ရှင်လုကာ 24
24
ခန်း (၂၄)
ကိုယ်တော်ယေရှု သက်ပလန်ရှင်တော်မူခြင်း
(ရှင်မဿဲ ၂၈.၁-၁၀။ ရှင်မာကု ၁၆.၁-၈။ ရှင်ယောဟန် ၂၀.၁-၁၀)
1ရစ်သတ္တပတ်ရဲ့ ပထမဆုံးနေ့ဖြစ်ဝို နန်းနွေနေ့#24.1 နန်းနွေနေ့ ဂျူးလူမျိုးဒွေဟ နန်းနွေနေ့ဝို ရစ်သတ္တပတ်ရဲ့ ပထမဆုံးနေ့ဆိုပီး ယူဆရားဂေ့ရယ်။မိုးလန်းမှာ မျိုးမီးဒွေဟ မွှီးနံ့သာ န ရေမွှီးဒွေဝို ယူပီး ကိုယ်တော်ရဲ့ သန်းခလိုင်းဂူဆီ သွားရော့လေရယ်။ 2သူ့နို့ရော့ခီမှာ ဂူပေါ့ဝဟ ကလော့တုံးဂီးဝို သန်းခလိုင်းဂူပေါ့ဝဟနေ တယော့ယော့ဟ ဖယ်ရှားထားရိတွက်ဂျော့ ဝီးတနေရာဆီ ရော့နေဇာဝို တွီ့ရလေရယ်။ 3အယ်ဘေမဲ့ သူ့နို့ သန်းခလိုင်းဂူထဲဝို ဝမ်ခီမှာ ကိုယ်တော်ယေရှုရဲ့ ရုပ်လောဝို တွီ့ရဟန်း။ 4သူ့နို့ဟ ဟဲမျိုးဖြစ်နူးဆိုဇာဝို စဉ်းစားရိမရနိုင်ဘဲဖြစ်နေဂေ့ရယ်။ ချင့်ချင်းဘဲ့ ဖြူဖွေးတော့ပဝို ဝတ်ဆင်ထားပီး ကိုယ်ရော် ကိုယ်ဝါ တော့ပနေဝို လူနှေ့ယော့ဟ သူ့နို့ဘေးမှာ လာရပ်နေရယ်။ 5မျိုးမီးဒွေဟ ထိလန့်တူလှုသွားဂေ့ပီး မလေဂီးပေါ်မှာ ဒူးထော့ ဦးညွှတ်ဂေ့လေရယ်။ အယ်ဘေမဲ့ အဲမိုလူနှေ့ယော့ဟ “သေသူဒွေဘဲ့ ထားဝို သန်းခလိုင်းမှာ ဟဲဂျော့ သက်ရှင်နေသူဝို လာရှာနေဂေ့နူး။ 6ကိုယ်တော် အယ်နေရာမှာ မှေ့ဟန်း၊ သူဟ သေရာဟနေ သက်ပလန်ရှင်သွားပါပီ၊ သူ နန်းနို့ဝို ဂါလိလဲပြည်မှာရှေ့နေဒူးဟ ပြောရစ်ဇာဝို ဒိရဂေ့ပါ။ 7လူ့သားတော်ဝို ဒုစရိုက် ပြစ်သားဒွေလက်ထဲ အပ်နှံဂေ့လိမယ်၊ သူနို့ဟ လူ့သားတော်ဝို လက်ဝါးကပ်တိုင်မှာ တံပီးသတ်ဂေ့လိမယ်။ အယ်ဘေမဲ့ သူဟ သုံးရစ်မြော့နေ့မှာ သက်ပလန်ရှင်လိမယ်” ဆိုပီး မိတော်မူခဲ့ရယ်။ 8အဲခါ သူ့နို့ဟ ကိုယ်တော်မိတော်မူရစ်ဇာဒွေဝို မှတ်မိသွားဂေ့ရယ်။
9မာဂဒလမာရိ၊ ယောဟန္န၊ ယာကုပ်ရဲ့ မိခင်ဖြစ်သူမာရိ န ခြားမီးမ ချို့ဟ ဂူသန်းခလိုင်းဆီဝို သွားရော့ ကေ့ရှုသူဒွေဖြစ်ရယ်။ 10သာဝကဒွေဝို အဲမိုကြောရာဒွေဝို ပြောပြဝိုမျိုးမီးဒွေဟ မာဂဒလဝါသူမာရိ၊ ယောဟန္န၊ ယာကုပ်ရဲ့မိ မာရိ န ခြားမျိုးမီးဒွေဖြစ်ရယ်။ 11ဗြိတော်ဒွေဟ အဲမိုမျိုးမီးဒွေ ပြောဝို ဂါးဒွေဟ ယုတ္တိမှေ့ရဆိုပီး ယုံကြည်ဂေ့ရ။ 12အယ်ဘေမဲ့ ပေတရုဟ ဂူသန်းခလိုင်းဆီ ပြေးသွားပီး ငုံ့ကေ့လေရယ်။ ပိစဒွေဘဲ့ရှေ့ပီး ခြားဟဲရာဇာမှမှေ့ဟန်း။ အဲမိုဖြစ်ပျစ်ဝို အံ့ဩရင်း အီဝိုပလန်လေရယ်။
ကိုယ်တော်ယေရှုဟ ဧမောက်ဗြို့ဝိုသွားဝိုလမ်းမှာ ဗြိတော်နှေ့ယော့ဆီဝို ကြွလာတော်မူခြင်း
(ရှင်မာကု ၁၆.၁၂-၁၃)
13အဲနေ့မှာဘဲ့ ဗြိတော်နှေ့ယော့ဟ ဂျေရုဆလင်ဟနေ ခုနစ်မိုင်လော့ ဝီးဝိုဧမောက်ဝါဝို သွားဂေ့ရယ်။ 14သူ့နို့ဟ ကိုယ်တော်ယေရှု ဖြစ်ပျစ်ခဲ့ဒဲ့ကြောရာဒွေဝို ဆွေးနွေးပီး သွားနေဂေ့လေရယ်။ 15အဲမျိုး ယော့နယော့ ပလန်လှန် ဆွေးနွေးရင်း သွားနေခီမှာ ကိုယ်တော်ဟ သူ့နို့နတူ လမ်းရှော့ဘီး ကြွတော်မူရယ်။ 16ဗြိတော်ဒွေဟ ကိုယ်တော်ဝို မှတ်မိဂေ့ရ။
17ကိုယ်တော်ဟ “နန်းနို့ လမ်းသွားရင်း ဟဲရာဒွေပြောနေဂေ့နူး” ဆိုပီး မေးရာ
သူ့နို့ဟ မတ်တပ်ရပ်လိုက်ဂေ့ဘီး ဝမ်းနည်းစွာန ကိုယ်တော်ဝို ကေ့လိုက်ဂေ့ရယ်။ 18သူ့နို့ထဲဟ ကလောဖ နော်မယ်နလူဟ ကိုယ်တော်ဝို “လွန်ခဲ့ဝိုရစ်နည်းငယ်ဟ ဂျေရုဆလင်မှာ ဟဲရာဒွေ ဖြစ်သွားနူးဆိုဇာဝို သိဘဲလူဟ နန့်ယော့ဘဲ့ရှေ့ရယ်” ဆိုပီး ပြောလိုက်လေရယ်။
19“ဟဲရာဒွေဖြစ်ပျစ်ခဲ့ရိနူး” ဆိုပီး ကိုယ်တော်ဟ ပလန်မေးလိုက်လေရယ်။ အဲလူဟ “နာဇရက်ဗြို့သားကိုယ်တော်ယေရှုရဲ့ ဖြစ်ပျစ်ဒွေဝို ဆွေးနွေးနေဇာဖြစ်ရယ်။ သူဟ ဘုရားရှင်ဆီဟလာဝို ပရောဖက်တစ်ဘားဖြစ်ပီး ဘုရားရှင်ဟ သူ့ဝို လူဒွေဝို သွန်သန်ဝို့ န နမိလက္ခဏာဂီးဒွေ လုပ်ဆော်ဝို့ ဂိုး န ခွမ့်အာဏာပေးရားရယ်။ ဘုရားရှင်ဟလဲ သူ့ဝို တည်ပြုပီး လူဒွေများဂီးဟလဲ သူ့ဝို လက်ခံဂေ့လေရယ်။ 20အယ်ဘေမဲ့ ကျနော်ဒို့ရဲ့ ဂျူးပုရောဟိတ်ကြီးကဲဒွေ န ဂျူးလူမျိုးကြီးကဲဒွေဟ သူ့ဝို ဖမ်းပီး ရောမအာဏာပိုင်ဒွေ လက်ထဲဝို အပ်ဂေ့လေရယ်။ အဲမိုအာဏာပိုင်ဒွေဟ သူ့ဝို သေဒဏ်ခလရိတွက် သူဟ လက်ဝါးကပ်တိုင်ပေါ်မှာ သံမှိုရိုက်ပီး သတ်ခံရလေရယ်။ 21သူဟ ကျနော်ဒို့ အစ္စရေးလူမျိုးပေါဝို ဝီးချယ်ကယ်တံတော်မူမဲ့ အရှင်ဖြစ်လိမယ်ဆိုပီး မျှော်လင့်ထားဂေ့ဘေမယ့် ခုလော အယ်မိုဖြစ်ပျစ်ဒွေ ဖြစ်ဇာဟ သုံးရစ်ကြာပီဖြစ်ရယ်။ 22အယ်ဘေမဲ့ ကျနော်ဒို့ ဖွဲ့ထဲဟ မျိုးမီးချို့ဟ အံ့ဩစရာဒွေ ပြောပြခဲ့ပါရယ်၊ သူ့နို့ဟ မိုးလန်းစောစော သန်းခလိုင်းဂူဆီ သွားဝိုခါမှာ 23သူ့နို့ဟ ကိုယ်တော်ရဲ့လောတော်ဝို တွီ့ဂေ့ရ။ ဘုရားရှင်ရဲ့နတ်ဒေဝါဒွေဟ ကိုယ်တော်ယေရှုဟ သက်ပလန်ရှင်သွားပီဆိုပီး ပြောပြဝို ကြောဝို သူ့နို့ ပလန်လာခါမှာ ကျနော်ဒို့ဝို ပလန်လည်ပြောပြဂေ့ရယ်။ 24နို့ဒွေထဲဟ ချို့ဟ သန်းခလိုင်းဂူဝို သွားကေ့ဝိုခါမှာ အဲမိုမျိုးမီးဒွေပြောမျိုး ဖြစ်နေပီး သူ့နို့လည်း ကိုယ်တော်ယေရှု လောတော်ဝို တွီ့ဂေ့ရ” ဆိုပီး ပြောပြဂေ့လေရယ်။
25အဲနော့ ကိုယ်တော်ဟ ဗြိတော်နှေ့ယော့ဝို “နန်းနို့ ဟဲဂျော့နားမလည်နိုင်ဂေ့နူး။ ပရောဖက်ဒွေရဲ့ မိမှာချင့်ဒွေဝို ယုံကြည်ဝို့ ဟဲမျိုးဖြစ်ရိ နှော့နှေးနေဂေ့နူး။ 26မေရှိယဟ သူရဲ့ဘုန်းဂိုးတော်ဒွေဝို မရခမ် ဒုက္ခဝေဒနာဝို ခံစားရမယ်ဆိုဇာ သိဂေ့ရလော” ဆိုပီး ပြောပီး 27ပရောဖက်ဒွေရဲ့ ကျမ်းထဲပါရှေ့သမျှ ကြောရာဂူလုံးန မောရှေပညတ်ကျမ်းမှာ သူ့ကြောဝို ဖော်ပြခဲ့သမျှဒွေရဲ့ ကျမ်းစာနက်ဓိပ္ပါယ်ဝို ရှင်းပြတော်မူလေရယ်။
28သူ့နို့နှေ့ယော့ ဝါနားဝို ရော့လာခါမှာ ကိုယ်တော်ဟ ဝီးဝို ဆစ်လက်ထွက်ခွာဝို့ ပုံစံမျိုးဝို ဗြင်ရရိတွက် 29သူ့နို့ဟ ကိုယ်တော်ဝို “နေဝမ်မိုးချုပ်ပီး ရားဒိုင်းနော့ကလ နေပီဖြစ်ရိတွက် ကျနော်ဒို့နတူတူ တည်းခိုပါ” ဆိုပီး ကိုယ်တော်ဝို ဖိခေါ်လေရယ်။ အဲဂျော့ ကိုယ်တော်ဟ သူ့နို့နတူတူ အီထဲဝို တည်းခိုဝို့တွက် ဝမ်ရော့သွားလေရယ်။
30စားသော့ဝိုင်းမှာ ထိုင်ပီးဝိုခါမှာ ကိုယ်တော်ဟ ပါမုဝို ကိုင်ပီး ဘုရားရှင်ဝို ချီးမွမ်းပါရယ်။ ပါမုဝို ဖဲ့ပီး အဲမိုလူဒွေဝို ပေးတော်မူရယ်။ 31အဲမိုခီမှာ ဗြင်အာရုံ ဖွမ့်ပေးလိုက်ရိတွက် သူ့နို့ဟ ကိုယ်တော်ဝို မှတ်မိရားဂေ့လေရယ်။ အယ်ဘေမဲ့ ခီဒဲမှာဘဲ့ ကိုယ်တော်ဟ သူ့နို့ဆီဟနေ ပျော့ကွယ်ရားလေရယ်။ 32အဲမိုလူဒွေဟလဲ “လမ်းမှာ ကိုယ်တော်ဟ နို့ဝို ကျမ်းစာဒွေ ရှင်းပြနေဒူးဟ နို့စိထဲမှာ သူ့ဝို ရင်းရင်းနီးနီး သိရယ်ဆိုပီး ခံစားခဲ့ရရယ်မုဝလော” ဆိုပီး ချင်းချင်းပြောဆိုဂေ့လေရယ်။
33အဲနော့ သူ့နို့နှေ့ယော့ဟ ချင့်ချင်းထပီး ဂျေရုဆလင်ဝို ပလန်သွားဂေ့လေရယ်။ ဗြိတော် ဆယ့်တယော့ဟ ခြားသူဒွေန တူတူ စုဝေးရင်း ရှေ့နေဇာဝို တွီ့ရလေရယ်။ 34စုဝေးနေရင်းနရှေ့ဝို ဗြိတော်ဒွေဟ ကိုယ်တော်ယေရှုဟ သေခြင်းဟနေ မှန်ဘဲ့ သက်ပလန်ရှင်တော်မူပီး ရှိမုန်ဝို ဖူးမျှော်ခွမ့်ပေးခဲ့ကြောဝို သိဂေ့ရလေရယ်။ 35အဲခါမှာ ဧမောက်ဝါဟ ဗြိတော်နှေ့ယော့ဟလဲ လမ်းမှာ သူ့နို့ကြုံရသမျှန ပါမုဝို ဖဲ့လိုက်ခါမှာ ကိုယ်တော်ယေရှု ဖြစ်နေကြော သိလိုက်ရပုံဒွေဝို ပြောပြဂေ့လေရယ်။
ခရစ်တော် ဟ ဗြိတော်ဒွေဝိုကိုယ်ထံပြခြင်း
(ရှင်မဿဲ ၂၈.၁၆-၂၀။ ရှင်မာကု ၁၆.၁၄-၁၈။ ရှင်ယောဟန် ၂၀.၁၉-၂၃)
36ဗြိတော်ဒွေဟ အဲကြောရာ ဖြစ်ပျစ်ဒွေဝို ပြောပြနေဝိုခါမှာ ကိုယ်တော်ဟ သူ့နို့ရဲ့ လယ်မှာ ကိုယ်ထံပြတော်မူပီး သူ့နို့ဝို “ဘုရားရှင်ဟ နန်းနို့ဝို ငြီးချမ်းခြင်းဝို ပေးသနားပါစေ” ဆိုပီး မိတော်မူလေရယ်။
37အယ်ဘေမဲ့ ဗြိတော်ဒွေဟ ရဲခြော့ရယ်ထံဘီး ရားဒိုင်းကြော့လန့်ရားဂေ့လေရယ်။ 38အယ်ဘေမဲ့ ကိုယ်တော်ဟ “နန်းနို့ ဟဲဂျော့ ကြော့နေဂေ့နူး။ ဟဲဂျော့ ယုံမှားသံသယ ဝမ်နေရနူး။ 39ငါ့ရဲ့ လက်ဒွေ၊ ခေဒေါ့ဒွေဝို ကေ့လိုက်ပါ။ ငါ့ဝိုထိကေ့လိုက်ပါ။ နန်းနို့ဗြင်ရဝိုတိုင်း ငါ့မှာ သားဒွေ ရိုးဒွေရှေ့ပါရယ်” ဆိုပီး မိတော်မူလိုက်လေရယ်။
40အဲမျိုးပြောဆိုပီး သူ့လက်န ခေဒေါ့ဒွေမှာရှေ့ဝို ဒဏ်ရာဒွေဝို ပြလိုက်လေရယ်။ 41ဗြိတော်ဒွေလည်း ရားဒိုင်းဝမ်းသာပီး မယုံကြည်နိုင်လော့အော် အံ့ဩဝါးဂေ့လေရယ်။ ကိုယ်တော်ဟ သူ့နို့ဝို “စားဇာ ခုခုရှေ့လော” ဆိုပီး မေးတော်မူလေရယ်။ 42အဲခါ သူနို့ဟ ငါးကမ်တပိုင်းဝိုပေးလိုက်ဝိုခီမှာ 43ကိုယ်တော်ဟ သူနို့ရှေ့မှာဘဲ့ သုံးဆော်တော်မူလေရယ်။
ကိုယ်တော်ယေရှုဟ သူ့နော့လိုက်ဒွေဝို နော့ဆုံးညွှန်ကြားချင့် ပေးကြားခြင်း
44အဲနော့ ကိုယ်တော်ဟ “မောရှေရဲ့ပညတ်ကျမ်း၊ ပရောဖက်ဒွေရဲ့ကျမ်းဒွေန ဆာလံကျမ်းဒွေမှာ ကိုယ်တော်ရဲ့ကြော ဖော်ပြထားတိုင်း မှန်ဖြစ်လာလိမယ်” ဆိုပီး နန်းနို့ဝို ပြောပြခဲ့ဝို ကြောဒွေဟ ခုဖြစ်ပျစ်ဒွေဘဲ့ဖြစ်ရယ်။
45အဲနော့ ကျမ်းစာတော်ဝို နားလည်ဝို့တွက် ဗြိတော်ဒွေဝို သွန်သန် လမ်းပြပေးတော် မူလေရယ်။ 46အဲနော့ သူ့နို့ဝို “ကျမ်းစာဒွေမှာ ကယ်တံရှင်မေရှိယဟ ဆင်းရဲဒုက္ခဒွေဝို ခံစားရပီး သုံးရစ်မြော့နေ့မှာ သေခြင်းဟနေ သက်ပလန်ရှင်တော်မူလိမယ်။ 47အဲမိုပြင် ကျမ်းစာမှာ ကိုယ်တော်ရဲ့ဗြိတော်ဒွေဟ ပြစ်ဒွေဟနေ နော်ဒရဝိုသူဒွေဂူလုံး ခွမ့်လွှတ်ခြင်းခံရမှာ ဖြစ်ကြောဝို ဂျေရုဆလင်ဗြို့ဟနေ စပီး လူမျိုးပေါဒို့ဝို ဟောပြောရလိမယ် ဆိုပီး ဖော်ပြရားရယ်။ 48အဲဂျော့ နန်းနို့ဟလဲ အယ်မိုဖြစ်ပျစ်ဒွေဂူလုံးတွက် သက်သေဒွေဖြစ်ဂေ့ရယ်။ 49ငါဟ ငါ့ခမည်းတော် ပေးရားဝိုဒိတိုင်း နန်းနို့ဆီဝို ဉာဏ်လင်းတော်ဝို စေလွှတ်မယ်။ အဲဂျော့ နန်းနို့ဟ ရွှေဗြို့တော်ဟနေ ဂိုးတော် ပေးအပ်ဝိုခီထိ ဂျေရုဆလင်ဗြို့မှာ စော့နေဂေ့ပါ” ဆိုပီး မိတော်မူလေရယ်။
ကိုယ်တော်ယေရှု ရွှေဗြို့တော်ဝို ကြွမြန်းတော်မူခြင်း
(ရှင်မာကု ၁၆.၁၉-၂၀)
50အဲနော့ ကိုယ်တော်ဟ ဗြိတော်ဒွေဝို ခေါ်ပီး ဗေသနိ ဗြို့ပလန်တနေရာဆီဝို ကြွလှမ်းတော်မူလာလေရယ်။ အဲနေရာဝို ရော့ဝိုခါမှာ ဗြိတော်ဂူလုံးတွက် လက်တော်ဝို မြှော့ပီး ကောချီးပေးတော်မူရယ်။ 51အဲနော့ ကိုယ်တော်ယေရှုဟ သူ့နို့ဝို ကောချီးပေးနေဝိုခီမှာ သူ့နို့ဆီဟနေထွက်ရားပီး ရွှေဗြို့တော်ဝို ခေါ်ဆော်ခြင်းခံရလေရယ်။ 52ဗြိတော်ဒွေဟ ကိုယ်တော်ဝို ရှေ့ခိုးကန်တော့ဂေ့ပီး ပျော်ပျော်ရွှင်ရွှင်န ဂျေရုဆလင်ဗြို့ဝို ပလန်ရားဂေ့လေရယ်။ 53သူ့နို့ဟ ဂျေရုဆလင်ဗြို့ဝို ရော့ဝိုခါမှာ ဗိမာန်တော်မှာ ဘုရားရှင်ဝို မြဲမပြတ် ချီးမွမ်းနေဂေ့လေရယ်။
ទើបបានជ្រើសរើសហើយ៖
ရှင်လုကာ 24: TVN
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Dawei (ထားဝယ်) Bible by Beyond Translation is licensed under Creative Commons Attribution-ShareAlike 4.0 License.