ဟိနီသူတိကလည်း မြို့ထဲကို မဝင်ကတ်ပါကေ့။ 22ဇာတွက်နန့်ဆိုကေ ယင်းအချိန်မာ ဘုရားသျှင်က ဂျေရုဆလင်မြို့မာဟိရေ လူတိကို အပြစ်ပီးလိမ့်မေ ဖြစ်တေ။ ယင်းပိုင် အပြစ်ပီးစွာက ကျမ်းစာမာ ပရောဖက်တိ ကြိုတင်လို့ ရီးထားသမျှကို ပြည့်စုံစီဖို့အတွက်နန့် ဖြစ်တေ။ 23ယင်းနိန့် ရက်တိမာ ကိုယ်ဝန်သည်တိနန့် အသျှေအမိတိအတွက် ကောင်းကောင်းဆိုးရွားရေ အချိန်ဖြစ်လိမ့်မေ။ ဇာတွက်နန့်ဆိုကေ ယုဒပြည်မှ လူအားလုံးက ဆင်းရဲဒုက္ခကြီး ကျရောက်ပြီးကေ ဘုရားသျှင်က သူရို့ကို ပြင်းပြင်းထန်ထန် အပြစ်ပီးဖို့အတွက်နန့် ဖြစ်တေ။ 24တစ်ချို့က ဒါးနန့်အသတ်ခံကတ်ရဖို့ဖြစ်ပနာ အရာလူတိကလည်း တစ်ခြားတိုင်းပြည်တိကို ဖမ်းလို့ ခေါ်လားစွာကို ခံရလိမ့်မေ။ ဂျူးလူမျိုးမဟုတ်သူတိကလည်း ဂျေရုဆလင်မြို့ကို သိမ်းဗျာလ် ဘုရားသျှင်က သူရို့ကို ခွင့်ပြုထားရေအချိန် မကုန်ခင်အထိ ယင်းမြို့က လူတိကို ဖိနှိပ် အုပ်ချုပ်ကတ်လိမ့်မေ” လို့ မိန့်တော်မူလီရေ။
လူ့သားတော် ပြန်ကြွလာခြင်း
(သျှင်မဿဲ ၂၄:၂၉-၃၁။ သျှင်မာကု ၁၃:၂၄-၂၇)
25ယေပြီးကေ ကိုယ်တော်က “နီ၊ လနန့်ကြယ်တိမာ အံ့ဩဖို့ကောင်းရေ နိမိတ်လက္ခဏာတိ ဖြစ်ပေါ်လာလိမ့်မေ။ ကမ္ဘာပေါ်ဟိ လူမျိုးတိုင်းက ပင်လယ်၊ သမုဒ္ဒရာတိ၏လှိုင်းပုတ်သံတိကြောင်း သူရို့ စိတ်မငြိမ်မသက်ဖြစ်ဗျာလ် ကောင်းကောင်းကြီးကြောက်ပနာ တုန်နီကတ်လိမ့်မေ။ 26အာကာမာဟိရေ အရာအားလုံးက သူရို့၏နဂိုနီရာမှ ရွိ့လားရေအတွက်နန့် လူတိက ကမ္ဘာမာ အရာဖြစ်လာဖို့ ဘေးအန္တရာယ်တိကို စောင့်ယင်း ကောင်းကောင်းကြီး ကြောက်လန့်ဗျာလ် မိမောသိသတ် သတိမိလားကတ်လိမ့်မေ။ 27ယေပြီးကေ လူ့သားတော်က ဘုန်းတန်ခိုးတော်နန့် ကိုယ်ရောင်ကိုယ်ဝါ တောက်ပနာ တိမ်တိုက်တိအထဲက ကြွလာစွာကို လူတိ ဖူးမြင်ကတ်ရလိမ့်မေ။ 28ယေတွက်နန့် ယင်းအရာတိစလို့ ဖြစ်လာရေအချိန်မာ သင်ရို့ကို ဘုရားသျှင်က ဆင်းရဲဒုက္ခမှ ကယ်တင်ဖို့ဗျာလ် ဖြစ်တေအတွက်နန့် တတည့်ရပ်ပနာ ဂေါင်းကိုမော် ထားကတ်ပါ” လို့ မိန့်တော်မူပါရေ။
သဖန်းပင်က သင်ခန်းစာ
(သျှင်မဿဲ ၂၄:၃၂-၃၅။ သျှင်မာကု ၁၃:၂၈-၃၁)
29ယေပြီးကေ ကိုယ်တော်က သူရို့ကို ဒေပုံဥပမာတစ်ခုနန့် မိန့်တော်မူလီရေ။ ကိုယ်တော်က “သဖန်းပင်နန့် အရာအပင်တိကို ကြည့်ကတ်ပါ။ 30ယင်းအပင်တိမာ အရွက်အနုတိ ထွက်လာစွာကို မြင်ရရေအခါ နွေရာသီရောက်ဖို့ နီးဗျာလ်ဆိုစွာကို သင်ရို့ အလိုလို သိနီကတ်တေ။ 31ယင်းပိုင်ဗျာလ် သင်ရို့ကို ငါ ပြောပြီးသား ကြောက်ဖို့ကောင်းရေ နိမိတ်လက္ခဏာတိ ဖြစ်ပျက်လာစွာကို မြင်ရရေအခါ ဘုရားသျှင်၏သာသနာတော် မကြာခင် ပေါ်လာဖို့ဗျာလ် ဆိုစွာကို သိထားကတ်ပါ။
32သင်ရို့ကို ငါ အမှန်ပြောမေ။ အဂုလက်ဟိ အသက်ရင်နီရေ မျိုးဆက်အားလုံး မသီခင်မာ ဒေအဖြစ်ပျက်တိအားလုံး ဖြစ်ပျက်လာဖို့ ဖြစ်တေ။ 33အာကာနန့်မြီကြီးက ပျောက်လားဖို့ဆိုကေတောင် ငါ၏စကားတိက အစဉ်ထာဝရ တည်ဟိနီဖို့ ဖြစ်တေ” လို့ မိန့်တော်မူလီရေ။
သတိပြုပါ
34ကိုယ်တော်က ဆက်ပြီးကေ “ယေတွက်နန့် အစားအသောက်မက်ဗျာလ်၊ ဘဝအတွက်စိုးရိမ်ပြီးကေ သင်ရို့၏အချိန်တိ မဖြုန်းမိအောင် အသိသတိနန့် နီကတ်ပါ။ ယင်းပိုင်ရာ အချိန်ဖြုန်းနီကေ ယင်းနိန့်ရက်က ထောင်ချောက်ပိုင်မျိုး သင်ရို့ဘားကို မမိမမောနန့် ရောက်လာလိမ့်မေ။ 35ယင်းနိန့်ရက်က ဒေကမ္ဘာမာ နီသူအားလုံးဘားကို သက်ရောက်လာဖို့ ဖြစ်တေ။ 36ယေတွက်နန့် သင်ရို့ကလည်း ဖြစ်လာဖို့ ယင်းအရာတိထဲက လွတ်လားပြီးကေ လူ့သားတော်ရှိ့မာ ခိုင်ခိုင်မာမာရပ်နိုင်ဖို့ အမြဲတန်းအရေးတစိုက်နန့် ဆက်လို့ဆုတောင်း နီကတ်ပါ” လို့ မိန့်တော်မူရေ။
37ယေပြီးကေ ကိုယ်တော်က နိန့်အချိန် ဗိမာန်တော်မာ တရားတော်တိကို ဟောပြောသွန်သင်လီရေ။ ညဖက်မာ သံလွင်တောင်ထက်ကို လားဗျာလ် တစ်ညဉ့်လုံး ယင်းတောင်ထက်မာ နီတော်မူပါရေ။ 38လူအများရို့ကလည်း ကိုယ်တော်၏တရားတော်တိကို နာယူဖို့ မိုးထစောစော ဗိမာန်တော်ကို လာကတ်လီရေ။
ទើបបានជ្រើសរើសហើយ៖
သျှင်လုကာ 21: RKINR
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Sittwe (မြောက်ပိုင်း ရခိုင်) Bible by Beyond Translation is licensed under Creative Commons Attribution-ShareAlike 4.0 License.