သျှင်လုကာ 20
20
အခန်း (၂၀)
ကိုယ်တော်ယေရှု၏အခွင့်အာဏာအကြောင်း
1တနိန့်မာ ကိုယ်တော်ယေရှုက ဗိမာန်တော်ထဲမာ လူထုပရိတ်သတ်အား ဆုံးမသွန်သွင်ဗျာလ် မင်္ဂလာသတင်းကောင်းကို ဟောပြောသွန်သင်နီစိုင် တစ်ချို့ဂျူးပုရောဟိတ်အကြီးအကဲတိ၊ ကျမ်းတတ်ဆရာတိနန့် ဂျူးလူမျိုးဂေါင်းဆောင်တိက ကိုယ်တော်ယေရှုဘားကို အတူတူ စုလို့ ရောက်ဟိလာကတ်ပါရေ။ 2သူရို့က ကိုယ်တော်ကို “သင်က ဒေချင့်တိကို ဇာက အခွင့်အာဏာနန့်လုပ်နီစွာလဲ။ ဒေအခွင့်အာဏာ ဇာသူက ပီးထားစွာလဲ” လို့ လျှောက်ကတ်ပါရေ။
3ယေခါ ကိုယ်တော်က “ငါ သင်ရို့ကို မိန်းခွန်းတစ်ခု မိန်းမေ။ သင်ရို့ ဖြေကတ်ပါ။ 4ရီနစ်မင်္ဂလာဆရာယောဟန်က လူတိကို ရီနစ်မင်္ဂလာပီးရေ အခွင့်အာဏာစွာ ဘုရားသျှင်ဘားက လားစွာလား။ ယေမှမဟုတ် လူတိဘားက လားစွာလား” လို့ မိန်းတော်မူလီရေ။
5ယင်းသူရို့က အချင်းချင်းဆွေးနွေးကတ်ပနာ “တကယ်လို့ ငါရို့က ‘ရီနစ်မင်္ဂလာဆရာယောဟန်၏အခွင့်အာဏာက ဘုရားသျှင်ဘားက လာရေ’ လို့ ဖြေလိုက်ကေ သူက ငါရို့ကို ‘ယင်းပိုင်ဆိုကေ သင်ရို့က ဇာတွက်နန့် ယောဟန်ကို မယုံကြည်ကတ်စွာလဲ’ လို့ ပြောလိမ့်မေ။ 6ယေကေလည်း ငါရို့က ‘ရီနစ်မင်္ဂလာဆရာယောဟန်၏အခွင့်အာဏာက လူတိဘားက လာစွာ’ လို ပြောကေ လူတိအားလုံးက ရီနစ်မင်္ဂလာယောဟန်ကို ပရောဖက်တစ်ပါးအဖြစ် ယုံကြည်ရေအတွက်နန့် သူရို့က ငါရို့ကို ကျောက်ခဲနန့်ပစ်သတ်ကတ်လိမ့်မေ” လို့ ပြောကတ်လီရေ။
7ယေတွက်နန့် သူရို့က “လူတိကို ရီနစ်မင်္ဂလာပီးဖို့ ယောဟန်၏အခွင့်အာဏာက ဇာသူဘားက လာရေဆိုစွာကို ကျွန်တော်ရို့ မသိပါ” လို့ ဖြေကတ်လီရေ။
8ယေခါ ကိုယ်တော်က “ယင်းပိုင်ဆိုကေ ငါကလည်း ဒေအမှုကိစ္စတိကို ဇာသူ့အခွင့်အာဏာနန့်လုပ်နီရေဆိုစွာကို သင်ရို့ကို ဖြေဖို့မဟုတ်” လို့ မိန့်တော်မူပါရေ။
ဆိုးရွားရေစပျစ်ခြံအငှါးတိ ပုံဥပမာ
9ယေပြီးကေ ကိုယ်တော်က လူထုပရိတ်သတ်ကို ပုံဥပမာတစ်ခုနန့် မိန့်တော်မူလီရေ။ ကိုယ်တော်က “အယင်ကခါ စပျစ်ခြံတစ်ခြံကို ပိုင်ရေလူတစ်ယောက် ဟိလီရေ။ သူက သူ၏စပျစ်ခြံကို အငှါးချထားဗျာလ် အချိန်ကောင်းကောင်း ကြာရေအထိ ခရီး ထွက်လားလီရေ။ 10စပျစ်သီးမှည့်ရေ အချိန်ရောက်တေခါ သူက အငှါးသားတစ်ယောက်ကို စပျစ်ခြံငှါးထားရေ လူတိဘားကို စီလွှတ်ပနာ သူရဖို့ အဝီဖြစ်တေ စပျစ်သီးတစ်ချို့ကို လားယူခိုင်းပါရေ။ ယေကေလည်း ခြံငှါးတိကလည်း ယင်းအငှါးသားကို သတ်ပုတ်ပြီးကေ လက်ခစည်းနန့် လွတ်လိုက်လီရေ။ 11ယေတွက်နန့် ခြံပိုင်သျှင်က ဒုတိယအငှါးသား တစ်ယောက်ကို ထပ်လို့ စီလွှတ်လိုက်တေ။ ခြံငှါးတိကလည်း ယင်းအငှါးသားကို သတ်ဘုတ်ကတ်ပနာ အရှက်ကွဲဗျာလ် လက်ခစည်းနန့် လွတ်လိုက်ပါရေ။ 12ခြံပိုင်သျှင်က တတိယမြောက် အငှါးသားတစ်ယောက်ကို ထပ်လို့ စီလွှတ်လိုက်တေ။ ယေကေလည်း ခြံငှါးတိက ယင်းအငှါးသားကိုလည်း အနာတရဖြစ်အောင် လုပ်ပနာ ခြံအပြင်ကို နှင်ထုတ်လိုက်လီရေ။
13ယေခါ စပျစ်ခြံပိုင်သျှင်က ‘ငါ ဇာပိုင် လုပ်ရဖို့လဲ။ ငါ့သားကို စီလွှတ်ရမေ။ ခြံငှါးတိက ငါ့သားကို မြင်ကေ လေးစားချင် လေးစားကတ်ဖို့ရာ’ လို့ ပြောလီရေ။
14ယေကေလည်း ခြံငှါးတိက ခြံသျှင်၏သားကို မြင်ရေအခါ ‘ဒေသူက ဒေခြံကို အမွီရဖို့လူဖြစ်တေ။ သူကို သတ်ကတ်ဖို့ ယင်းပိုင်လုပ်ကေ သူပိုင်ရေပစ္စည်းဥစ္စာတိစွာ ငါရို့ အပိုင်ဖြစ်လာဖို့’ လို့ အချင်းချင်း တိုင်ပင်ကတ်ပါရေ။ 15ယေတွက်နန့် သူရို့က စပျစ်ခြံပိုင်သျှင်၏သားကို ခြံအပြင်ဖက်ကို ဆွဲထုတ်ပနာ သတ်ပစ်ကတ်လီရေ။
ယင်းပိုင်ဆိုကေ ခြံပိုင်သျှင်က ယင်းသူရို့တိကို ဇာလုပ်ဖို့ ထင်လဲ။ 16ခြံပိုင်သျှင်က ကိုယ်တိုင်လာပြီးကေ ခြံငှါးတိကို သတ်ပစ်လိမ့်မေ။ ယေပြီးကေ စပျစ်ခြံကိုလည်း အရာတစ်ယောက်ကို ပီးအပ်လိမ့်မေ” လို့ မိန့်တော်မူပါရေ။ ယင်းအရာတိကို
ကြားရေလူတိကလည်း “ဒေပိုင်ကိစ္စတိ တခါလည်း မဖြစ်ပါစီကေ့” လို့ ပြောကတ်လီရေ။
17ကိုယ်တော်က သူရို့ကို စစိနနာကြည့်ဗျာလ်
“ကျမ်းစာထဲမာ ‘တိုက်ကို ဆောက်ရေလူတိ ပယ်ထားရေကျောက်ခဲက
အရီးအပါဆုံး ထောင့်ချုပ်ကျောက် ဖြစ်လာရေ’ လို့ ဆိုဗျာလ် ရီထားစွာကျမ်းချက်က ဇာကိုပြောချင်စွာလဲ။
18ယင်းကျောက်ထက်ကို ပြုတ်ကျရေလူတိက အပိုင်းပိုင်းကြီမွ့ ရလိမ့်မေ။ တစ်ယောက်ယောက်ဘားမာ ယင်းကျောက်ခဲ ပြုတ်ကျလာကေလည်း ယင်းလူက အမုန့်မုန့်ကြီမွ့ လားလိမ့်မေ” လို့ မိန့်တော်ပါမူရေ။
19ဂျူးပုရောဟိတ်အကြီးအကဲတိနန့် ကျမ်းတတ်ဆရာတိက သူရို့ကို ရည်ရွယ်လို့ ကိုယ်တော်က ဒေပုံဥပမာကို မိန့်တော်မူစွာလို့ သိရေအတွက်နန့် ယင်းနီရာမာပင် သူရို့က ကိုယ်တော့်ကို ဖမ်းဆီးချင်ကေလည်း သူရို့က လူထုပရိသတ်ကို ကြောက်နီခကတ်လီရေ။
အခွန်ပီးခြင်း
20ယေပြီးကေ သူရို့က ကိုယ်တော်ကို အနီးကပ်စောင့်ကြည့်ဗျာလ် စကားတိ အမှားပါကေ ဖမ်းပြီးကေ ဘုရင်ခံလက်ထဲကို အပ်ဖို့လို့ သူတော်ကောင်း အကွန်ဆောင်နီရေသူလျှိုတိကို စီလွှတ်ကတ်ပါရေ။ 21ယင်းအကွန်ဆောင်နီရေသူလျှိုတိက ကိုယ်တော်ဘားကို လာပြီးကေ ကိုယ်တော်ကို “ဆရာ၊ ဆရာဟောပြောသွန်သင်စွာတိ မှန်ကန်ဗျာလ် ဆရာက တစ်ယောက်ကိုလေ့ မျက်နှာမလိုက်ဘဲ ဘုရားသျှင်၏လမ်းစဉ်တိကို အမှန်အတိုင်း ဟောပြောသွန်သင်စွာကိုလည်း ကျွန်တော်ရို့ သိပါရေ။ 22ယေနန့် ကျွန်တော်ရို့က ရောမဘုရင်ကြီးကို အခွန်ဆက်ရစွာရေ ပညတ်နန့်ညီလား ယေမှမဟုတ် မညီလား ဆိုစွာကို ကျွန်တော်ရို့ကို ပြောပြပီးပါ” လို့ လျှောက်တင်ကတ်ပါရေ။
23ယေကေလည်း ကိုယ်တော်က ယင်းသူရို့၏ပရိယာယ်ကို သိတော်မူလို့ 24ယင်းသူရို့အား “ငါ့ကို ဒေနာရီဒင်္ဂါးတစ်ခေတ်ကို ပြပါ။ ယင်းဒင်္ဂါးမာ ဇာသူ့အရုပ်နန့် ဇာသူ့နာမေပါလဲ” လို့ မိန်းတော်မူရေ။
ယင်းသူရို့ကလည်း “ရောမဘုရင်ကြီး၏နာမေနန့် အရုပ်ပါဟိ ပါရေ” လို့ လျှောက်တင်ကတ်ပါရေ။
25ယေတွက်နန့် ကိုယ်တော်က “ရောမဘုရင်ကြီးနန့်ဆိုင်ရေ အရာတိကို ရောမဘုရင်ကြီးကို ပီးကတ်ပါ။ ဘုရားသျှင်နန့်ဆိုင်ရေအရာတိကို ဘုရားသျှင်ကို ပီးကတ်ပါ” လို့ မိန့်တော်မူလီရေ။
26ယင်းသူရို့က လူပရိတ်သတ်တိရှိ့မာ ကိုယ်တော်ကို အမှားတစ်ခုခုပြောအောင် လုပ်လို့ မရကတ်ပါ။ သူရို့က ကိုယ်တော်ဖြေလိုက်စွာကိုလည်း အံ့ဩကြီးကျဗျာလ် အသံတိတ်လားကတ်လီရေ။
သီရာကနီအသက်ပြန်ရင်လာခြင်း အကြောင်းကိုမိန်းတော်မူခြင်း
(သျှင်မဿဲ ၂၂:၂၃-၃၃။ သျှင်မာကု ၁၂:၁၈-၂၇)
27အရာ သီပြီးကေအသက်ပြန်ရင်လာစွာကို မယုံကြည်ရေ ဇဒ္ဒုကဲလို့ခေါ်ရေ#20:27“ဇဒ္ဒုကဲ” က သူရို့သီပြီးကေ ဘုရားသျှင်က လူတိကို အသက်ပြန်ရင်မေလို့ မယုံကြည်ရေ ဂျူးဘာသာရေးဂေါင်းဆောင် အုပ်စုဖြစ်ပါရေ။ လူတစ်ချို့က ကိုယ်တော့်အနားကို ကပ်လာပြီးကေ 28“ဆရာ၊ မောရှေ ပညတ်ကျမ်းမာ ‘မယားဟိသူ တစ်ယောက်က သားသမီး မရဘဲ သီလားကေ သူ့ညီက သီလားရေ သူ့အစ်ကို အမွီကိုဆက်ခံဖို့ အသျှေရအောင် သီလားခရေအစ်ကို၏မယားကို ယူရဖို့’ လို့ ရီးသားထားပါရေ။ 29ယင်းပိုင်ဆိုကေ ညီအစ်ကိုခနစ်ယောက်မာ အကိုအကြီးဆုံးက အိမ်ထောင်ကျပနာ သားသမီး မရခဘဲ သီလားခရေ။ 30ယေပြီးကေ ဒုတိယအကြီးဆုံးသားက ယင်းမုဆိုးမနန့် ယူပြီးကေ သားသမီး မရခဘဲ သီလားခလီရေ။ 31တတိယညီကလည်း ယင်းအလားတူ ဖြစ်လားလီရေ။ ယင်းပိုင်ဗျာလ် ညီအစ်ကို ခနစ်ယောက်စလုံးက ယင်းမုဆိုးမနန့်အိမ်ထောင်ကျခပြီးကေ အသျှေမရဘဲ သီလားခလီရေ။ 32နောက်ဆုံးမာ ယင်းမုဆိုးမလည်း သီလားခလီရေ။ 33ယင်းပိုင်ဆိုကေ သူမက ညီအစ်ကိုခနစ်ယောက်လုံးနန့် ယူဖြစ်ခရေအတွက် ဘုရားသျှင်က သီပြီးသူတိကို အသက်ပြန်ရင်စီရေအခါ သူမက ဇာသူ့ မယားဖြစ်ပါဖို့လဲ” လို့ လျှောက်ထားလီရေ။
34ယေခါ ကိုယ်တော်က “ဒေကမ္ဘာမာဟိရေလူတိက သမက်တက်လိုက်၊ ပီးစားလိုက်နန့် နီကတ်ပါရေ။ 35ယေကေလည်း သီပြီးကေအသက်ပြန်ရင်ဖို့ ထိုက်တန်သူတိက ရွှီမြို့တော်မာ နီထိုင်ရေအခါ သမက်တက်စွာတိ၊ ပီးစားစွာတိလည်း ဟိလာဖို့ မဟုတ်။ 36သူရို့က သမ္မာဒေဝနတ်တိပိုင် သီလားစွာလည်း ဟိဖို့မဟုတ်။ သူရို့က အသက်ပြန်ရင်လာသူတိဖြစ်လို့ ဘုရားသျှင်၏သားသမီးတိလည်း ဖြစ်ကတ်ပါရေ။ 37သီပြီးသူတိ အသက်ပြန်ရင်လာရေအကြောင်းကို မောရှေက ယှင်းလင်းစွာ သက်သီပြခပါရေ။ မီးလောင်နီရေခြုံပုတ် အကြောင်းရီးထားရေ ကျမ်းပိုဒ်မာ မောရှေက အသျှင်ကို ‘အာဗြဟံ၏ဘုရား၊ ဣဇက်ဘုရားနန့် ယာကုပ်ရို့၏ဘုရား ဖြစ်တေ’ လို့ ရီးသားထားပါရေ။ 38ဘုရားသျှင်က သီသူတိ၏ဘုရား မဟုတ်။ အသက်ရင်သူတိ၏ဘုရား ဖြစ်တော်မူပါရေ။ ဘုရားသျှင်အတွက်က ဘုရားသျှင်၏သားသမီးအားလုံးရေ အသက်ရင်နီပါရေ” လို့ မိန့်တော်မူပါရေ။
39ယေခါ တစ်ချို့ကျမ်းတတ်ဆရာတိက “ဆရာ၏အဖြေက ကောင်းကောင်း ကောင်းမွန်ပါရေ” လို့ လျှောက်တင်ပါရေ။ 40ယင်းအချိန်ကပင်စလို့ တစ်ယောက်လည်း ကိုယ်တော်ကို အရာ မိန်းခွန်းတိ မမိန်းဝံ့ကတ်ပါဗျာလ်။
ဒါဝိဒ်၏သား
(သျှင်မဿဲ ၂၂:၄၁-၄၆။ သျှင်မာကု ၁၂:၃၅-၃၇)
41ယေပြီးကေ ကိုယ်တော်က လူတိကို “ကယ်တင်သျှင်မေရှိယက ဒါဝိဒ်ဘုရင်၏သားတော်ဖြစ်တေလို့ ဇာအတွက်နန့် ပြောနီကတ်စွာလဲ။ 42ဆာလံကျမ်းမာ ဒါဝိဒ်ဘုရင်ကိုယ်တိုင်က
‘ဘုရားသျှင်က ငါ၏အသျှင်ကို
43သင်၏ရန်သူတိကို သင့်၏အုပ်ချုပ်မှုအောက်ရောက်အောင် ငါ လုပ်ပီးရေအထိ
ငါ၏လက်ယာဘက်မာ ထိုင်ပါ#မ၊ ၂၂:၄၄။ မာ၊ ၁၂:၃၆ လို့ မိန့်တော်မူခရေ’ လို့ ပြောခပါရေ။
44ယင်းပိုင်ဆိုကေ ဒါဝိဒ်က ကယ်တင်သျှင်မေရှိယကို ‘ငါ၏အသျှင်’ လို့ ပြောကေ ကယ်တင်သျှင်မေရှိယက ဒါဝိဒ်၏သား ဇာပိုင် ဖြစ်နိုင်ပါဖို့လဲ” လို့ မိန့်တော်မူပါရေ။
ကျမ်းတတ်ဆရာတိကို သတိပီးခြင်း
(သျှင်မဿဲ ၂၃:၁-၃၆။ သျှင်မာကု ၁၂:၃၈-၄၀)
45ကိုယ်တော်က လူထုပရိတ်သတ်တိ နားထောင်နီစိုင် တပည့်တော်တိကို 46“ကျမ်းတတ်ဆရာတိကို သတိထားကတ်ပါ။ သူရို့က လမ်းကိုလားရေအခါ ကိုယ်ရုံခကျတိကို ဝတ်ပြီးကေ ဈီးထဲကလူတိ အရေးတစိုက်နှုတ်ဆက်စွာကို သဘောကျကတ်ပါရေ။ ဓမ္မာရုံတိမာ အထူးထိုင်ခုံမာလည်းကောင်း၊ စားပွဲသောက်ပွဲတိမာ အကောင်းဆုံးနီရာတိမာလည်းကောင်း ထိုင်ရစွာကို နှစ်သက်ကတ်ပါရေ။ 47သူရို့က မုဆိုးမတိ၏ပိုင်ဆိုင်မှုတိကို အဓမ္မသိမ်းယူတတ်ပြီးကေ ဆုတောင်းရေအခါမာလည်း သူရို့က အကွန်ဆောင်ပနာ တန်းသီလိုက် ဆုတောင်းတတ်ကတ်ပါရေ။ ဘုရားသျှင်က ယင်းသူရို့ကို တစ်ခြားသူတိထက် ကြီးလီးစွာအပြစ်ပီးပါလိမ့်မေ” လို့ မိန့်တော်မူပါရေ။
ទើបបានជ្រើសរើសហើយ៖
သျှင်လုကာ 20: RKINR
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Sittwe (မြောက်ပိုင်း ရခိုင်) Bible by Beyond Translation is licensed under Creative Commons Attribution-ShareAlike 4.0 License.