ဖတ်သောအရာကို နားလည်ပါသလားSample

သမ္မာကျမ်းစာကို ဖတ်ရှုစဉ် ဘုရားသခင်၏ ကူညီမစခြင်း
ကျမ်းစာ၌ ဖတ်သောအချက်ဟူမူကား၊ အသေသတ်ခြင်းငှာ ဆောင်သွားသောသိုးကဲ့သို့ သူ့ကို ဆောင်သွား၍၊ သိုးသငယ်သည် အမွေးညှပ်သောသူရှေ့မှာ မမြည်ဘဲ နေသကဲ့သို့ သူသည် နှုတ်ကို မဖွင့်ဘဲ နေ၏။ နှိမ့်ချခြင်းကို ခံစဉ်တွင် သူတစ်ပါးတို့သည် ထိုသူကို မတရားသဖြင့် စီရင်ကြ၏။ ထိုသူ၏ အသက်ကို မြေကြီးက သိမ်းရုပ်သည်ဖြစ်၍၊ သူ၏ အမျိုးအနွယ်ကို အဘယ်သူပြညွှန်မည်နည်းဟု ကျမ်းစာလာသတည်း (တ၊ ၈း၃၂-၃၃။ ယုဒသန်ဗားရှင်း)။
ယုဒဘာသာကို သက်ဝင်ယုံကြည်သူ တစ်ယောက်ဖြစ်ပြီးနောက်၊ ထိုအရာရှိသည် အလွန်အန္တရာယ်ရှိလှသော ခရီးစဉ်ကို မမှုဘဲ၊ ယေရုရှလင်မြို့သို့ ခရီးနှင်ခဲ့သည်။ ခရီးသွားစဉ်တွင်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တရားကို ဖတ်ရှုလေ့လာနေခဲ့သည်။ ထိုသို့ဖတ်ရှုလေ့လာရန် ဟေရှာယအနာဂတ္တိကျမ်းကို ရွေးချယ်လေ့လာခဲ့သည်။ ဖိလိပ္ပု အသုံးပြုဖို့ရန် အကောင်းဆုံးကျမ်းပိုဒ်ကို သူဖတ်နေသည်မှာ အလွန်အံ့ဩစရာပင်ဖြစ်သည် မဟုတ်ပါလား။ ထိုကျမ်းပိုဒ်များသည် ဖိလိပ္ပုအား အကြောင်းအရာကို မပြောင်းလဲစေဘဲ၊ စိတ်နှလုံးအပြည့်နှင့်ရည်ရွယ်လျက် အပြစ်သားအားလုံးအတွက် အသေခံ၊ အသက်စွန့်တော်မူသော သိုးသငယ်အရှင်ယေရှုဘုရားအကြောင်း အတည့်အလင်း ဝေငှစေရန် အခွင့်ပေးခဲ့သည်။
လူသည် ကယ်တင်ခြင်းသို့ ရောက်စဉ်တွင် ဤထူးဆန်းသော ကြည့်ရှုပြုစုခြင်းကျေးဇူးတော်ကို မကြာခဏ ဖြစ်ပေါ်တတ်ပါသည်။ ဘုရားသခင်၏ ချိန်ကိုက်မှုနှင့် သန့်ရှင်းသောဝိညာဉ်တော်တို့၏ တစ်လုံးတစ်ဝတည်း လုပ်ဆောင်တော်မူချက်ပင်ဖြစ်သည်။ အချို့သူများအဖို့၊ မိမိတို့လေ့လာသည့်နေသည့် သမ္မာကျမ်းစာအကြောင်းအရာနှင့် တရားဟောဆရာ၏ ဓမ္မဒေသနာအကြောင်းအရာတို့သည် မကြာခဏဆိုသလို ကိုက်ညီနေတတ်သည်။ ၎င်းသည် ဘုရားသခင်၏ ကျွန်များတို့အား တစ်ခုတည်းသော ရည်မှန်းချက်ဆီသို့ တိတ်တဆိတ် လမ်းညွှန်ခံရသည်နှင့် တူပါသည်။ သာသနာကွင်းရှိ ဧဝံဂေလိဟောပြောခြင်းအကြောင်းအရာများနှင့် ဘုရားကျောင်းရှိ ဓမ္မဒေသနာအကြောင်းအရာများတို့သည် မကြာခဏ တူညီပြီး၊ ဤအမှုသည် လူများ၏ အာရုံကိုဆွဲခေါ်စေပြီး၊ သူတို့၏ နှလုံးသားကိုလည်း တို့ထိလျက် အားဖြစ်စေပါသည်။
ဆုတောင်းပတ္ထနာပြုကြပါစို့။ အနန္တတန်ခိုးရှင်မြတ်စွာဘုရားသခင်၊ ကိုယ်တော်၏ ထူးဆန်းလှသော ကြည့်ရှုပြုစုခြင်းကျေးဇူးတော်ကို ထောက်လျက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ အကျွန်ုပ်သည် သူတစ်ပါးထံ ဧဝံဂေလိတရားကို ဟောပြောစဉ်တွင်၊ ဉာဏ်သတ္တိ၊ နှုတ်သတ္တိနှင့် ထူးခြားသောတန်ခိုးတို့ကို ပေးသနားတော်မူပါ။ အာမင်။
Scripture
About this Plan

ဤအစီအစဉ်သည် တမန်တော်ဝတ္ထု အခန်းကြီး (၈) မှ ဖိလပ္ပုနှင့် အဲသယောပိ အမတ်အကြောင်းပြုစုထားသည့် ဆရာကြီးချားလ်စပါးဂျင် (Charles Spurgeon) ၏ ဓမ္မဒေသနာတော်မှ ကျမ်းချက်များကို ကောက်နုတ်ထားပါသည်။ ဤအစီအစဉ်သည် ကျမ်းချက်များ၏ ပေးလိုသောအကြောင်းအရာကို နားလည်းသဘောပေါက်စေရန် လမ်းပြကူညီပါလိမ့်မည်။ နေ့စဉ်၊ မိတ်ဆွေသည် နှုတ်ကပတ်တော်တရားနှင့် ဆရာကြီးချားလ်စ်စပါဂျင်၏ အနက်ဖွင့်ခြင်းကို ဖတ်ရှုကျက်စားပြီး၊ ကျွန်တော်တို့၏ အပြစ်များကို ထမ်းဆောင်ခဲ့သော ကယ်တင်ရှင် အရှင်ယေရှုဘုရားကို ရှာဖွေလျက်၊ ယုံကြည်ခြင်းဖြင့် ဘုရား၏ နှုတ်ကပတ်တော်ကို မည်သို့ချဉ်းကပ်ရမည်ကို အာရုံစိုက်ရပါလိမ့်မည်။
More
Related Plans

Overcoming the Trap of Self-Pity

Living Like Jesus in a Broken World

16 Characteristics of the God-Kind of Love - 1 Corinthians 13:4-8

Seasons of Hardship: Live the Jesus Way

Don’t Know What You’re Doing After Graduation? Good.

Am I Really a Christian?

Reimagine Influence Through the Life of Lydia

UNPACK This...Being a Good Teammate in Life

Positive and Encouraging Thoughts for Women: A 5-Day Devotional From K-LOVE
