ရှင်လုကာ 23

23
ခန်း (၂၃)
ပိလတ်ဟ ကိုယ်တော်ယေရူဝို စစ်ဆေးခြင်း
(ရှင်မဿဲ ၂၇.၁-၂၁၁-၁၄ရှင်မာကု ၁၅.၁-၅ရှင်ယောဟန် ၁၈.၂၈-၃၈)
1အဲနော့ ဂျူးလူမျိုးဒွေရဲ့ ခေါဆော်ဒွေဂူလုံးဟ ထပီး ကိုယ်တော်ယေရှုဝို ပိလတ်ဆီဝို ခေါ်ရားပီး 2အဲနော့ သူ့နို့ဟ “အယ်လူဟ ကျနော်ဒို့လူဒွေဝို ပူကန်အော် နှိုးဆော်နေဇာဝို တွီ့ရပါရယ်။ သူဟ တိုင်းသူပြည်သားဒွေဝို သူ့ကိုယ်သူ မေရှိယဆိုဝို ဘုရင်တစ်ဘားဖြစ်ရယ်ဆိုပီး လှည့်ဖြားပြောဆိုပီး ဧကရာဇ်ဝို ခွန်ဆစ်သဇာမလုပ်ဝို့ တားမြစ်နေဇာဝို ကျနော်ဒို့ တွီ့ခဲ့ရပါရယ်” ဆိုပီး ပိလတ်ရှေ့မှာ ကိုယ်တော်ဝို စတံ စွပ်စွဲ ပြောဆိုဂေ့လေရယ်။
3အဲခါ ပိလတ်ဘုရင်ခံဟ ကိုယ်တော်ယေရှုဝို “သင်ဟ ဂျူးလူမျိုးဒွေရဲ့ ဘုရင်ဟုတ်ဘဲ့လော” ဆိုပီး မေးရိဂျော့
ကိုယ်တော်ဟ “နန်ပြောဝိုတိုင်းဘဲ့ဖြစ်ရယ်” ဆိုပီး ပလန်ပီး မိတော်မူလေရယ်။
4ပိလတ်ဟ ဂျူးပုရောဟိတ်ကြီးကဲဒွေ န လူထုဖက်ဝို လှည့်ပီး “သူ့မှာပြစ်မှေ့ရဆိုဇာ ငါဗြင်ရယ်” ဆိုပီး ပြောလိုက်ရယ်။
5အယ်ဘေမဲ့သူနို့ဂူလုံးဟ “အယ်လူဟ ဂါလိလဲပြည်ဟနေ အယ်နေရာထိ ယုဒပြည်တခုလုံးဝို ဟောပြောပီး ပြည်သူလူထုဝို ရုန်းရင်းဆန်ခတ် ဖြစ်အော် လှုံ့ဆော်သူ ဖြစ်ပါရယ်” ဆိုပီး ခိုင်ခိုင်မာမာန ပြောဆိုဂေ့လေရယ်။
ကိုယ်တော်ယေရှုဝို ဟေရုဒ်ဆီဝို ပိလတ်စေလွှတ်ခြင်း
6အဲမျိုးပြောနေဇာဝို ပိလတ်ဘုရင်ခံ ကြားခီမှာ “အယ်လူဟ ဂါလိလဲပြည်သားလော” ဆိုပီး မေးပီး။ 7ဟေရုဒ်အုပ်စိုးဝို ဂါလိလဲနယ်ဟ ဖြစ်ကြော သိဝိုခါမှာ ဂျေရုဆလင်ဗြို့မှာ ရော့နေဝို ဘုရင်ခံဟေရုဒ်ဆီဝို ကိုယ်တော်ယေရှုဆီဝို ပို့လိုက်လေရယ်။
8ဟေရုဒ်ဟ ကိုယ်တော်ယေရှုရဲ့ ကြောဝို ကြားရားရိ တွေ့ရှင်နေဇာ ကြာနေဘီ ဖြစ်ရိတွက်ဂျော့ ကိုယ်တော်ဝို တွီ့ဗြင်ရခါမှာ ရားဒိုင်းဝမ်းမြော့သွားလေရယ်။ သူဟ ကိုယ်တော်ယေရှု ပြုတော်မူဝို အံ့ဖွယ်မှုကိစခုခုဝို ဗြင်ရဝို့ မျှော်လင့်နေလေရယ်။ 9အဲဂျော့ ဟေရုဒ်မန်းဟ ကိုယ်တော်ဝို မေးခွန်းဒွေ များဂီးမေးပေမဲ့ ကိုယ်တော်ဟ ခုလဲ ဖြေကြားဇာမှေ့ရ။ 10အဲနော့ ဂျူးပုရောဟိတ်ကြီးကဲဒွေ န ကျမ်းတတ်ဆရာဒွေဟ ကိုယ်တော်ဝို ပြင်းထန်စွာ စွပ်စွဲဂေ့လေရယ်။ 11ဟေရုဒ်ဘုရင်န သူ့ရဲမက်ဒွေဟ ကိုယ်တော်ဝို လှော်ပြော်ပီး တန်ဖိုးကီးဝို ဝတ်ရုံဝို ဝတ်ဆင်စေပီး ပိလတ်ဘုရင်ခံဆီဝို ပလန်ပို့လိုက်ဂေ့ရယ်။ 12ဟေရုဒ်ဘုရင်န ပိလတ်ဘုရင်ခံဒို့ဟ စဒူးဟ ရန်ဖက်ဒွေ ဖြစ်ပေမယ့် အဲနေ့မှာဘဲ့ မိဆွေဒွေဖြစ်ဝို ရော့ရှေ့သွားဂေ့လေရယ်။
ကိုယ်တော်ယေရှုသေဒဏ်ပေးခံရခြင်း
(ရှင်မဿဲ ၂၇.၁၅-၂၆ရှင်မာကု ၁၅.၆-၁၅ရှင်ယောဟန် ၁၈.၃၉-၁၉.၁၆)
13အဲနော့ ပိလတ်ဟ ဂျူးပုရောဟိတ်ကြီးကဲဒွေ၊ ခြားဂျူးလူမျိုးကြီးကဲဒွေ န ဂျူးလူမျိုးဒွေဝို စုဝေးစေလေရယ်။ 14“အယ်လူဟ ဆူပူမှုဖြစ်အော် လှုံ့ဆော်သူဘဲ့ ဆိုပီး ပြောဆိုပီး နန်းနို့ ငါ့နား ခေါ်ဆော်လာဂေ့ရယ်။ အယ်ဘေမဲ့ နန်းနို့ရဲ့ ရှေ့မှာဘဲ့ သူ့ဝို စစ်မေးခဲ့ပီးပီ။ နန်းနို့ပြောဝိုမျိုး ပြစ်ဒွေကျူးလွန်ထားဇာဝို တွီ့ရရ။ 15ဟေရုဒ်ဘုရင်ဟလဲ သူ့ဝို ပြစ်ရှာရိ တွီ့ဘဲတွက်ဂျော့ သူ့ဝို ငါ့ဆီ ပလန်ပို့လိုက်ရယ်။ အယ်လူဟလဲ သေဒဏ်ပေးလော့ဝို ပြစ်ဝို ကျူးလွန်ထားဇာလဲမှေ့ရ။ 16အဲဂျော့ သူ့ဝို ကလီဒဏ်ပေးပီး ပလန်လွှတ်လိုက်မယ်” ဆိုပီး ပြောလေရယ် 17ပိလတ်ဟ အဲမျိုးပြောရဇာဟလော ပွဲတော်ရစ်မှာ လူတယော့ဝို လွတ်မြော့ခွမ့်ပေးရဝို ဂျူးဒွေရဲ့ ထုံးတမ်းစဥ်လာဖြစ်ရိဂျော့ဖြစ်ရယ်။
18အယ်ဘေမဲ့ လူထုဂူလုံးဟ “အယ်လူဝို သတ်ပီး ဗာရဗ္ဗဝို လွှတ်ပေးပါ” ဆိုပီး အော်ဟစ် တောဆိုဂေ့လေရယ်။ 19ဂျေရုဆလင်ဗြို့မှာ ဖြစ်ပျစ်ခဲ့ဝို ရုန်းရင်းဆန်ခတ်မှုဒွေမှာ ပါဝမ်ပီး ယော့ယော့ဝို သတ်ရိတွက်ဂျော့ ဗာရဗ္ဗ ဟ ခုခီမှာ ထော်ကလနေလေရယ်။
20အယ်ဘေမဲ့ ပိလတ်ဘုရင်ခံဟ ကိုယ်တော်ယေရှုဝို လွှတ်ပေးရှင်သေးရိတွက်ဂျော့ လူဒွေဝို နော့တခါ ထပ်ပီးမေတ္တာရပ်ခံပလန်ရယ်။ 21အယ်ဘေမဲ့ လူဒွေဟ “သူ့ဝို လက်ဝါးကပ်တိုင်ပေါ်မှာ တံပါ၊ လက်ဝါးကပ်တိုင်ပေါ်ဝို တံပါ” ဆိုပီးဘဲ့ ဆစ်ပီး တောဆိုနေဂေ့လေရယ်။
22အဲခါ ပိလတ်ဘုရင်ခံဟ “သူဟ ဟဲမျိုး ပြစ်မှုမျိုးဝို ကျူးလွန်ခဲ့မိရိနူး။ သူ့မှာ သေဒဏ်ပေးလော့ဝို ပြစ် ရှာရိမရရ။ ငါ သူ့ဝို ကလီဒဏ်ပေးပီး လွှတ်ပေးလိုက်မယ်” ဆိုပီး တတိယတခါ ထပ်ပီး ပြောလေရယ်။
23အယ်ဘေမဲ့ လူထု#23.23 လူထု လူထုဆိုဇာဟ ပုရောဟိတ်ကြီးကဲဒွေရဲ့ လူဒွေဖြစ်ရယ်။ဟလဲ ကိုယ်တော်ယေရှုဝို လက်ဝါးကပ်တိုင်ပေါ်မှာ တံပီး သတ်ဝို့တွက်ဘဲ့ ကလယ်လော်စွာ အော်ဟစ်နေဂေ့လေရယ်။ နော့ဆုံးမှာ ပိလတ်ဟ သူ့နို့အော်နေဝိုဇာဒွေဝို ခံနိုင်ဟန်း။ 24အဲဂျော့ လူထုတောဆိုဝိုတိုင်း ပိလတ်ဘုရင်ခံဟ လုပ်ပေးဝို့ ဆုံးဖြတ်လိုက်လေရယ်။ 25သူဟ လူထုပရိသတ်ဟ လွှတ်ပေးဇေရှင်ဝို ဂျေရုဆလင်ဗြို့မှာ ဖြစ်ပွားခဲ့ဝို ရုန်းရင်းဆန်ခတ်မှုဒွေမှာ ပါဝမ်ခဲ့ပီး ယော့ယော့ဝို သတ်ရိတွက်ဂျော့ ထော်ကလနေဝို ဗာရဗ္ဗဝို လွှတ်ပေးလိုက်လေရယ်။ အဲနော့ သူဟ ကိုယ်တော်ယေရှုဝို အဲမိုလူဒွေရဲ့ ဘောဆန္ဒတိုင်း ဆော်ဝက်စေဝို့ သူ့နို့ဆီဝို လွှဲအပ်လေရယ်။
ကိုယ်တော်ယေရှုဝို လက်ဝါးကပ်တိုင်ပေါ်တံခြင်း
(ရှင်မဿဲ ၂၇.၃၂-၄၄ရှင်မာကု ၁၅.၂၁-၃၂ရှင်ယောဟန် ၁၉.၁၇-၂၇)
26အဲနော့ ရဲမက်ချို့ဟ ကိုယ်တော်ဝို ခေါ်ဆော်သွားခါမှာ ကုရေနေရပ်ဟ ရှိမုန်ဆိုပီး ခေါ်ဝိုလူဟ ကျေးလက်ဒေသဟနေ ဂျေရုဆလင်ဝို ပလန်လာဇာဝို ဗြင်ဝိုခါမှာ သူ့ဝို ကိုယ်တော်နော့ဟနေ လက်ဝါးကပ်တိုင်ဝို ထမ်းပီး တင်းကြပ် လိုက်ခိုင်းလေရယ်။ 27လူထုဂီးဟလဲ ကိုယ်တော်နော့ဝို လိုက်လာဂေ့လေရယ်။ အဲမိုလူဒွေထဲမှာ ကိုယ်တော်တွက် ရင်ဖက်ဝိုရိုက်ပီး ငိုနေဂေ့ဝို မျိုးမီးဒွေလဲ ပါလေရယ်။ 28အယ်ဘေမဲ့ ကိုယ်တော်ဟ သူ့နို့ဖက်ဝို လှည့်ပီး “ဂျေရုဆလင်ဟ မျိုးမီးဒွေ ၊ ငါ့တွက် ငိုပါန။ နန်းနို့တွက်န နန်းနို့ရဲ့ သားမီးဒွေတွက် ဖြစ်လာဝို့ဇာတွက်ဘဲ့ ငိုဂေ့ပါ။ 29နားထော်ဂေ့၊ ‘မြုံနေဝို မျိုးမီးဒွေ၊ သားမွီးဖူးဘဲဝိုမျိုးမီးဒွေ၊ နို့တိုက်ကျွေးရဘဲဝို မျိုးမီးဒွေဝို ကံကောဂေ့ရယ်’ ဆိုပီး ပြောဝိုခီ ရော့လာလိမယ်။ 30အဲမိုခီရော့ရယ်ဆိုဝါ ကျမ်းစာမှာ ဖော်ပြဝိုတိုင်း
လူဒွေဟ တော်ဒွေဝို ‘နို့ပေါ်ဝို ပြိုကလဂေ့ပါ’ ဆိုပီး ပြောဂေ့ပီး
တော်ဂူးဒွေဝိုလဲ ‘နို့ဝို ဖုံးအုပ်ဂေ့ပါ’ ဆိုပီး ပြောဂေ့လိမယ်။
31စီးလန်းနေဝို သစ်ပမ်မျိုး ပြစ်ကင်းစင်ဝို ငါ့ပေါ်မှာဂိုမှ အယ်လော့ဆိုးဝါးဇာဒွေ ဖြစ်နေမယ်ဆိုဝါ ခြော့သွေ့နေဝို သစ်ပမ်ဒွေမျိုး ပြစ်ဒုဇရိုက်မားဒွေဖြစ်ဝို နန်းနို့ပေါ်မှာ ဟယ်မျှလော့ ပိုပီး ဆိုးဝါးလိမယ်နူး” ဆိုပီး မိတော်မူလိုက်လေရယ်။
32ခြား ရာဇဝတ်သားနှေ့ယော့ဝိုလဲ ကိုယ်တော်နတူတူ သေဒဏ်ပေးဝို့ ခေါ်လာလေရယ်။ 33ဦးခေါ်ခွံနော်မယ်ရှေ့ဝို တော်ဂူးပေါ် ဝို သူ့နို့ရော့ခီမှာ ကိုယ်တော်ဝို လက်ဝါးကပ်တိုင်ပေါ်ဝို တံပီး သံန ရိုက်လိုက်ဂေ့ရယ်။ ကိုယ်တော်ရဲ့ ဘေးတဖက်ဆီမှာ ရာဇဝတ်သားနှေ့ယော့ဝိုလဲ လက်ယာဖက်မှာ တယော့ လက်ဝဲဖက်မှာ တယော့ လက်ဝါးကပ်တိုင်ပေါ်ဝို တံပီး သံန ရိုက်လိုက်ဂေ့ရယ်။ 34အဲခါ ကိုယ်တော်ဟ “အဖဘုရားရှင်၊ အယ်လူဒွေဝို ခွမ့်လွှတ်ပေးတော်မူပါ။ သူ့နို့ဟ သူ့နို့ကိုယ်သူ့နို့ ဟဲရာဒွေလုပ်နေရယ်ဆိုဇာဝို သိဂေ့ရ” ဆိုပီး ဆုတောတော်မူလေရယ်။စော့ရဲမက်ဒွေဟ ကိုယ်တော်ရဲ့ဝတ်ရုံတော်ဝို လောစားလုပ်ပီး ခွဲဝီယူဂေ့ရယ်။
35လူဒွေဟ မတ်တပ်ရပ်ပီး ကေ့နေဂေ့ဝိုခီမှာ ဂျူးလူမျိုးကြီးကဲဒွေဟ ကိုယ်တော်ယေရှုဝို လှော်ပြော်ဂေ့ပီး “သူဟ သူများဒွေဝို ကယ်တံခဲ့ရယ်။ ဂယ်ရိ သူဟ ဘုရားရှင် ဝီးချယ်တော်မူရားဝို မေရှိယ မှန်ရယ်ဆိုဝါ သူ့ကိုယ်သူ ကယ်တံပါစေ” ဆိုပီး ပြောဆိုဂေ့ရယ်။
36ရဲမက်ဒွေဟ ကိုယ်တော်ဝို လှော်ပြော်ဂေ့ပီး ကိုယ်တော်နားဝို ကပ်ပီး ဝိုင်ချဥ်#23.36 ဝိုင်ချဥ် ဝိုင်ချဉ်ဆိုဇာဟ ချဉ်ရယ်တစ်မျိုးဖြစ်ရယ်။ ဒဏ်ရာဒွေဝို ကုသဝို့ သုံးပြုရယ်။ဝို ပေးပီး။ 37“နန်ဟ ဂျူးဒွေရဲ့ ဘုရင်မှန်ရယ်ဆိုဝါ ကိုယ့်ကိုကိုယ် ကယ်တံပါ” ဆိုပီး ပြောဂေ့ရယ်။
38ကိုယ်တော်ရဲ့ခေါပေါ်မှာလဲ “အယ်မိုလူဟ ဂျူးဒွေရဲ့ဘုရင်ဖြစ်ရယ်” ဆိုပီး ကဘီးထိုးရားဝို ဆိုင်းဘုတ်ဝို ခိဆွဲရားလေရယ်။
39လက်ဝါးကပ်တိုင်ပေါ်မှာ ခိဆွဲဇာခံရားရဝို ရာဇဝတ်သားတယော့ဟ ကိုယ်တော်ဝို “နန်ဟ မေရှိယဆိုဝါ ကိုယ့်ကိုကိုယ် ကယ်လိုက်စမ်းပါ။ ငါ့ဝိုလဲ ကယ်ပါ” ဆိုပီး ကဲ့ရစ်ပီးပြောလေရယ်။
40နော့ရာဇဝတ်သား တယော့ဟ အဲသူဝို “နန်ဟ အယ်လူန ဒန်းတူ ပြစ်ဒဏ်စီရင်ခံနေရဂိုမှ ဘုရားရှင်ဝို ကြော့ရလော” ဆိုပီး ပြောလေရယ်။ 41“နို့ဟ ပြစ်လုပ်မိရိ ပြစ်ဒဏ်ခံရဇာဟ ထိုက်တန်ရယ်။ အယ်ဘေမဲ့ အယ်လူဟ ဟဲရာပြစ်မှ ကျူးလွန်ရားဇာမှေ့ရ” ဆိုပီး ပြောလေရယ်။
42အဲနော့ သူဟ ဆစ်ပီး “ကိုယ်တော်ဟ ရှင်ဘုရင်တစ်ဘားဖြစ်န အုပ်စိုးဝို့ ပလန်လာဝိုခီမှာ ကျနော့်ဝို အော့မေ့တော်မူပါ” ဆိုပီး ရှေ့ာတံလေရယ်။
43အဲခါ ကိုယ်တော်ယေရှုဟ “နန့်ဝို ငါပြောမယ်။ နန်ဟ အယ်နေ့မှာဘဲ့ ငါ့န တူတူ ပရာဒိသုဘုံ#23.43 ပရာဒိသုဘုံ ပရာဒိသုဘုံဆိုဇာဟ ဖြော့မတ်ဝိုသူဒွေရဲ့ သက်ပလန်ရှင်ဇာန နော့ဆုံးရားစီရင်ဇာဝို စော့မျှော်နေဝို ငြီးချမ်းဝိုနေရာဖြစ်ရယ်။ဆီ နန်ရော့ရှေ့လိမယ်” ဆိုပီး မိတော်မူလေရယ်။
ကိုယ်တော်ယေရှု ကွယ်လွန်တော်မူခြင်း
(ရှင်မဿဲ ၂၇.၄၅-၅၆ရှင်မာကု ၁၅.၃၃-၄၁ရှင်ယောဟန် ၁၉.၂၈-၃၀)
44အဲမိုခီဟ မွန်းဒဲ့ဂျစ်ဂျစ်ဖြစ်ဘေမဲ့ ညစ်နေသုံးနာရီထိ မိုးကောကံခုလုံးဟ မဲမှော်နေရယ်။ 45နေရဲ့ လန်းဟ ကွယ်ပျော့ရားပီး ဗိမာန်တော်မှာရှေ့ဝို မြင့်မြတ်ဆုံးနေရာဝို ဖုံးအုပ်ရားဝို ကန့်လန့်ကာဟ နှေ့ခြမ်းကွဲရားလေရယ်။ 46ကိုယ်တော်ဟလဲ ကလယ်လော်ဝိုသံန “ကျနော့်အသက်ဝို အဖဘုရားရှင်ရဲ့ လက်ထဲဝို အပ်နှံပါရယ်” ဆိုပီး ပြောပီး သက်စွန့်တော်မူလေရယ်။
47အဲမိုဖြစ်ပျစ်ဝို ဗြင်လိုက်ရဝို ရောမရာရှေ့ဒွေဟ ဘုရားရှင်ဝို ချီးမွမ်းပီး “အယ်လူဟ ဖြော့မတ်မှန်ကန်ဝိုသူဘဲ့ဖြစ်ရယ်” ဆိုပီး ပြောဂေ့လေရယ်။ 48လူထုပရိသတ်ဂီးဟ ဒုက္ခဝေဒနာခံစားရဝို ဝမ်းနည်းကြေကွဲဖွယ်ကောဝို နိဌာရုံမြင်ဂွမ်းဂီးဝို ကေ့ဝို့ စုဝေးရော့ရှေ့နေဂေ့ရယ်။ အဲနော့ သူ့နို့ဟ ကိုယ်တော်ရဲ့ ဖြစ်ဝိုဗြင်ရပီး ရင်ကွဲလုမတတ် ဝမ်းနည်းပူဆွေးစွာန သူနို့ရဲ့ အီဝို ပလန်ဂေ့လေရယ်။ 49အယ်ဘေမဲ့ ကိုယ်တော်ယေရှုရဲ့ မိဆွေဒွေန ဆွေမျိုးသားချင်းဒွေ၊ ဂါလိလဲပြည်ဟနေ လိုက်ပါလာဝို မျိုးမီးဒွေဟ ဝွီးတနေရာဟနေ ရပ်ပီး စော့ကေ့နေဂေ့လေရယ်။
ကိုယ်တော်ယေရှုဝို သင်္ဂြိုလ်ခြင်း
(ရှင်မဿဲ ၂၇.၅၇-၆၁ရှင်မာကု ၁၅.၄၂-၄၇ရှင်ယောဟန် ၁၉.၃၈-၄၂)
50အဲမိုခီမှာ ယုဒပြည် အရိမဿဲရပ်ဟ ယောသပ်ဆိုဝိုလူဟ လူရိုးလူကောတယော့ဖြစ်ပီး ဂျူးလူမျိုးဒွေရဲ့ လွှတ်တော်ဖွဲ့ဝမ် တစ်ယော့လဲဖြစ်ရယ်။ 51သူဟ ကိုယ်တော်ယေရှုဝို သတ်ဝို့ကြံစည်ခဲ့ဝို ခြားလွှတ်တော်ဖွဲ့ဝမ်ဒွေရဲ့ ဆုံးဖြတ်ချင့်န လုပ်ဆော်ချင့်ဒွေဝို ဘောတူခဲ့ရ။ အဲမိုပြင် သူဟ ဘုရားရှင်သာသနာတော် အယ်မိုလောကဝို လာမှာဝိုလဲ စော့နေဇာဖြစ်ရယ်။ 52သူဟ ကိုယ်တော်ရဲ့ ရုပ်လောတော်ဝို င်္ဂြိုလ်ခွမ့်ပြုဝို့ ပိလတ်ဘုရင်ခံဆီမှာ တောခံဝိုခီမှာ ပိလတ်ဟလဲ ခွမ့်ပြုလေရယ်။ 53ကိုယ်တော်ရဲ့ခန္ဓာကိုယ်ဝို လက်ဝါးကပ်တိုင်ပေါ်ဟနေ အော့ဝိုခလပီး ကောမွန်ဝို ပိစန ပတ်လေရယ်။ အဲနော့ က‌လော့တုံးဂီး တတုံးဝိုထွမ်းရားဝို သန်းခလိုင်းဂူသစ်ထဲမှာ ကိုယ်တော်ရဲ့ခန္ဓာကိုယ်ဝို ကောကော သင်္ဂြိုလ်လေရယ်။ 54အဲနေ့ဟ သော့ကြာနေ့ဖြစ်ပီး ဥပုသ်နေ့န နီးကပ်နေဝို ခီဖြစ်ရယ်။
55ဂါလိလဲပြည်ဟနေ ကိုယ်တော်နတူတူ လိုက်ပါလာခဲ့ဝို မျိုးမီးဒွေဟ သန်းခလိုင်းဂူဝိုရော ကိုယ်တော်ရဲ့ခန္ဓာကိုယ်ဝို ဟဲမျိုးထားဇာဝို တွီ့ဗြင်ဂေ့ရလေရယ်။ 56အဲနော့ သူနို့ဟ အီပလန်ပီး ကိုယ်တော်ဝို ပူဇော်ဝို့ ရေမွှီးန မွှီးနံ့သာဒွေဝို ဆင်သင့်ပြင်ဆင်ဂေ့ရယ်။ အယ်ဘေမဲ့ သူနို့ဟ ပညာတော်အရ ဥပုသ်နေ့မှာ နားယူလိုက်ဂေ့ရယ်။

ទើបបានជ្រើសរើសហើយ៖

ရှင်လုကာ 23: TVN

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល