ရှင်လုကာ 21

21
ခန်း (၂၁)
မုဆိုးမရဲ့လှူ
(ရှင်မာကု ၁၂.၄၁-၄၄)
1အဲနော့ ကိုယ်တော်ယေရှုဟ လူဒွေဝို မျှော်ကေ့ပီး ချမ်းသာဝိုသူဒွေဟ လှူငွေပုံးထဲဝို လှူငွေဒွေထည့်ဝမ်နေဇာဝို ဗြင်တော်မူလေရယ်။ 2ဆင်းရဲဝို မုဆိုးမတစ်ယော့ဟ တန်ဖိုးနဲဆုံးဖြစ်ဝို ကြေးနီဒန်းဂါးနှေ့ပြား#21.2 ကြေးနီဒန်းဂါးနှေ့ပြား ကြေးနီဒန်းဂါးပြား ၁၈ပြားဟ ဒေနာရီတစ်ပြား န ညီမျှရယ်။ အဲမိုဇာဟ သေးငယ်ဆုံးလှူဒါနဝို ဆိုလိုဇာဖြစ်ရယ်။ ဝို ထည့်လိုက်ဇာဝိုလဲ ဗြင်လေရယ်။ 3အဲခါ ကိုယ်တော်ယေရှုဟ “ငါ နန်းနို့ဝို မှန်ပြောပြမယ်၊ ဆင်းရဲဝို အဲမိုမုဆိုးမရဲ့ လှူငွေဟ ခြားလူဂူလုံးရဲ့ လှူငွေထက် ပိုများရယ်။ 4ဟဲဂျော့နူးဆိုဝါ ခြားသူဒွေဟ သူ့နို့ရဲ့ပိုလျှံဝိုပိုက်ဆံဟနေ ထည့်ဂေ့ဇာဖြစ်ရယ်၊ အယ်ဘေမဲ့ အယ်မိုမုဆိုးမကလလောဝါ ဆင်းရဲပေမဲ့ သူသက်ရှင်နေထိုင်ဝို့လိုအပ်ဝို သူ့မှာရှေ့သမျှ ဥစ္စာဂူလုံးဝို ထည့်လိုက်ဇာဖြစ်ရယ်” ဆိုပီး မိတော်မူလေရယ်။
ကိုယ်တော်ယေရှုဟ ဗိမာန်တော်ပျစ်စီးမဲ့ကြော န နော့ဆုံးခီရဲ့ နမိလက္ခဏာဒွေဝို ကြိုတံမိတော်မူခြင်း
(ရှင်မဿဲ ၂၄.၁-၂ရှင်မာကု ၁၃.၁-၂)
5အဲနော့ ဗိမာန်တော်ရဲ့ကလော့သားဒွေဟ ထူးထူးခြားခြားနခန့်ညားနေရိ လှူရားဝို ပစ္စည်းဒွေဟလဲ ရားဒိုင်းတင့်တယ်လှရယ် ဆိုပီး လူချို့ဟ ချီးမွမ်းပြောဆိုနေရိဂျော့ ကိုယ်တော်ဟ 6“ခု၊ နန်းနို့ဗြင်နေရသမျှဟ နေ့မှာ ဖြိုခလခံရလိမယ်၊ ကလော့တုံးတတုံးဂိုမှ ရင်နေရာမှာ ကျန်နေမှာ မုဝ” ဆိုပီး မိတော်မူလေရယ်။
7အဲခါ သူ့နို့ဟလဲ ကိုယ်တော်ဝို “ဆရာ၊အဲမိုဖြစ်ပျစ်ဒွေဟ ဟယ်ခီမှာ ဖြစ်ဝို့နူး။ အဲဇာဒွေဖြစ်မယ်ဆိုဝါ ဟဲမျိုးနမိလက္ခဏာဒွေ ဗြင်ရမယ်နူး” ဆိုပီး မေးဂေ့လေရယ်။
8ကိုယ်တော်ယေရှုဟ “နန်းနို့ သူများလှည့်ဖျားဇာ ခံရဘဲအော် ဒိထားဂေ့ပါ၊ လူဒွေဟ ငါ့ယော်ဆော်ပီး ‘ငါဟ မေရှိယဖြစ်ရယ်။ အယ်မိုဘာမလေ ပီးဆုံးဝို့ခီ ကလလာပီ’ ဆိုပီး ပြောဂေ့လိမယ်။ အယ်ဘေမဲ့ သူ့နို့ပြောဇာ ယုံဂေ့န ။ 9အဲမိုပြင် စစ်ပွဲဒွေန တော်လှန်ပူကန်ဝို ဒန်းဒွေ ကြားရခါမှာ ကြော့ပါန၊ အဲမိုဇာဒွေ ရင်ဆုံး ဖြစ်ပျစ်ရမှာဖြစ်ရယ်၊ အယ်ဘေမဲ့ ဆုံးသတ်ဟ ချင့်ချင်း ရော့လာမှာ မုဝ။”
10အဲနော့ ကိုယ်တော်ယေရှုဟ သူ့နို့ဝို “လူမျိုး မျိုးနမျိုး၊ နိုင်ငံ တနိုင်ငံန တနိုင်ငံ စစ်ဖြစ်ဂေ့လိမယ်။ 11နေရာနှံ့ပြားမှာ မလေငလျင်ဒွေ ကြီးကျယ် လှုလိမယ်၊ ငတ်မွတ်ခေါပါးမူဒွေ၊ ကပ်ရောဂါဘေးဒွေ နေရာပီး နေရာ ဖြစ်လိမယ်၊ ကြော့လန့်စရာ ဗြင်ကွမ်းဝို ဗြင်ရလိမယ်၊ ကောကံမှာ ကြော့ဝို့ကောဝို နမိလက္ခဏာဒွေ ပေါ်လာလိမယ်။
12အယ်ဘေမဲ့ အဲမိုဒွေ မဖြစ်ခမ်မှာ လူဒွေဟ ငါ့တွက်ဂျော့န နန်းနို့ဝို ဖမ်းပီး ညှဉ်းဆဲဂေ့လိမယ်။ ဓမ္မာရုံခေါတော်ဒွေရှေ့မှာ စစ်ဆေးခံရပီး ထော်ထဲဝို ပို့ပီး ပြစ်ပေးလိမယ်။ ရှင်ဘုရင်န အာဏာပိုင်ဒွေရဲ့ ရှေ့ဝို ခေါ်ပီး စစ်ဆေးဇာဝိုလဲ ကြုံဂေ့ရမယ်။ 13အယ်ဘေမဲ့ အယ်မိုဇာဟ နန်းနို့ရဲ့ ယုံကြည်ခြင်းဝို သက်သေခံဝို့ ခွမ့်ရေးဖြစ်လိမယ်။ 14အဲဂျော့ သူ့နို့ဝို ဟဲမျိုး ထုချေပြောရမယ်၊ ဟဲမျိုးကြိုတံ လုပ်ဆော်ရမယ်ဆိုဇာဝို နန်းနို့ စိုးရီဂေ့န။ 15ဟဲဖြစ်ရိနူးဆိုဝါ နန်းနို့ ပြောရဝို့ဂါး၊ လိုအပ်ဝိုဉာဏ်ပညာဒွေဝို ငါပေးမှာဖြစ်ရိတွက်ဖြစ်ရယ်။ နန်းနို့ဝို စွပ်စွဲဝိုလူဒွေဟ ဟန့်တားနိုင်မှာ၊ နန်းနို့မှားနေရယ်ဆိုပီး ပြောဆိုနိုင်မှာ မုဝ။ 16အဲမိုပြင် မိဖ၊ ညီကို၊ ဆွေမျိုး၊ မိဆွေဒွေကိုယ်တိုင်ဟ နန်းနို့ဝို သစ္စာဖော့ဂေ့လိမယ်။ နန်းနို့ထဲဟ ချို့ဝို သတ်ပစ်ဂေ့လိမယ်။ 17ငါ့တွက်ဂျော့ နန်းနို့ဝို လူဒွေမူးဂေ့လိမယ်။ 18အယ်ဘေမဲ့ စိုးရီပါန၊ ဟဲဖြစ်ရိနူးဆိုဝါ ဟယ်သူမှ နန်းနို့ဝို ထိခိုက်အော် မြဲဒမ်းလုပ်နိုင်ရ။ 19ငါ့ပေါ်ဝို ယုံကြည်ဇာဝို အားမရှော့ဘဲန အဲမိုခီဒွေဝို တော့ခံရားမယ်ဆိုဝါ ဘုရားရှင်ဟ နန်းနို့ဝို ထာဝရသက်ဝို ပေးလိမယ်။”
ဂျေရုဆလင်ဗြို့ ဝို ဖျစ်စီးပစ်ဝို့ကြော ကိုယ်တော်ယေရှု ကြိုတံဟောပြောခြင်း
(ရှင်မဿဲ ၂၄.၁၅-၂၁ရှင်မာကု ၁၃.၁၄-၁၉)
20ဂျေရုဆလင်ဗြို့ဝို စစ်တပ်ဒွေ ဝိုင်းရံထားဇာဝို နန်းနို့ ဗြင်ရဝိုခါမှာ အဲမိုဗြို့ ပျစ်ဆီးရော့မယ်ဆိုဇာဝို သိလိုက်ပါ။ 21အဲမိုခီရော့ရယ်ဆိုဝါ ယုဒပြည်မှာရှေ့နေဝိုသူဒွေဟ တော်ပေါ်ဝို ပလေးဂေ့ပါ၊ ဗြို့ထဲဟလူဒွေ ဗြို့ပလန်ထွက်ဂေ့ပါ၊ တောဝါဟ လူ‌ဒွေလည်း ဗြို့ထဲ ဝမ်နေန။ 22ဟဲဖြစ်ရိနူးဆိုဝါ အဲမိုခီဟ ကျမ်းစမှာ ရေးထားသမျှ ပလဲ့ဇုံဝို့ ပြစ်ဒဏ်ပေးဝို့ နေ့ရစ်ဒွေဘဲ့ ဖြစ်ရယ်။ 23အဲမိုခီကာလမှာ ယုဒပြည်ဟ လူဒွေဂူလုံးပေါ်မှာ ဆင်းရဲ ဒုက္ခကြီးကျယ် ကလရော့ပီး ဘုရားရှင်ရဲ့ မျစ်ဒေါသ ကလရော့မှာဖြစ်ရိတွက် ကိုယ်ဝန်ဆော်မျိုးမီးဒွေန သားဂန်းရားမိခင်ဒွေတွက် ဆိုးဝါးဆုံးဖြစ်ရယ်။ 24ချို့ဟ ထားန သတ်ခံရပီး၊ ချို့ဟ ခြားတိုင်းပြည်ဝို သုံ့ပန်းဒွေဖြစ်န ဖမ်းခေါ်ခံရလိမယ်။ လူမျိုးခြားဒွေဟ သူ့နို့ရဲ့ခေတ်မကူခံခီထိ ဂျေရုဆလင်ဗြို့ဝို သီးပိုက်ပီး ဖိနှိပ်ချုပ်ခြယ်ရားလိမယ်။
လူ့သားတော်ပလန်ကြွလာဝို့နေ့
(ရှင်မဿဲ ၂၄.၂၉-၃၁ရှင်မာကု ၁၃.၂၄-၂၇)
25“နေ၊ လ န ကြယ်တာရာဒွေမှာ ထူးခြားဝို နမိလက္ခဏာဒွေ ပေါ်လာလိမယ်၊ ဘာမလေပေါ်ဟ လူဒိုင်းဟလဲ စိဒုက္ခရော့ပီး ပမ်လယ် သမုဒ္ဒရာဒွေရဲ့ လှိုင်းတံပိုး သံဒွေဂျော့ စိုးရီနေဂေ့ပီး ဟဲရာလုပ်ရမယ်မှန်း သိဘဲအော် ကြော့ရွံ့နေဂေ့လိမယ်။ 26ဘုရားရှင်ဟ ဂိုးတော်န ကောကံပေါ်မှာရှေ့ဝို ကြယ်ဒွေ၊ ဂြိုဟ်ဒွေန ဂူလုံးဝို လှုခါစေရိတွက် လူဒွေဟ ဘာပေါ်မှာ ကလရော့လာမဲ့ ကပ်ဘေးဒွေဝို ကြိုတွီးပီး ကြော့ရွံ့ဂေ့ရိတွက် ဒိလစ်မေ့မြောဂေ့လိမယ်ဖြစ်ရယ်။ 27အဲနော့ လူ့သားတော်ဟ မိုးတီခြံရံပီး မဟာဘုန်းဂိုးတော်န လာဇာဝို လူဒွေ ဖူးဗြင်ဂေ့ရလိမယ်။ 28အဲဂျော့ အဲမိုဖြစ်ပျစ်ဒွေ စတံဖြစ်ပေါ်လာဝိုခီမှာ သတ္တိရှေ့ရှေ့နရပ်ပီး ခေါဝို ယုံကြည်မှုရှေ့ရှေ့န မော့ဝါးဂေ့ပါ။ ဟဲဖြစ်ရိနူးဆိုဝါ ဘုရားရှင်ဟ နန်းနို့ဝို ကယ်တံဝေါ့မယ်ဖြစ်ရိဂျော့ဖြစ်ရယ်။” ဆိုပီး မိတော်မူလေရယ်။
သဖန်းပမ်ပုံဥပမာ
(ရှင်မဿဲ ၂၄.၃၂-၃၅ရှင်မာကု ၁၃.၂၈-၃၁)
29ကိုယ်တော်ယေရှုဟ အဲမိုဇာနပတ်သက်ပီး ပုံဥပမာတစ်ခုဝို ပြောပြရယ်၊ “သဖန်းပမ်န ခြားပမ်ဒွေဝို ကေ့ပါ။ 30ဝက်နုပေါ်လာဇာဝို ဗြင်ရရယ်ဆိုဝါ နွေဦးရော့ဝေါ့မယ်ဆိုဇာဝို နန်းနို့ သိဂေ့ရယ်။ 31အဲမျိုးဘဲ့ ငါ ခုမိဆိုနေဇာဒွေ ဖြစ်ပေါ်လာဇာဝို ဗြင်ရရယ်ဆိုဝါ ဘုရားရှင်သာသနာတော် ပေါ်ထွန်းဝေါ့မယ်ဆိုဇာဝို သိရားဂေ့ပါ။
32ငါမှန်ဇာဝိုပြောမယ်၊ အဲမိုဖြစ်ပျစ်ဒွေဂူလုံး မဖြစ်ခံထိ အယ်လူမျိုးဆစ် လုံးဝ ကွယ်ပျော့မှာ မုဝ။ 33ကောကံ န ဘာမလေဂီးဟ ထာဝရတည်တံ့နေမှာ မုဘေမဲ့ ငါ့ဂါးဒွေဟလော ထာဝရတည်နေမှာဖြစ်ရယ်။
ကိုယ်တော်ယေရှု ပလန်လာဇာတွက် ပြင်ဆင်ရားဂေ့ပါ
34အဲဂျော့ စားလိုက်သော့လိုက်၊ ဘဝတွက်ပူပမ်လိုက်န နန်းနို့ရဲ့ခီဒွေဝို မကူစေဝို့ ဒိပြုဆင်ခြင်ဂေ့ပါ။ အဲမိုမျိုးဘဲ့ ခီဖလူးနေမယ်ဆိုဝါ နော့ဆုံးဝိုနေ့ရစ်ဟ နန့်ဆီဝို ထော်ချော့မျိုး မှတ်တမဲ့ ရော့လာလိမယ်။ 35အဲမိုနေ့ဟ ဘာမလေပေါ်မှာ နေထိုင်ဝို ရှေ့သမျှ လူဂူလုံးပေါ်ဝို သက်ရော့မှာဖြစ်ရယ်။ 36အဲဂျော့ နန်းနို့ဟလဲ ဖြစ်ပေါ်လာမဲ့ဇာဒွေဟနေ လွတ်မြော့ပီး လူ့သားတော်ရှေ့မှာ မားမားမတ်မတ်ရပ်နိုင်ဝို့ ခီရှေ့သမျှ ဆုတောနေဂေ့ပါ” ဆိုပီး မိတော်မူလေရယ်။
37အဲနော့ ကိုယ်တော်ယေရှုဟ နေ့ဇာပိုင်းဆိုဝါ ဗိမာန်တော်မှာ သွန်သန်ရယ်၊ ညစ်နေပိုင်းဒွေဆိုဝါ သံလွင်တော်ဝို ထွက်ရားပီး သူ့ခီဝိုကူခိုင်းလေ့ရှေ့ရယ်။ 38လူဒွေဟလဲ ကိုယ်တော်ယေရှုဂါးဝို ကြားနာဝို့ ဗိမာန်တော်ဝန်းဝို မိုးလန်းစောစော လာဂေ့လေရယ်။

ទើបបានជ្រើសរើសហើយ៖

ရှင်လုကာ 21: TVN

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល