ဖတ်သောအရာကို နားလည်ပါသလားSample

ကယ်တင်တော်မူခြင်း၏ သမ္မာတရား
ထိုသူသည် ညှဉ်းဆဲခြင်းနှင့် နှိမ့်ချခြင်းကို ခံ၍ နှုတ်ကို မဖွင့်ဘဲ နေ၏။ အသေသတ်ခြင်းငှာ ဆောင်သွားသော သိုးသငယ်ကဲ့သို့ သူ့ကို ဆောင်သွား၍၊ သိုးသည် အမွေးညှပ်သောသူရှေ့မှာ မမြည်ဘဲနေသကဲ့သို့၊ သူသည် နှုတ်ကို မဖွင့်ဘဲ နေ၏။ ရှေ့ဦးစွာ၊ စီရင်ခြင်းအားဖြင့် သူ့ကို ထုတ်သွားကြ၏။ အသက်ရှင်သောသူတို့၏ နေရာမှ သူ့ကို သုတ်သင်ပယ်ရှင်းသည်ဖြစ်၍၊ သူ၏ အမျိုးအနွယ်ကို အဘယ်သူ ပြညွှန်မည်နည်း။ ငါ၏ လူမျိုးအပြစ်ကြောင့် ဒဏ်ခတ်တော်မူခြင်းကို ခံလေ၏။ ပြစ်မှားခြင်းကို မပြု။ သူ၏ နှုတ်၌ မုသားမရှိသော်လည်း၊ လူဆိုးတို့နှင့်အတူ မြေမြုပ်ခြင်းငှာ စီရင်ကြ၏။ သို့ရာတွင် သေပြီးမှ သူဌေး၌ ရှိ၏ (ဟေရှာ၊ ၅၃း၇-၉။ ယုဒသန်ဗားရှင်း)။
အရာရှိဖတ်သော ကျမ်းပိုဒ်များသည် လူတိုင်းသိရမည့် အရေးကြီးဆုံး သမ္မာတရား ဖြစ်ပါသည်။ ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးအသီး လိုက်သွားကြသည်ဖြစ်၍၊ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏ အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏ (ဟေရှာ၊ ၅၃:၆)။
လူတိုင်းသည် ဤကျမ်းပိုဒ်ကို အလွတ်ကျက်သင့်ပါသည်။ ရှေ့ဦးစွာ၊ ကျွန်တော်တို့အားလုံးသည် သမ္မာတရားလမ်းမှ လမ်းလွဲနေပြီဟု သိရမည်ဖြစ်ပါသည်။ မိတ်ဆွေသည် လမ်းလွဲနေမှန်းမသိလျှင်၊ မိတ်ဆွေကို ရှာဖွေလာသော သိုးထိန်းမြတ်အပေါ် အလေးမထားနိုင်ပေ။ အပြစ်ကိလေသာ၏ ဝန်ကို ခံစားရခြင်းဖြင့် ဘုရားသခင်သည် ကျွန်တော်တို့အား အရှင်ယေရှုဘုရားနှင့် သူ၏ ကယ်တင်တော်မူခြင်းထံသို့ ဆွဲစေတော်မူသည်။
ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်ကြောင်း လူတိုင်းနားလည်သဘောပေါက်စေရန် ကျွန်တော်အလိုရှိပါသည်။ ဖြောင့်မတ်သောသူတို့ကို ကယ်တင်ခြင်းငှာ ကိုယ်တော်လာသည် မဟုတ်ဘဲ ဆိုးသောသူတို့ကို ကယ်တင်ခြင်းငှာ ကိုယ်တော်လာခဲ့သည် မဟုတ်ပါလော။ မိတ်ဆွေသည် ခြောက်ပြစ်ကင်းသဲလဲစင် ဖြစ်လျှင်၊ သူကြွလာရန် မလိုအပ်ပေ။ ဤဓမ္မတရားကို နားလည်စေပါ - ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏ အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏။ ဘုရားရှင်သည် ကျွန်တော်တို့၏ အပြစ်များကို ယူ၍ သူ၏ သားတော်အပေါ် တင်ထားတော်မူသည်။ အရှင်ယေရှုဘုရားသည် ကျွန်တော်အတွက်ကိုးစား ထိုအပြစ်ဝန်ကို သယ်ဆောင်လျက်၊ ကျွန်တော်တို့၏ ဗီဇအပြစ်နှင့် ဒုစရုက်အပြစ်များအတွက် လက်ဝါးကပ်တိုင်ပေါ်တွင် ဆင်းရဲဒုက္ခ၊ စွန့်ပစ်ခံရခြင်းနှင့် သေခြင်းဖြင့် ပေးဆပ်တော်မူသည်။
ဆုတောင်းပတ္ထနာပြုကြပါစို့။ ကိုယ်တော်ဘုရားသည် အကျွန်ုပ်အတွက် မိမိအသက်တော်ကို ပေးလှူပူဇော်ပေးသည့်အတွက် ကျေးဇူးတင်ပါ၏။ အကျွန်ုပ်သည် ကိုယ်ကုသိုလ်ကို အမှီမပြုဘဲ၊ မဟာကရုဏာတော်ကိုသာ အမှီပြုနိုင်မည်အကြောင်း မစစီရင်တော်မူပါ။ အာမင်။
Scripture
About this Plan

ဤအစီအစဉ်သည် တမန်တော်ဝတ္ထု အခန်းကြီး (၈) မှ ဖိလပ္ပုနှင့် အဲသယောပိ အမတ်အကြောင်းပြုစုထားသည့် ဆရာကြီးချားလ်စပါးဂျင် (Charles Spurgeon) ၏ ဓမ္မဒေသနာတော်မှ ကျမ်းချက်များကို ကောက်နုတ်ထားပါသည်။ ဤအစီအစဉ်သည် ကျမ်းချက်များ၏ ပေးလိုသောအကြောင်းအရာကို နားလည်းသဘောပေါက်စေရန် လမ်းပြကူညီပါလိမ့်မည်။ နေ့စဉ်၊ မိတ်ဆွေသည် နှုတ်ကပတ်တော်တရားနှင့် ဆရာကြီးချားလ်စ်စပါဂျင်၏ အနက်ဖွင့်ခြင်းကို ဖတ်ရှုကျက်စားပြီး၊ ကျွန်တော်တို့၏ အပြစ်များကို ထမ်းဆောင်ခဲ့သော ကယ်တင်ရှင် အရှင်ယေရှုဘုရားကို ရှာဖွေလျက်၊ ယုံကြည်ခြင်းဖြင့် ဘုရား၏ နှုတ်ကပတ်တော်ကို မည်သို့ချဉ်းကပ်ရမည်ကို အာရုံစိုက်ရပါလိမ့်မည်။
More
Related Plans

Overcoming the Trap of Self-Pity

Living Like Jesus in a Broken World

16 Characteristics of the God-Kind of Love - 1 Corinthians 13:4-8

Seasons of Hardship: Live the Jesus Way

Don’t Know What You’re Doing After Graduation? Good.

Am I Really a Christian?

Reimagine Influence Through the Life of Lydia

UNPACK This...Being a Good Teammate in Life

Positive and Encouraging Thoughts for Women: A 5-Day Devotional From K-LOVE
