ခရစ်ယာန်အသက်တာ
ယုံကြည်သူများနှင့် ငွေကြေးသုံးစွဲမှု အနုပညာ
လူတိုင်း၊ ငွေသုံးရ၊ ရှာရ၊ ကိုင်ရသလို ယုံကြည်သူများလည်း ရှာဖွေကိုင်တွယ် သုံးစွဲရသည်။ ထိုသို့ကိုင်တွယ်သုံးစွဲသည့်အခါ၊ ယုံကြည်သူဖြစ်လင့်ကစား၊ သမ္မာနည်းကျကျ ငွေကို မသုံးစွဲတတ်ခြင်းသည် ယုံကြည်သူတစ်ဦးတစ်ယောက်ချင်းစီ၏ အသက်တာတွင် ထိခိုက်မှုရှိသည်နည်းတူ၊ ယုံကြည်သူများနှင့်စပ်ဆိုင်သည့် အဖွဲ့အစည်း၊ လူမှုပတ်ဝန်းကျင်ကိုပင် များစွာ ထိခိုက်ပျက်စီးစေလျက် ဘုရားဘုန်းတော်ရှုံ့ချစေသည့် အရာများဖြစ်ပေါ်စေသည်။ ထိုကြောင့်၊ ယုံကြည်သူမည်သူမဆို၊ သမ္မာနည်းလမ်းကျကျ ငွေကြေးအကြောင်းကို နားလည်သဘောပေါက်လျက် သုံးစွဲမည်ဆိုပါက ပိုမိုအကျိုးရှိ ထိရောက်ပေလိမ့်မည်ဟု ယုံကြည်မျှော်လင့်၍ ရေးသားပြုစုလိုက်ပါသည်။
အတင်းအဖျင်းစကား
ကျွန်တော်တို့ပြောဆိုသောစကားလုံးများသည် မယုံကြည်နိုင်လောက်အောင် အစွမ်းတန်ခိုးရှိကြသည်။ ဆောက်တည်စေနိုင်သလို၊ ဖြိုလှဲလည်း ပစ်နိုင်သည်။ အတင်းစကားသည် အထူးသဖြင့် အဆိပ်အတောက် ဖြစ်စေသည်။ ထို့ကြောင့်၊ မိမိအသက်တာတွင် စကားလုံးများသည် ဘယ်အခန်းကဏ္ဏမှပါဝင်ကပြနေပါသလဲ၊ သူတစ်ပါးကို ရှင်သန်စေသလား၊ ပျက်စီးစေသလား။ ဤတစ်ပတ်တာအစီအစဉ်ကို ဖတ်ရှုပါက နှုတ်မှထွက်သောစကားတို့ကို ဘုရားသခင် အလွန်တရာ အလေးအနက်ထားကြောင်းကို သိနားလည်ပေလိမ့်မည်။ တိတ်ဆိတ်စွာ နေ၍ ဘုရားရှင် ဘာပြောသည်ကို နားထောင်ပါ။