ဖတ်သောအရာကို နားလည်ပါသလားSample

နှုတ်ကပတ်တော်ကို နားလည်စေလိုခြင်း
ဖိလိပ္ပုသည် ရထားသို့ ပြေး၍ ပရောဖက်ဟေရှာယ၏ ကျမ်းစာ၌ ဖတ်သည်ကို ကြားလျှင်၊ ဖတ်သောအရာကို နားလည်ပါ၏လောဟု မေးမြန်း၏။ ထိုအမတ်ကလည်း၊ သွန်သင်ပဲ့ပြင်သောသူမရှိလျှင် အဘယ်သို့ နားလည်နိုင်မည်နည်းဟု ဆိုပြီးမှ မိမိနှင့်အတူ ဖိလိပ္ပုတက်၍ ထိုင်နေပါမည်အကြောင်း တောင်းပန်၏ (တ၊ ၈း၃၀-၃၁။ ယုဒသန်ဗားရှင်း)။
ဤအဲသယောပိအရာရှိသည် ယုဒဘာသာသို့ မည်သို့ဝင်ခဲ့သည်ကို ကျွန်တော်တို့မသိကြပေ။ သူချစ်မြတ်နိုးသော သမ္မာကျမ်းစာသည် အာဗြဟံ၏ ဘုရားသခင်ကို ကိုးကွယ်စေရန် ပို့ဆောင်သည်ကို ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သမ္မာကျမ်းစာသည် လူများစွာအတွက် ၎င်းအမှုကို ပြုစေခဲ့ပါပြီ။ သူသည် ခရစ်ယာန်ဘာသာ၏ သမ္မာတရားကို စုံလင်စွာ မသိကျွမ်းသော်လည်း သူတတ်နိုင်သလောက် နားလည်စေဖို့ ကြိုးစားအားထုတ်ခဲ့ပါသည်။ သူသည် သမ္မာတရားသွားရာလမ်းကို လိုက်နာစေရန် အသင့်ရှိခဲ့ပါသည်။ ယခုခေတ်ရှိ လူများသည် မောဟစိတ်မရှိဘဲ မိမိဓမ္မစက္ခုဖွင့်ပြီး အရာရာ၌ သမ္မာသတိရှိနိုင်လျှင် မည်မျှကောင်းပါလိမ့်မည်နည်း။
မိတ်ဆွေသည် သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သောသူ ဖြစ်စေပါ။ ဘုရားသခင်သည် မိတ်ဆွေအား ဓမ္မအလင်းကို အနည်းငယ်သာ ပေးထားတော်မူလျှင်၊ ၎င်းအလင်းကို ကောင်းစွာ အသုံးပြုပါ။ ထိုသို့ပြုလျှင်၊ ဘုရားသခင်သည် ထိုဓမ္မအလင်းကို မိမိမျက်နှာတော်အလင်းကဲ့သို့ တိုးပွား၍ အလွန်ထွန်းလင်းစေတော်မူမည်။ မိမိလက်ရှိ ဓမ္မအလင်းရောင်ငယ်လေးဖြင့် ဘုရားသခင်ကို ရှာဖွေသူများသည် ကိုယ်တော်၏ စုံလင်တော်မူသော မဟာအလင်းတော်ကို ဧကန်အမှန် တွေ့ရပါလိမ့်မည်။ အနည်းငယ်သောအလင်းရောင်ငယ်အတွက် စိတ်အားမငယ်ပါနှင့်။ မိမိလက်ရှိ ဉာဏ်ပညာကို အသုံးပြုလိုက်ပါ။ လူများစွာသည် မတတ်နိုင်ဟု ညည်းတွားကြသော်လည်း သူတို့တတ်နိုင်သမျှကို ကောင်းစွာ အသုံးမပြုဘဲ နိုင်ကြပါသည်။ ၎င်းသည် သစ္စာမဲ့ခြင်းဖြစ်သည် မဟုတ်ပါလား။
ဆုတောင်းပတ္ထနာပြုကြပါစို့။ ကိုယ်တော်ဘုရား အကျွန်ုပ်အဖို့ ပေးတော်မူသော ပညာပါရမီကို အသုံးပြုပြီး၊ မုသားလမ်းကို အကျွန်ုပ် ရှောင်ပါမည်အကြောင်း ကယ်မ၍ တရားတော်ကို ပေးသနားတော်မူပါ။ သစ္စာလမ်းကို အကျွန်ုပ်ရွေးလျက် စီရင်တော်မူချက်တို့ကို အကျွန်ုပ်ရှေ့မှာ ထားတော်မူပါ။ အာမင်။
Scripture
About this Plan

ဤအစီအစဉ်သည် တမန်တော်ဝတ္ထု အခန်းကြီး (၈) မှ ဖိလပ္ပုနှင့် အဲသယောပိ အမတ်အကြောင်းပြုစုထားသည့် ဆရာကြီးချားလ်စပါးဂျင် (Charles Spurgeon) ၏ ဓမ္မဒေသနာတော်မှ ကျမ်းချက်များကို ကောက်နုတ်ထားပါသည်။ ဤအစီအစဉ်သည် ကျမ်းချက်များ၏ ပေးလိုသောအကြောင်းအရာကို နားလည်းသဘောပေါက်စေရန် လမ်းပြကူညီပါလိမ့်မည်။ နေ့စဉ်၊ မိတ်ဆွေသည် နှုတ်ကပတ်တော်တရားနှင့် ဆရာကြီးချားလ်စ်စပါဂျင်၏ အနက်ဖွင့်ခြင်းကို ဖတ်ရှုကျက်စားပြီး၊ ကျွန်တော်တို့၏ အပြစ်များကို ထမ်းဆောင်ခဲ့သော ကယ်တင်ရှင် အရှင်ယေရှုဘုရားကို ရှာဖွေလျက်၊ ယုံကြည်ခြင်းဖြင့် ဘုရား၏ နှုတ်ကပတ်တော်ကို မည်သို့ချဉ်းကပ်ရမည်ကို အာရုံစိုက်ရပါလိမ့်မည်။
More
Related Plans

Overcoming the Trap of Self-Pity

Living Like Jesus in a Broken World

16 Characteristics of the God-Kind of Love - 1 Corinthians 13:4-8

Seasons of Hardship: Live the Jesus Way

Don’t Know What You’re Doing After Graduation? Good.

Am I Really a Christian?

Reimagine Influence Through the Life of Lydia

UNPACK This...Being a Good Teammate in Life

Positive and Encouraging Thoughts for Women: A 5-Day Devotional From K-LOVE
