ဖတ်သောအရာကို နားလည်ပါသလားSample

ဝမ်းမြောက်ခြင်းနှင့် လှမ်းသောပန်းတိုင်
ထိုသို့လမ်း၌ သွားကြစဉ် ရေရှိရာသို့ ရောက်၍၊ အမတ်ကလည်း ဤအရပ်တွင် ရေရှိပါ၏။ အကျွန်ုပ်ကို ဗတ္တိဇံမခံစေခြင်းငှာ မည်သည့်အကြောင်း ဆီးတားပါသနည်းဟု ပြောဆိုလျှင်၊ ဖိလိပ္ပုက၊ သင်သည် စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်လျှင် ခံရသည်ဟု ဆိုလေ၏။ အမတ်ကလည်း၊ ယေရှုခရစ်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူကြောင်းကို အကျွန်ုပ်ယုံကြည်ပါသည်ဟု ဝန်ခံ၍၊ ရထားကို ရပ်စေခြင်းငှာ စီရင်ပြီးမှ၊ ဖိလိပ္ပုသည် ထိုအမတ်နှင့်တကွ ရေထဲသို့ ဆင်း၍ ဗတ္တိဇံကို ပေး၏။ ရေထဲကတက်ကြလျှင်၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဖိလိပ္ပုကို ဆောင်ယူတော်မူ၍၊ အမတ်သည် ဖိလိပ္ပုကို နောက်တစ်ဖန် မတွေ့မမြင်ရ။ ဝမ်းမြောက်ဝမ်းသာခြင်းနှင့် မိမိသွားရသောလမ်းကို သွားလေ၏ (တ၊ ၈း၃၆-၃၉။ ယုဒသန်ဗားရှင်း)။
ဤအပိုင်းရှိ ကျမ်းစာ၏ ဆိုလိုရင်းကို မိတ်ဆွေနားလည်ပါက၊ အရှင်ယေရှုဘုရားသည် မိတ်ဆွေအဖို့ အရာရာဖြစ်သည်ကို သဘောပေါက်နားလည်ပါလိမ့်မည်။ ဖိလပ္ပုသည် ထိုအရင်းအမြစ်ကို သဘောပေါက်နားလည်သူဖြစ်လျက်၊ အရှင်ယေရှုဘုရားအကြောင်းကိုသာလျှင် အရာရှိထံ ဝေငှခဲ့သည်။ ကျွန်တော်သည်လည်း အရှင်ယေရှုဘုရားအကြောင်းကိုသာလျှင်၊ အကောင်းဆုံး အစဉ်ကြိုးစားဝေငှနေသူဖြစ်လျက် အရှင်ယေရှုဘုရားကို အမှီပြုသူများနှင့်လည်း တွေ့ဆုံခြင်း၌ ပျော်မွေ့သူတစ်ယောက် ဖြစ်ပါသည်။ သူတစ်ပါးကို ထောက်ပြတတ်လေ့ရှိသူတစ်ချို့မှ၊ ကျွန်တော့်အား စိတ်နှလုံးရွှင်လန်းစေသည့် အကြောင်းအရာများကိုသာ ဝေငှဖို့ ပြောလေ့ရှိကြသည်။ ထိုအရာသည် ကျွန်တော်ဟောပြောသောအရာသာ ဖြစ်ပါသည်။ အရှင်ယေရှုဘုရားအကြောင်း ကျွန်တော်ဟောပြောပါသည်။ အရှင်ယေရှုဘုရားသည် အစဉ်ရွှင်လန်စေသူ ဖြစ်ပါသည်။ သူ၌ ငြီးငွေ့ဖွယ်ရာ အလျဉ်းမရှိပါ။ သူသည် အစဉ်နုပျိုစိမ်းစိုလျက် ရှိပါသည်။
အရှင်ယေရှုဘုရားကို ယုံသူဆိုပါက၊ သူ့ထံ မိမိ၏ ခန္ဓာ၊ စိတ်၊ ဝိညာဉ် သုံးပါးစလုံးကို လုံးလုံးလျားလျား အပ်နှံထားလိုက်ပါ။ ယုံကြည်သည်နှင့် တပြိုင်နက်၊ ဗတ္တိဇံခံယူဖို့ ဆုံးဖြတ်ခဲ့သည့် အဲသယောပိအမတ်အား ကျွန်တော်လေးစားအားကျမိပါသည်။ မည်သူတစ်ဦးတစ်ယောက်မျှ ထိုသို့ဆုံးဖြတ်ရန် မတိုက်တွန်းခဲ့ပါ။ သူသည် အရှင်ယေရှုဘုရားအနောက်သို့ မတွန့်ဆုတ်ဘဲ လိုက်လိုသည့် စိတ်တစ်ခုသာရှိလျက်၊ ချက်ချင်း နာခံနိုင်ဖို့ငှာ၊ ဘုရားသခင်သည်လည်း ရေကို သူ့အတွက် ပြင်ဆင်ပေးခဲ့သည်။
သမ္မာတရားကို လုံးလုံးနာလည်ပါက၊ ထိုအရာသည် မိတ်ဆွေကို ဝမ်းမြောက်စေပါလိမ့်မည်။ ထိုအမတ်သည်လည်း ဝမ်းမြောက်ဝမ်းသာခြင်းနှင့် မိမိသွားရာလမ်းကို သွားလေ၏ဟု သမ္မာကျမ်းစာတွင် ဖော်ပြထားပါသည်။ မိတ်ဆွေသည် သမ္မာကျမ်းစာကို ဖတ်လျက် အရှင်ယေရှုဘုရားကို ယုံကြည်သူဖြစ်လင့်ကစား၊ ဘဝသည် အမှောင်အတိကျနေသကဲ့သို့ ခံစားလျက်၊ သူတစ်ပါးအားလည်း စိတ်သောကရောက်စေသူသာ ဖြစ်နေပါလျှင်၊ မိိမိ၏ ယုံကြည်ခြင်းကို ပြန်လည်ဆန်းစစ်ဖို့ လိုပါလိမ့်မည်။ သမ္မာကျမ်းစာရှိသမ္မာတရားသည် စိတ်ပျက်အားငယ်ခြင်းများကင်းဝေစေလျက် ဝမ်းမြောက်ခြင်းကို ပေးသောအရာသာ ဖြစ်ပါသည်။
မိတ်ဆွေသည် သူတပါးကယ်တင်ခြင်းရအံ့သောငှာ၊ အလေးထားမှုမရှိပါက၊ သမ္မာတရားကို ဥဿုံနားမလည်သေးသူဖြစ်ပေလိမ့်မည်။ အဲသယောပိအမတ်သည် သူ၏ ဇာတိမြို့တွင် မင်္ဂလာသတင်းကောင်းကို ဝေငှခဲ့သူဖြစ်ပေလိမ့်မည်။ သူသည် ထိုနေရာ၌ အသင်းတော်ကိုပင် အစပြုတည်ထောင်သူ ဖြစ်ကောင်းဖြစ်ခဲ့ပါလိမ့်မည်။
ဆုတောင်းပတ္ထနာပြုကြပါစို့။ ထာဝရဘုရားသခင်၊ စိတ်သက်သာဝမ်းမြောက်ခြင်းရှိမည်အကြောင်းစကားကို အကျွန်ုပ်အား ကြားစေတော်မူပါ။ ကယ်တင်တော်မူခြင်းနှင့်ယှဉ်သော ဝမ်းမြောက်ခြင်းအခွင့်ကို ပြန်၍ပေးသနားတော်မူပါ။ မယုံကြည်သူများထံ ဧဝံဂေလိတရားကို ဟောပြောစေခြင်းငှာ အကျွန်ုပ်ကို စေလွှတ်တော်မူပါ။ အာမင်။
Scripture
About this Plan

ဤအစီအစဉ်သည် တမန်တော်ဝတ္ထု အခန်းကြီး (၈) မှ ဖိလပ္ပုနှင့် အဲသယောပိ အမတ်အကြောင်းပြုစုထားသည့် ဆရာကြီးချားလ်စပါးဂျင် (Charles Spurgeon) ၏ ဓမ္မဒေသနာတော်မှ ကျမ်းချက်များကို ကောက်နုတ်ထားပါသည်။ ဤအစီအစဉ်သည် ကျမ်းချက်များ၏ ပေးလိုသောအကြောင်းအရာကို နားလည်းသဘောပေါက်စေရန် လမ်းပြကူညီပါလိမ့်မည်။ နေ့စဉ်၊ မိတ်ဆွေသည် နှုတ်ကပတ်တော်တရားနှင့် ဆရာကြီးချားလ်စ်စပါဂျင်၏ အနက်ဖွင့်ခြင်းကို ဖတ်ရှုကျက်စားပြီး၊ ကျွန်တော်တို့၏ အပြစ်များကို ထမ်းဆောင်ခဲ့သော ကယ်တင်ရှင် အရှင်ယေရှုဘုရားကို ရှာဖွေလျက်၊ ယုံကြည်ခြင်းဖြင့် ဘုရား၏ နှုတ်ကပတ်တော်ကို မည်သို့ချဉ်းကပ်ရမည်ကို အာရုံစိုက်ရပါလိမ့်မည်။
More
Related Plans

Overcoming the Trap of Self-Pity

Living Like Jesus in a Broken World

16 Characteristics of the God-Kind of Love - 1 Corinthians 13:4-8

Seasons of Hardship: Live the Jesus Way

Don’t Know What You’re Doing After Graduation? Good.

Am I Really a Christian?

Reimagine Influence Through the Life of Lydia

UNPACK This...Being a Good Teammate in Life

Positive and Encouraging Thoughts for Women: A 5-Day Devotional From K-LOVE
