ခရစ်ယာန်အသက်တာ
အစပြုရန် (၆၀)
ရက်ပေါင်း (၆၀) အစီအစဉ်သည် မိတ်ဆွေနှင့် သခင်ယေရှု၏ မိသဟာရဖွဲ့မှုကို အစပြုရန် (သို့) ပြန်လည်စတင်ရန်အတွက် ပြင်ဆင်ထားခြင်း ဖြစ်ပါသည်။ သခင်ယေရှုနှင့် တွေ့ဆုံခြင်း၊ သခင်ယေရှု၏နောက်လိုက်များက သူ့၏သွန်သင်ချက်များအတိုင်း မည်ကဲ့သို့လိုက်လျှောက်ခဲ့သည့်အရာများကို သြဝါဒစာစောင်များ၌ ဖတ်ရှုခြင်းနှင့် ဆုတောင်းခြင်းအားဖြင့် သူနှင့်ပိုမိုရင်းနှီးကျွမ်းဝင်လာခြင်းစသည့်အရာ (၃) မျိုးကို နေ့စဉ်လုပ်ဆောင်သွားရမှာ ဖြစ်ပါသည်။
အရှင်ယေရှုဘုရား၏ ပုံဥပမာများ
ဤအစီစဉ်တွင်၊ အရှင်ယေရှုဘုရား၏ ပုံဥပမာများကို ဖော်ပြထားသလို အနက်ကိုလည်း ဖော်ပြထားပါလိမ့်မည်။ ဤအစီစဉ်တွင်၊ အနာယူနေ့များ ရှိပြီး ဘုရားသခင်၏ မဟာတန်ခိုးတော်နှင့် မေတ္တာကရုဏာတော်အကြောင်းကို အောက်မေ့သတိရစေ၍ စစ်မှန်သော ခွန်အားကို ရရှိခံစားစေဖို့ အကူအညီ ပေးပါလိမ့်မည်။
ရေနှစ်မင်္ဂလာဆိုတာ ဘာလဲ
ဗတ္တိဇံ/ရေနှစ်မင်္ဂလာဆိုတာ ဘာလဲ။ ရေနှစ်မင်္ဂလာခံသင့်သလား။ ရေနှစ်မင်္ဂလာက ဘာကြောင့် ရေးကြီးသလဲ။ ကယ်တင်ခြင်းရရှိဖို့ ရေနှစ်မင်္ဂလာခံခြင်း လိုအပ်သလား။ မိတ်ဆွေ၊ ရေနှစ်မင်္ဂလာနှင့်ပတ်သက်ပြီး လေ့လာနေတာပဲဖြစ်ဖြစ်၊ ရေနှစ်မင်္ဂလာမခံမီ (သို့) ခံပြီးတဲ့နောက် ဖတ်ရှုစရာတစ်ခုခု ရှာဖွေနေတာဖြစ်ဖြစ်၊ ဒီ life.church အစီစဉ်က ယနေ့စတင်လေ့လာရန် ပြည့်စုံပါတယ်။
လုံးဝဥဿုံပြောင်းလဲခဲ့ပြီ
အရှင်ယေရှုဘုရားသည် ကျွန်တော်တို့၏ ယခုဘဝနှင့် နောင်ဘဝကို လုံးဝဥဿုံ ပြောင်းလဲစေခြင်းငှာ၊ ဤလောကသို့ ကြွလာတော်မူသည်။ ဤအစီစဉ်တွင် ထိုပြောင်းလဲမှုများအကြောင်းကို ဖော်ပြလျက် သင်ပေးပါလိမ့်မည်။
အရှင်ယေရှုဘုရား၏ လူ့ဇာတိခံတော်မူခြင်း
ဤဓမ္မစာပေသည် လူတစ်ဦးချင်းစီအား သမ္မာကျမ်းစာကို လေ့လာပြီး ဘုရားသခင်၏ မဟာဇာတ်တော်ကြီးကို ရှာဖွေတွေ့ရှိနိုင်စေမည့် အမေးအဖြေများ ဖြစ်ပါသည်။ ဤဓမ္မစာပေသည် ဓမ္မပညာရှင်များနှင့် ဓမ္မဆရာများအဖွဲ့မှ စီရင်ရေးသားခဲ့ပြီး သမိုင်းတွင် ထင်ရှားသော အမေးအဖြေဓမ္မစာပေများမှ လမ်းညွှန်မှုရယူထားပါသည်။ ဤအမေးအဖြေစီးရီးတွင် အပိုင်းကိုးပိုင်းရှိပါသည် - ဖန်ဆင်းခြင်း၊ အပြစ်တရား၊ ပဋိညာဉ်တရားနှင့် ပညတ်တော်တရား၊ ရွေးနုတ်တော်မူခြင်းကျေးဇူးတော်၊ ကျေးဇူးတော်နှင့် အပြစ်လွှတ်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၊ အသင်းတော်နှင့် ဖန်ဆင်းခြင်းအသစ် ဖြစ်ပါသည်။
ဓမ္မဟောင်းဇာတ်တော်များမှ ဉာဏ်ပညာ
ဓမ္မဟောင်းကျမ်းသည် လူတချို့အဖို့ စိတ်ရှုပ်ပြီး နားလည်ဖို့ ခက်ခဲပါသည်။ သို့သော်၊ ဓမ္မဟောင်းဇာတ်တော်များသည် လက်တွေ့ဉာဏ်ပညာနှင့် ပြည့်စုံလှပါသည်။ ဤ (၅) ရက်တာအစီစဉ်တွင်၊ ဓမ္မဟောင်းဇာတ်တော်များကို စေ့စေ့လေ့လာလျက် မိမိယုံကြည်ခြင်းကို တိုးပွားစေသော စိန်ခေါ်ဖွယ်ရာနှင့် ခွန်အားရဖွယ်ရာတို့ကို ရှာတွေ့ရပါလိမ့်မည်။
အဝတ်အစား
လူ့ဘောင်အဖွဲ့အစည်းတွင် လူတစ်ဦးတစ်ယောက်၏ အဝတ်အစားအပေါ် အလွန်အရေးထားတတ်သည်။ သမ္မာကျမ်းစာတွင်၊ ကျွန်တော်တို့ အသွင်ဆောင်ရမည့်ပုံကို မည်သို့ပြောထားပါသနည်းဟု စူးစမ်းသိလိုကောင်းသိလိုနေလိမ့်မည်။ ထိုအမှုသည် အရေးပါလိမ့်မည်လော။ မိတ်ဆွေသည် ဘုရားသခင်၏ သားသမီးဖြစ်သောကြောင့် ထိုအမှုသည် အရေးပါကြောင်း ဤ (၇) ရက် အစီအစဉ်သည် မိတ်ဆွေကို သဘောပေါက်စေလိမ့်မည်။
ဓမ္မသစ်ကျမ်းကို တစ်ဆက်စပ်တည်း ဖတ်ပါ
ဤအစီအစဥ်သည် ဓမ္မသစ်ကျမ်းကို (၁) နှစ်အတွင်း တစ်ဆက်စပ်တည်း ဖတ်ရှုနိုင်စေမည် ဖြစ်ပါသည်။
ထာဝရဘုရား၏ အမှုတော်တို့ကို အောက်မေ့ခြင်း
လူတို့သည် မိမိအနာဂတ်ကို စွဲလမ်းလျက် ဦးစားပေးနိုင်သောသဘော ရှိကြသည်။ သို့သော်၊ မိမိအတိတ်ကို မမေ့သင့်ပါ။ ဤ (၅) ရက်တာအစီစဉ်သည်၊ အသစ်ပြုပြင်ခံသတ္တဝါ ဖြစ်စေခြင်းငှာ ဘုရားသခင်ပြုတော်မူသောကျေးဇူးတော်ကို အောက်မေ့သတိရစေမည်ဖြစ်သည်။ နေ့ရက်တိုင်း၊ ခရစ်တော်နှင့်အတူ မိမိလမ်းခရီး၏ အဓိကဖြစ်ရပ်များကို အောက်မေ့သတိရစေသော ကျမ်းပိုဒ်များနှင့် ဓမ္မစာတိုများကို ဖတ်ရှုပါလိမ့်မည်။ ပိုမိုသိလိုပါ၊ finds.life.church ကို ဝင်ကြည့်လိုက်ပါ။