ခရစ်ယာန်အသက်တာ
ဆားနှင့် အလင့်
အရှင်ယေရှုဘုရားသည် အသင်းတော်ကို ဤလောက၏ ဆားနှင့် အလင်းကို ဖြစ်စေခြင်းငှာ ခေါ်တော်မူပြီ။ ပြည့်စုံသောအသက်တာရှိစေဖို့ ဆားနှင့် အလင်းတို့ကို လိုအပ်သည်။ ဤအစီစဉ်တွင်၊ မိမိ၏ ခရစ်ယာန်အသက်တာ၌ ဆားနှင့် အလင်းအဖြစ် အကျင့်ကျင့်ခြင်းနှင့်ပတ်သက်ပြီးအကြောင့်ကို လေ့လာကြလိမ့်မည်။
စိတ်ဖိစီးမှုထက် ဝမ်းမြောက်ခြင်း - နေ့စဥ်ဝမ်းမြောက်ခြင်းအလေ့ကို ရှိစေဖို့ ဘယ်လိုလုပ်မလဲ
ကျွန်တော်တို့ဟာ စိတ်ဖိစီးမှု လွန်ကဲနေပါတယ်။ ယဥ်ကျေးမှုကတော့ လောကီပျော်ရွှင်မှုနောက်သို့ လိုက်ခြင်းဖြင့် ကျွန်တော်တို့ စိတ်ဖိစီးမှုကို ပယ်ရှာနိုင်တယ်လို့ ပြောပါတယ်။ သမ္မာကျမ်းစာကတော့၊ တခြားနည်းကို ဖော်ပြထားပါတယ်။ ဒီ (၆) ရက်တာ အစီအစဥ်ဟာ မိမိနေ့စဥ်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို သမ္မာကျမ်းစာနည်းအတိုင်း လက်တွေ့ကျကျ ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ဖော်ပြထားပါတယ်။
ဘုရားအတွက် မိမိအချိန်ကို အသုံးပြုခြင်း
ဆရာ R.C. Sproul ထံမှ (၄) ရက်တာ ဘုရားအတွက် မိမိအချိန်ကို အသုံးပြုခြင်း အစီအစဉ်ဖြစ်ပါသည်။ (၁) ရက်စီတွင် မိတ်ဆွေကို ဘုရား၏မျက်မှောက်တွင် နေထိုင်ဖို့၊ ဘုရားသခင်၏ အခွင့်အာဏာအောက်နှင့် ဘုရား၏ဘုန်းတော်အတွက် ခေါ်နေပါသည်။
သမ္မာကျမ်းစာကို စတင်ဖတ်ရှုနိုင်ပုံ
ရိုးရိုးသားသားပြောပါရစေ။ သမ္မာကျမ်းစာကိုဖတ်ခြင်းသည် ကောင်းသောအကြံဖြစ်သည်ကို ကျွန်ုပ်တို့သိသော်လည်း၊ မည်သည့်နေရာမှစတင်ရမည်ကိုသိရန် အနည်းငယ်ခက်ခဲသည်။ သမ္မာကျမ်းစာသည် ကျွန်ုပ်တို့အတွက် အဘယ်ကြောင့်အရေးကြီးကြောင်း၊ နေ့စဉ်ကျမ်းစာဖတ်ခြင်းအစီအစဉ်ကို မည်သို့စတင်ရန်နှင့် ယနေ့ ကျွန်ုပ်တို့၏နေ့စဉ်ဘဝနှင့် မည်သို့ကျင့်သုံးနိုင်ကြောင်းကို နောက်လေးရက်တွင် လေ့လာပါမည်။
အသက်ရှင်တဲ့သမ္မာကျမ်းစာ
အစအဦးချိန်ကတည်းက ဘုရားသခင်၏စကားတော်သည် နှလုံးသားနှင့် စိတ်ထဲမှာသိုထားလျက်ရှိသည်။— ဘုရားသခင်၏အမှုသည် မပြီးဆုံးသေးပါ။ ဤ (၇)ရက်အထူးအစီအစဉ်မှာ သမ္မာကျမ်းစာအားဖြင့် အသက်တာပြောင်းလဲစေဖို့အတွက် ဘုရားသခင်အထံတော်သို့ ချဉ်းကပ်ပြီး အထူးထိရောက်တဲ့သမိုင်းအချက်အလတ်ဖြင့် ဘုရားသခင်၏စကားလုံးကိုအသုံးပြုပြီး တစ်ကမ္ဘာလုံးပြောင်းလဲဖို့ ကျင်းပကြပါစို့။
ယေရှု၏သွန်သင်ချက်များ
ယေရှုသည် အကြောင်းအရာများစွာကို သင်ပေးခဲ့သည်။ ကြာရှည်ခံသော ကောင်းချီးများ၊ အိမ်ထောင်ရေး ဖောက်ပြန်မှု၊ ဆုတောင်းခြင်းနှင့်အခြားအရာများစွာ ရှိပါသည်။ ဒါက ယနေ့ခေတ် လူများအတွက် ဘာကို ဆိုလိုသနည်း။ ဤအစီစဉ်တွင် ယေရှု၏သွန်သင်ချက် တစ်ပုဒ်ကို နေ့ရက်တိုင်းအတွက် ဗီဒီယိုအတို တစ်ခုက သရုပ်ဖေါ်ထားပါသည်။
ဝိဉာာဥ်သန့်စင်ခြင်း
ကျွန်တော်တို့က ခန္ဓာကိုယ်ရှိတယ့် ဝိညာဥ်မဟုတ်ပါ။ ကျွန်တော်တို့က ဝိညာဥ်ရှိတယ့် ခန္ဓာကိုယ်ဖြစ်တယ်။ လောကကြီးက ကျွန်တော်တို့ ကိုယ်ခန္ဓာကို အဆိပ်ထုတ်ရန် သင်ကြားပေးသော်လည်း တစ်ခါတလေ ကျွန်တော်တို့ ဝိညာဥ်ကို သန့်စင်ပေးဖို့ လိုအပ်ပါတယ်။ ဒီ (၃၅) ရက်တာအစီအစဥ်က မိတ်ဆွေရဲ့ဝိညာဥ်ကို ကြေမွစေတယ့်အရာကို ဖော်ပြပြီး မိတ်ဆွေကို ဘုရားဖြစ်စေချင်တယ့်အရာကို ဘယ်အရာတွေတားဆီးနေလဲဆိုတာ ဖော်ထုတ်ပေးမှာဖြစ်တယ်။ မိမိဝိညာဥ်ကို သန့်စင်ဖို့နှင့် ပျက်စီးနေသော လွှမ်းမိုးမှုများကို ဘယ်လိုချေဖျက်နိုင်ကြောင်း ဘုရားရဲ့ နှုတ်ကပတ်တော်ကို သင်ဖတ်ကြားရမှာဖြစ်တယ်။
သဘောထား
အခြေအနေတိုင်းတွင် မှန်ကန်သောသဘောထားရှိခြင်းသည် အမှန်တကယ်ပင် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ ဤခုနစ်ရက်အစီအစဉ်သည် ကျမ်းစာရှုထောင့်ကိုဖော်ပြပေး၍ နေ့စဉ်ဖတ်စရာကျမ်းချက်တို့ကို ပြင်ဆင်ပေးပါသည်။ စာပိုဒ်ကို ဖတ်ရှုပါ။ အချိန်ယူ၍ ကိုယ့်ကိုယ်ကိုယ် မှန်ကန်စွာကြည့်ရှုပါ။ သင်၏အခြေအနေတွင် ဘုရားသခင်အား စကားပြောခွင့်ပေးပါ။
ဆာလံကျမ်း ၁ - ခရစ်ယာန်အသက်တာအတွက် အခြေခံအုတ်မြစ်
ကျွန်တော်တို့အသက်တာမှာ အခြေခံကျတဲ့ အရာတစ်ခုကို ဝေမျှချင်ပါတယ်။ ဆာလံကျမ်း (၁) မှာပါတဲ့ “မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက်၊ လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသော သူတို့၏ အစည်းအဝေး၌မထိုင်... သောသူသည် မင်္ဂလာရှိ၏။” (JBMLE, ဆာလံ ၁း၁) ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ ဒီကျမ်းပိုဒ်မှာ ခရစ်ယာန်အသက်ရှင်ခြင်းနဲ့ဆိုင်တဲ့ “ဘာကိုမလုပ်သင့်ဘူး ဘာကိုလုပ်သင့်လဲ” ဆိုတဲ့အရာကို သွန်သင်ထားပါတယ်။