ရှင်လုကာ 22
22
ခန်း (၂၂)
ကိုယ်တော်ယေရှုဝို သစ်စာဖော့ဝို့ ယုဒဘောတူညီခြင်း
(ရှင်မဿဲ ၂၆.၁-၅။ ရှင်မာကု ၁၄.၁-၂။ ရှင်ယောဟန် ၁၁.၄၅-၅၃)
1အဲနော့ ပသခါပွဲတော်ဆိုပီးခေါ်ဝို တဆေးမဲ့မုပွဲတော်ခီ နီးကပ်လာရယ်။ 2ဂျူးပုရောဟိတ်ကြီးကဲဒွေ န ကျမ်းတတ်ဆရာဒွေဟ လူဒွေဝို ကြော့ရိ ကိုယ်တော်ယေရှုဝို ဟဲမျိုးနည်းန စဖျော့ရင် ကောမယ်နူးဆိုပီး တိုင်ပန်ဂေ့ရယ်။ 3အဲနော့ သာဝက ဆယ့်နှေ့ယော့ထဲဟ ယုဒရှကာရုတ်ဆီဝို မာရ်နတ်ဟ ဝမ်ပူးလေရယ်။ 4အဲနော့ ယုဒဟ ဂျူးပုရောဟိတ်ကြီးကဲဒွေ န ဗိမာန်တော်ရာရှေ့ဒွေဆီဝို သွားပီး ကိုယ်တော်ယေရှုဝို သူ့နို့လက်ထဲဝို ဟဲမျိုးအပ်နှံရမယ်ဆိုဇာဝို ဆွေးနွေးတိုင်ဘန်လေရယ်။ 5အဲမိုလူဒွေဟလဲ ဝမ်းသာအားရဖြစ်ပီး ယုဒဝို ငွေပေးမယ်ဆိုပီး ဘောတူဂေ့လေရယ်။ 6ယုဒရှကာရုတ်လည်း ဘောတူပီး လူစုလူဝေးမှေ့ဘဲခီမှာ ကိုယ်တော်ယေရှုဝို ဖမ်းဆီးဝို့ ခွမ့်ကောဝို စော့နေလေရယ်။
ကိုယ်တော်ယေရှုဟ သူ့ဗြိတော်နှေ့ယော့ဝို ပသခါပွဲတော်ပြင်ဆင်ဝို့တွက်စေလွှတ်ခြင်း
7အဲနော့ တဆေးမဲ့မုပွဲတော်ဆိုဝို ပသခါပွဲတော်တွက် သိုးသငယ်#22.7 သိုးသငယ် ပသခါပွဲတော်မှာ ယဇ်ပူဇော်ဝို သိုးသငယ်ဟ လူဒွေဝို ကျွန်ဘဝဟနေ ကယ်တံဝို့ ကိုယ်တော်ယေရှုဝို ပူဇော်မှတ်သားနေန ကိုယ်တော်ဝို ပူဇော်ကြော မှတ်သားပြုရယ်။ဝို ပူဇော်ရဝို နေ့ဝို ရော့လာလေရယ်။ 8အဲဂျော့ ကိုယ်တော်ယေရှုဟ “ပသခါပွဲတော်ဝို နို့ဒွေဂူလုံး တူတူစားသော့ဝို့တွက် သွားပြင်ဆင်ဂေ့ပါ” ဆိုပီး ပေတရုန ယောဟန်ဝို လွှတ်လိုက်ရယ်။
9သူ့နို့ဟလဲ “ကိုယ်တော်၊ ကျနော်ဒို့ ဟယ်မှာ သွားပြင်ဆင်ရမယ်နူး” ဆိုပီး မေးခါမှာ
10ကိုယ်တော်ယေရှုဟ “နန်းနို့ဗြို့ထဲ ဝမ်ဝိုခါမှာ ရေအိုးထမ်းလာဝို ယော့ကျားတယော့ဝို တွီ့လိမယ်၊ သူ့နော့ဝိုလိုက်ပီး သူဝမ်ဝိုအီထဲဝို လိုက်ဝမ်ဝါးပါ။ 11ပီးရယ်ဆိုဝါ ‘ကိုယ်တော်ဟ ဗြိတော်ဒွေနတူတူ ပသခါပွဲတော်ညစ်ဇာဝို သုံးဆော်ရမဲ့ခန်းဟ ဟယ်မှာရှေ့နူး ဆိုပီး ကိုယ်တော်ဟ နန့်ဝိုမေးခိုင်းလိုက်ရယ်’ ဆိုပီး အီရှင်ဝို ပြောပါ။ 12အီရှင်ဟ ပေါ်ထပ်မှာရှေ့ဝို ပြင်ဆင်ပီးသား ခန်းကလယ်ဂီးဝို ပြလိမယ်၊ အဲမိုခန်းမှာ ပွဲတော်တွက် ပြင်ဆင်ဂေ့ပါ” ဆိုပီး မှာလိုက်ရယ်။
13ဗြိဒွေလဲ ထွက်ရားပီး ကိုယ်တော်ယေရှုမှာတိုင်း တွီ့ရိတွက် ပသခါပွဲတော်တွက် ပြင်ဆင်ဂေ့ရယ်။
နော့ဆုံးညစ်ဇာ
(ရှင်မဿဲ ၂၆.၂၆-၃၀။ ရှင်မာကု ၁၄.၂၂-၂၆)
14ညစ်ဇာ စားခီရော့န ကိုယ်တော်ယေရှုဟ သာဝကဒွေနတူတူ ဘွဲပေါ်မှာ ထိုင်လေရယ်။ 15အဲနော့ ကိုယ်တော်ဟ “ငါ ဒုက္ခဝေဒနာမခံစားရခမ် နန်းနို့နတူတူ အယ်ပသခါပွဲတော်ညစ်ဇာစားဝို့ စော့မျှော်နေဇာဖြစ်ရယ်။ 16နန်းနို့ဝို ငါပြောမယ်၊ ဘုရားရှင်သာသနာတော်မှာ ပသခါပွဲန ပတ်သက်သမျှ မပလဲ့မဇုံချင်း အဲပသခါညစ်ဇာဝို ငါစားမှာ မုဟန်း” ဆိုပီး ပြောလေရယ်။
17အဲနော့ ကိုယ်တော်ဟ ခွက်ဝိုယူပီး ဘုရားရှင်ဝို ချီးမွမ်းပီး၊ “အယ်မိုခွက်ဝို ယူပီး ချင်းချင်း ခွဲဝီပီး သော့ဂေ့ပါ။ 18နန်းနို့ဝို ငါပြောမယ်။ ဘုရားရှင်သာသနာတော် မလာမချင်း ခုဟနေစပီး ဝိုင်ဝို ငါ လုံးဝသော့မှာမုဟန်း” ဆိုပီး မိဆိုပီး။
19မုဝိုယူပီး ဘုရားရှင်ဝို ချီးမွမ်းပီး မုဝိုဖဲ့ပီး ဗြိတော်ဒွေဝို ပေးပီး “အယ်မုဟ နန်းနို့တွက် ငါပေးဝို ငါ့ကိုယ်ခန္ဓာဖြစ်ရယ်။ ငါ့ဝိုအော့မေ့ဝိုနေန စားသုံးဂေ့ပါ” ဆိုပီး မိတော်မူလေရယ်။
20အဲမိုမျိုးဘဲ့ စားသုံးပီးနော့ ကိုယ်တော်ဟ ခွက်ဝိုကိုင်ပီး“ အယ်ဝိုင်ဟ ဘုရားရှင် န ဒိတော်သစ်တည်ဝို့ နန်းနို့တွက် ငါသွန်းလောပေးဝို ငါ့ရဲ့သွီးဝို ကိုယ်စားပြုရယ် 21အယ်ဘေမဲ့ ငါ့ဝို ရန်သူဒွေလက်ထဲဝို အပ်နှံမဲ့သူဟ ငါ့န တူတူ စားသော့နေလေရယ်။ 22လူ့သားတော်ဟ ဘုရားရှင် လိုတော်ရှေ့ဝိုတိုင်း သွားရမှာဖြစ်ဘေမဲ့ လူ့သားတော်ဝို သစ္စာဖော့ဝိုသူကလလောဝါ ဆင်းရဲဒုက္ခဂီးန ကြုံတွီ့ရလိမယ်ဖြစ်ရယ်။” ဆိုပီး မိတော်မူလေရယ်။ 23အဲခါ ဗြိတော်ဒွေဟ ဟယ်သူဟ အဲမျိုးလုပ်ဝို့ ကြံနေဇာဖြစ်မယ်နူးဆိုပီး ချင်းချင်း မေးဂေ့လေရယ်။
ကိုယ်တော်ယေရှုဟကီးမြတ်ခြင်းကြောဝို သူ့သာဝကဒွေဝို သွန်သန်တော်မူခြင်း
24အဲနော့ ဗြိဒွေဟ သူ့နို့ထဲမှာ ဟယ်သူကီးမြတ်ဆုံးနူးဆိုပီး ကြီးကျယ်ငြင်းပွားဂေ့ရယ်။ 25အဲနော့ ကိုယ်တော်ယေရှုဟ သူ့နို့ဝို “လူမျိုးခြားဘုရင်ဒွေဟ လူဒွေဝို ကြမ်းကြမ်းတမ်းတမ်း အုပ်ချုပ်တတ်ဂေ့ရယ်။ အဲမိုအာဏာရှင်ဒွေဟ သူ့နို့ရဲ့ခွမ့်အာဏာဝို လူဒွေဝို ကြမ်းကြမ်းတမ်းတမ်း အုပ်ချုပ်ဝို့ သုံးတတ်ဂေ့ပီး သူ့နို့ကိုယ်သူ့နို့ ‘ခေါဆော်ကောဒွေ’ ဆိုပီး လူဒွေ ခေါ်ဇာခံရှင်ဂေ့ရယ်။ 26နန်းနို့ကလလော အဲမျိုးဖြစ်ဇေန၊ နန်းနို့ထဲမှာ ကီးမြတ်ဆုံးဟ ငယ်ဆုံးမျိုး ဖြစ်ရမယ်၊ ခေါဆော်ဟလဲ စေခံဝိုမျိုး ဖြစ်ရမယ်။ 27ဘွဲမှာ သုံးဆော်ဝို့ ထိုင်နေဝိုသူန စားသော့ဒွေဝို လုပ်ကျွေးပြုရဝိုသူန ဟယ်သူဟ ပိုကီးမြတ်နူး။ ဘွဲမှာထိုင်နေဝိုလူဟ ပိုပြီးကီးမြတ်ရယ်မုဝလော။ အယ်ဘေမဲ့ ငါဟ နန်းနို့တွက် စားသော့ဝို လုပ်ကျွေးပြုရဝိုသူမျိုးဘဲ့ ဖြစ်ရယ်။ 28နန်းနို့ဟ ငါ စမ်းသပ်မှုကြုံရခီမှာ ငါ့နတူတူရှေ့ပြီး ငါ့ဝို စွန့်ခွာဂေ့ရ။ 29အဲဂျော့ ဖဘုရားရှင်ဟ ငါ့ဝို ဘုရင်ဖြစ်န အပ်နှင်းတော်မူမျိုးဘဲ့၊ ငါဟလဲ နန်းနို့ဝို ငါ့န တူတူ အုပ်စိုးဝို့ ပေးအပ်မယ်။ 30ရလဒ်နေန၊ နန်းနို့ဟ ငါ့သာသနာတော်မှာ ငါ့န ဘွဲဒဲထိုင်ပီး စားသော့ရလိမယ်၊ ပီးရယ်ဆိုဝါလဲ နန်းနို့ဟ ပလ္လင်ပေါ်ထိုင်ပီး အစ္စရေး ဆယ့်နှေ့နွယ်ဝို အုပ်ချုပ်ရဝိုခွမ့်ရလိမယ်။” ဆိုပီး မိတော်မူလေရယ်။
ပေတရုငြင်းပယ်ဝို့ကြော ကိုယ်တော်ယေရှု ကြိုတံမိတော်မူခြင်း
(ရှင်မဿဲ ၂၆.၃၁-၃၅။ ရှင်မာကု ၁၄.၂၇-၃၁။ ရှင်ယောဟန် ၁၃.၃၆-၃၈)
31အဲနော့ ကိုယ်တော်ယေရှုဟ “ရှိမုန်၊ ရှိမုန်၊ ငါ့ဂါးဝို နားထော်လော့၊ လယ်သမားတစ်ယော့ဟ ဘားဇေ့ န ကော့ရိုးဝို ခွဲခြားဝိုမျိုး မာရ်နတ်ဟလဲ နန်းနို့ ငါ့ပေါ် ယုံကြည်ခြင်း ဟယ်မျှတည်မြဲကြော စမ်းသပ်ဝို့ ဘုရားရှင်ဆီ ခွမ့်တောခဲ့ရယ်။ 32အယ်ဘေမဲ့ ငါ့ပေါ် နန့်ရဲ့ ယုံကြည်ခြင်း အားမနည်းသွားအော် ငါဟဆုတောနေရယ်၊ နန်နော်ဒရပီး ပလန်လှည့်လာန ငါ့ရဲ့ခြားဗြိတော်ဒွေဝို အားပေးထော့မပါ” ဆိုပီး ပြောရယ်။
33အယ်ဘေမဲ့ ရှိမုန်ပေတရုဟ “အရှင်၊ ကျနော်ဟ အရှင်န တူတူဆိုဝါ ထော်ထဲဝမ်ဝို့လဲ သင့်ဘဲ့၊ ကိုယ်တော်နတူတူ သေဝို့ဂိုမှ သင့်ပါဘဲ့” ဆိုပီး ပြောလေရယ်။
34ကိုယ်တော်ယေရှုဟ “ပေတရု၊ ငါပြောမယ်၊ အယ်နေ့ ကြစ်မတွန်ခံ ငါ့ဝို သိရ ဆိုပီး နန် သုံးခါပြောလိမယ်” ဆိုပီး ပြောလေရယ်။
ကတ်အိ၊ ခရီးဆော်အိနထားရှယ်
35အဲနော့ ကိုယ်တော်ယေရှုဟ “ငွေအိ၊ ရိက္ခာအိ၊ ခေနပ်ဒွေ ယူသွားန ဆိုပီး ပြောပီး နန်းနို့ဝို လွှတ်လိုက်ဒူးဟ အပ်ထားဇာ ဟဲရာမှမှေ့ရလော” ဆိုပီး မေးခီမှာ သူ့နို့ဟ “မှေ့ရ” ဆိုပီး ဖြေရယ်။
36အဲမျိုးန ကိုယ်တော်ယေရှုဟ “ခုဆို ငွေအိရှေ့သူဟ ငွေအိဆော်ရားပါ၊ ရိက္ခာအိရှေ့သူဟ ရိက္ခာအိဆော်ရားပါ၊ ထားမှေ့ဘဲသူဟလည်း ကိုယ့်အန်းဂီဝို ရောပီး ထားဝယ်ပါ။ 37ဟဲဖြစ်ရိနူးဆိုဝါ နန်းနို့ဝို ငါပြောမယ်၊ ‘သူဟ ပြစ်သားတစ်ယော့ဖြစ်န ဆစ်ဆံခံရလိမယ်။’ ဘုရားရှင်ဟ အဲမိုဇာဟ ငါ့ဆီမှာ ဖြစ်ပျစ်ရမယ် ဆိုပီး ဆုံးဖြတ်ရားရိတွက် ငါ့နပတ်သက်ပီး ကျမ်းစာထဲမှာ ရေးရားဇာမှန်သမျှ မကြာခံမှာ ပလဲ့ဇုံလိမယ်” ဆိုပီး ပြောရယ်။
38ဗြိတော်ဒွေဟ “အရှင်၊ အဲမှာ ထားနှေ့လက်ရှေ့ပါရယ်” ဆိုပီး ပြောခါမှာ ကိုယ်တော်ယေရှုဟ “အဲလော့ဆိုဝါ ရပီ” ဆိုပီး ပြောရယ်။
ကိုယ်တော်ယေရှုရဲ့ဆုတောပုံ
(ရှင်မဿဲ ၂၆.၃၆-၄၆။ ရှင်မာကု ၁၄.၃၂-၄၂)
39အဲနော့ ကိုယ်တော်ယေရှုဟ သွားနေကျတိုင်း သံလွင်တော်ဝို ထွက်ရားဝိုခါမှာ ဗြိဒွေလည်း လိုက်ရားရယ်။ 40အဲနေရာဝို ရော့ခါမှာ ကိုယ်တော်ယေရှုဟ ဗြိတော်ဒွေဝို “နန်းနို့ ဖျားယောသွီးဆော်ဇာခံရဝိုခီမှာ ပြစ်မလုပ်မိအော် ဘုရားရှင်ဆီမှာ ဆုတောပါ” ဆိုပီး ပြောလေရယ်။ 41အဲနော့ ကိုယ်တော်ဟ ဗြိတော်ဒွေန ဂဲတဗျစ်စာလော့ ဝွီးဝိုနေရာဝို ထွက်ရားပီး ဒူးထော့ပီး ဘုရားရှင်ဆီမှာ ဆုတောလေရယ်။ 42“အို အဖ၊ အယ်မိုဒုက္ခဆင်းရဲဒွေဝို ခံယူစရာမလိုဘဲနရမယ်ဆိုဝါ ကျနော့်ဆီဟနေ ဖယ်ရှားပေးတော်မူပါ။ အယ်ဘေမဲ့လဲ ကျနော်ရဲ့လိုဆန္ဒတိုင်းမုဘဲန သင့်လိုတော်တိုင်းဘဲ့ ဖြစ်စေတော်မူပါ” ဆိုပီး ဆုတောလေရယ်။ 43အဲခါ ကောကံဟနေ နတ်ဒေဝါတဘား ရော့လာပီး ကိုယ်တော်ယေရှုဝို အားပေးရယ်။ 44ကိုယ်တော်ယေရှုဟ မချိတင်ကဲ ခံစားရဗျင်းရိ ခါဒိုင်းထပ်ပိုပီး သည်းသန်ဆုတောဝိုခါမှာ ချွေးဒွေဟ သွီးမျိုး မလေပေါ် တစက်စက် ကလလာရယ်။
45ကိုယ်တော်ယေရှုဟ ဆုတောဇာပီးဝိုနော့မှာ သူဟ ထပီး ဗြိတော်ဒွေဆီဝို ပလန်လာဝိုခါမှာ သူ့နို့ဟ ဝမ်းနည်းမောပန်းဗျင်းရိ အိပျော်နေဇာဝို တွီ့ရရယ်။ 46ကိုယ်တော်ယေရှုဟ “နန်းနို့ ဟဲဂျော့ရိ အိနေဂေ့နူး။ ထပီး တွီးဆော်မှုဒွေနော့ ပါမသွားအော် ဘုရားရှင်ဆီ မြဲဒမ်းဆုတောနေဂေ့ပါ” ဆိုပီး ပြောလေရယ်။
ကိုယ်တော်ယေရှုဖမ်းဆီးခံရခြင်း န သစ်စာဖော့ခံရခြင်း
(ရှင်မဿဲ ၂၆.၄၇-၅၆။ ရှင်မာကု ၁၄.၄၃-၅၀။ ရှင်ယောဟန် ၁၈.၃-၁၁)
47အဲမျိုး ပြောနေဒူးမှာဘဲ့ ရုတ်တရစ် လူအုပ်ဂီး ရော့လာလေရယ်။ သာဝက ဆယ့်နှေ့ယော့ထဲဟ ယော့ဖြစ်ဝို ယုဒရှကာရုတ်ဟ လူဒွေဝို ဦးဆော်ခေါ်လာဇာဖြစ်ရယ်။ သူဟ ကိုယ်တော်ယေရှုဆီဝို သွားပီး နမ်းလိုက်ရယ်။ 48အဲခါမှာ ကိုယ်တော်ယေရှုဟ သူ့ဝို “ယုဒ၊ နန်ဟ လူ့သားတော်ဝို အနမ်း န ရန်သူဒွေလက်ထဲဝို လွှဲပလောဝေါ့မယ်ပေါ့” ဆိုပီး မေးလေရယ်။
49နားမှာရှေ့ဝိုသူဒွေဟ ဟဲမျိုးဖြစ်မယ်ဆိုဇာဝို ရိမိပီး “အရှင်၊ ထားန ခုတ်လိုက်ရမလော” ဆိုပီး မေးလေရယ်။ 50သူ့နို့ထဲဟ ယော့ဟ ဂျူးပုရောဟိတ်ကြီးကဲရဲ့ စေခံဝို ခုတ်လိုက်ရိတွက် ညာဖက်နား ပြတ်ရားလေရယ်။
51ကိုယ်တော်ယေရှုဟ “တော်ဝေါ့” ဆိုပီး ပြောပီး အဲမိုလူနားဝို တို့လိုက်ဝိုခါမှာ ကောပကတိ ဖြစ်ရားလေရယ်။
52အဲနော့ ကိုယ်တော်ယေရှုဟ ရော့လာဝို ဂျူးပုရောဟိတ်ကြီးကဲဒွေ၊ ဗိမာန်တော်ရာရှေ့ဒွေ၊ ဂျူးလူမျိုးကြီးကဲဒွေဝို “နန်းနို့ဟ မလဖမ်းဝိုမျိုး ငါ့ဝိုဖမ်းဝို့ ထားဒွေ၊ တုတ်ဒွေ ကိုင်ပီး လာရလော။ 53နေ့ဒိုင်း ဗိမာန်တော်မှာ နန်းနို့နတူတူ ရှေ့နေဒူးဟ ငါ့ဝို ဟဲဖြစ်ရိ ဖမ်းဂေ့ရနူး၊ အယ်ဘေမဲ့လဲ ခုခီဟ နန်းနို့ရဲ့ခီ၊ မာရ်နတ်ဟ သူ့ရဲ့ဆိုးညစ်ဝိုလုပ်ဝို လုပ်နေဇာဂျော့ဖြစ်ရယ်” ဆိုပီး ပြောလေရယ်။
ကိုယ်တော်ယေရှုဝိုသိရဆိုပီး ပေတရု သုံးခါပြောခြင်း
(ရှင်မဿဲ ၂၆.၅၇-၅၈၊၆၉-၇၅။ ရှင်မာကု ၁၄.၅၃-၅၄၊၆၆-၇၂။ ရှင်ယောဟန် ၁၈.၁၂-၁၈၊၂၅-၂၇)
54အဲနော့ သူ့နို့ဟ ကိုယ်တော်ယေရှုဝို ဖမ်းပီး ဂျူးပုရောဟိတ်ကြီးကဲရဲ့ အီဝို ခေါ်သွားရယ်။ ပေတရုဟ ခပ်လှမ်းလှမ်းဟနေ လိုက်ရားလေရယ်။ 55ခြံဝင်းလယ်မှာ လူဒွေ မီးဖိုပီး ဝိုင်းထိုင်ဝိုခါမှာ ပေတရုလည်း သူ့နို့ဂျားမှာ ဝမ်ထိုင်လေရယ်။ 56ပေတရု ထိုင်ပီးမီးလှုံနေဇာဝို စေခံမရားတစ်ယော့ တွီ့ခါမှာ သေချာကေ့ပီး “သူလဲ ဟို့လူန ဖွဲ့ဒဲဘဲ့” ဆိုပီး ပြောဝိုခါမှာ။
57အဲခါ ပေတရုဟ “မျိုးမီး၊ အဲမိုလူဝို ကျနော်သိရ” ဆိုပီး ပြောလေရယ်။
58ရှစ်သားကြာန နော့တစ်ယော့ဟ ပေတရုဝို တွီ့ခါမှာ “နန်ဟလဲ သူ့ဗြိပဲ” ဆိုပီး ပြောဝိုခါမှာ “မုဝ” ဆိုပီး ထပ်ပြောလေရယ်။
59နာရီလော့ကြာခီမှာ နော့တယော့ဟ “သူဟ ဂါလိလဲပြည်သားဖြစ်ပီး ယေရှုနဖွဲ့ဒဲဆိုဇာ သေချာရယ်” ဆိုပီး တိတိကလကလပြောဝိုခါမှာ။
60အယ်ဘေမဲ့ ပေတရုဟ “မိဆွေ၊ နန် ဟဲရာဇာဒွေ ပြောနေမှန်း ငါသိရ။” ချင့်ချင်းဘဲ့ ပေတရုဟ အဲမိုဇာဝိုပြောနေဒူးမှာဘဲ့ ကြစ်တွန်လာလေရယ်။ 61အဲမိုခီမှာ ကိုယ်တော်ယေရှုဟ ပေတရုဝို လှည့်ပီးကေ့လေရယ်။ ပေတရုဟလဲ “အယ်နေ့ ကြစ်မတွန်ခံမှာ ငါ့ဝို သိရ ဆိုပီး နန် သုံးခါဂျင်းလိမယ်” ဆိုဝို ကိုယ်တော်ယေရှုဂါးဝို ဒိရရားရိတွက်။ 62ပေတရုဟ ပလန်ဝိုထွက်ရားပီး ရှိုက်ကြီးတငင်န ငိုခလလေရယ်။
ဗိမာန်တော်စော့ဒွေဟ ကိုယ်တော်ယေရှုဝို လှော်ပြော်ဂေ့ခြင်း
63အဲနော့ ဗိမာန်တော်စော့ဒွေဟ ကိုယ်တော်ယေရှုဝို လှော်ပြော်ပီး ရိုက်နှက်ဂေ့ရယ်။ 64သူ့မျစ်နှာဝို ဝတ်စနဖုံးပီး “သင်ဟ ပုရောဖက်ဆိုဝါ သင့်ဝို ဟယ်သူ ရိုက်နေနူး ဆိုဇာဝို ပြောစမ်းပါဦး” ဆိုပီး ပြောဂေ့လေရယ်။ 65အဲမိုပြင် သူ့နို့ဟ ကိုယ်တော်ယေရှုဝို ခြားဂါးဒွေနရော ကဲ့ရစ်စော်ဂါးဂေ့လေရယ်။
ဂျူးလူမျိုးကြီးကဲဒွေဟ ကိုယ်တော်ယေရှုဝို မေးခွန်းထုခြင်း
(ရှင်မဿဲ ၂၆.၅၉-၆၆။ ရှင်မာကု ၁၄.၅၅-၆၄။ ရှင်ယောဟန် ၁၈.၁၉-၂၄)
66မိုးလန်းဝိုခါမှာ ဂျူးလူမျိုးကြီးကဲဒွေဟ တူတူစုဝေးဂေ့လေရယ်။ အဲမိုထဲမှာ ဂျူးပုရောဟိတ်ကြီးကဲဒွေ န ကျမ်းတတ်ဆရာဒွေ ပါဂေ့ရယ်။ အဲနော့ သူ့နို့ဟ ကိုယ်တော်ယေရှုဝို တရားရုံးချုပ်ဆီ ခေါ်ဝါးရယ်။ 67အဲနော့ သူ့နို့ဟ ကိုယ်တော်ယေရှုဝို “သင်ဟ မေရှိယလော၊ မေရှိယမုဝလော” ဆိုပီး မေးဂေ့လေရယ်။ အယ်ဘေမဲ့ ကိုယ်တော်ယေရှုဟ “ငါပြောရယ်လဲ နန်းနို့ ယုံမှာမုဝ။ 68ငါမေးဝိုခါမှာလဲ နန်းနို့ဟ ဖြေဂေ့မှာ မုဝ။ 69ခုခီဟနေစပီး လူ့သားတော်ဟ ဂိုးကီးဒဲ့ ဘုရားရှင်ရဲ့ ညာဖက်မှာ ထိုင်လိမယ်” ဆိုပီး ပလန်ပြောလေရယ်။
70အဲခါ ဂူလုံးဟ “အဲဆို သင်ဟ ဘုရားရှင်ရဲ့သားလော” ဆိုပီး မေးဝိုခါမှာ ကိုယ်တော်ယေရှုဟ “နန်းနို့ပြောဇာ မှန်ဘဲ့” ဆိုပီး ဖြေလေရယ်။
71အဲခါ သူ့နို့ဟလဲ “ဟဲမျိုးသက်သေ လိုသေးရိနူး၊ သူကိုယ်တိုင် သက်သေထွက်ဆိုဇာဝို နို့ ကြားဂေ့ရပီဘဲ့” ဆိုပီး ပြောဂေ့လေရယ်။
ទើបបានជ្រើសរើសហើយ៖
ရှင်လုကာ 22: TVN
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Dawei (ထားဝယ်) Bible by Beyond Translation is licensed under Creative Commons Attribution-ShareAlike 4.0 License.