ခရစ်ယာန်အသက်တာ
ဘုရားကျောင်းသို့ သွားခြင်းကို ရပ်လိုက်ပါ
ခရစ်ယာန်တို့သည် ဘုရားကျောင်းသို့ အဘယ်ကြောင့် သွားကြပါသလဲဟု စဉ်းစားဖူးပါသလား။ အသင်းတော်သည် သွားစရာနေရာတစ်ခုသာ ဖြစ်သည် မဟုတ်ပေ။ မိမိအသင်းတော်ကြောင့် ပင်ပန်းနွမ်းနယ်နေပါသလား (သို့) မိမိအသင်းတော်၌ မိမိနေရာကို ရှာမတွေ့နေပါသလား။ ဖြစ်နေပါက၊ အသင်းတော်အကြောင်း သမ္မာကျမ်းစာက ဘယ်လိုဖော်ပြထားပါသလဲဆိုသည်ကို အတူတကွ လေ့လာကြပါစို့။ သင်းအုပ်ဆရာကြီး ခရိတ်ခရိုးရှယ် (Craig Groeschel) ၏ ဘုရားကျောင်းသို့ သွားခြင်းကို ရပ်လိုက်ပါတည်းဟူသော Life.Church ၏ သမ္မာကျမ်းအစီအစဉ်ကို စတင်လိုက်ပါဦး။
လက်ဝါးကပ်တိုင်တော်၊ ကျွန်တော်တို့၏ ဘုန်းအသရေ
လက်ဝါးကပ်တိုင်တော်သည် ခရစ်ယာန်ဘာသာအတွင်း ထင်းရှားဆုံးအောက်မေ့ဖွယ်ရာ ဖြစ်သလို အရေးပါမှုလည်း အဆုံးမရှိပေ။ တရားဟောဆရာကြီး ချားလ်စ်စပါးဂျန်း (Charles Spurgeon) ၏ ဓမ္မစာတိုများသည် လက်ဝါးကပ်တိုင်တော်၏ အထီးကျန်သောစောင့်စားခြင်း၊ လက်ဝါးကပ်တိုင်တော်၏ ရက်စက်မှုနှင့် ရှင်ပြန်ထမြောက်ခြင်း၏ရွှင်လန်းခြင်းအကြောင်းကို ရှင်းလင်းစွာ ဖော်ပြစေသည်။ သူ၏ဝေါဟာရများဖြင့် ခရစ်တော်၏ စိတ်အားကြီးခြင်း၊ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း၏ အရေးပါခြင်းကို ကောင်းစွာ ဖမ်းစားထားသည်။ ဤအစီစဉ်အားဖြင့် ဘုရားသခင်၏ ဖန်ဆင်းတော်မူသော လူသားသတ္တဝါအားလုံးအတွက် မဟာမေတ္တာတော်ပိုင်တော်မူသော ကယ်တင်ရှင်၏ အသက်တော်စွန့်လွတ်ခြင်းအကြောင်းကို အောက်မေ့သတိရစေပါ။
ဘုရားသခင်၏ ဂုဏ်အင်္ဂါတော် (၇) ပါး
ဘုရားသခင်သည် မိမိမေတ္တာတော်နှင့် တန်ခိုးတော်ကို မည်သို့ပြသထားသနည်း။ သမ္မာကျမ်းစာသည် ဘုရားသခင်နှင့် မိမိဖန်ဆင်းခံလူသတ္တာဝါများဖြစ်သော ကျွန်တော်တို့နှင့် အရှင်ယေရှုခရစ်တော်အားဖြင့် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများတွင် ဆက်သွယ်တော်မူသည့်နည်းလမ်းများကို ဖော်ပြထားပါသည်။ ဤ (၇) ရက်တာအစီစဉ်တွင်၊ ဘုရားသခင်၏ ဂုဏ်အင်္ဂါတော်များအား ရှင်းလင်းစွာ ဖော်ပြထား၍ မိမိဓမ္မပညာကို ပိုမိုတိုးပွာစေလျက် ကိုယ်တော်၏ ဆုကျေးဇူးများအပေါ် ပိုမိုအလေးထားစေပါလိမ့်မည်။
ရက်ပေါင်း (၉၀) တွင် ဓမ္မသစ်ကျမ်း
လာမည့် ရက်ပေါင်း (၉၀) အတွင်း ဓမ္မသစ်ကျမ်း၏အခန်းကြီး (၂၆၀) ကို ဖြတ်သန်းလိုက်ပါ။ ရှင်မဿဲ၊ ရှင်မာကု၊ ရှင်လုကာနှင့် ရှင်ယောဟန်တို့၏ ခရစ်ဝင်ကျမ်းများမှစ၍ နောက်ဆုံးကျမ်းတည်းဟူသော ဗျာဒိတ်ကျမ်းအထိ၊ ဖတ်ရှုလျက် ကျွန်ုပ်တို့၏ ကယ်တင်ရှင်အားဖြင့် ပြောင်းလဲခံခဲ့ရသူများ၏ သွန်သင်ချက်များနှင့်အတူ ဘုရားသခင်သည် မိတ်ဆွေကို စကားပြောတော်မူလိမ့်မည်။
ပြင်းထန်လှသော လောကဓံမုန်တိုင်းများ ဖြတ်သန်းရခြင်း
ပြင်းထန်လှသော လောကဓံမုန်တိုင်းများ ဖြတ်သန်းရခြင်းမှာ မလွဲမသွေ ဖြစ်သည်။ ဤ (၄) ရက်တာ အစီစဉ်မှာ၊ ကျွန်တော်တို့သည် တစ်ယောက်တည်းမဟုတ်သလို၊ မိမိနာကျင်မှုအဖို့ အကြံစည်တော်ကို ရှိပြီး ကိုယ်တော်၏ မဟာအလိုတော်မြတ်ကို ပြည့်စုံစေဖို့ အသုံးပြုတော်မူခြင်းအကြောင်းကို လေ့လာလျက် ခွန်အားရယူလိမ့်မည်။
မိတ်ဆွေအဖို့ ခမည်းတော်ဘုရား၏ စကားတော်
အို ဘုရားသခင်၊ အကျွန်ုပ်၌ ကိုယ်တော်၏ အကြံအစည်တို့သည် အလွန်ထူးဆန်းကြပါ၏။ အလွန်များပြားကြပါ၏။ ထိုအကြံအစည်တော်တို့ကို ရေတွက်လျှင်၊ သဲလုံးနှင့်အမျှမက သာ၍ များပြားကြပါ၏။ မိတ်ဆွေသည် ကိုယ်တော်၏ နှစ်သက်မြတ်နိုးရာ သား/သမီးတော် ဖြစ်ပါသည်။ ဤအစီစဉ်သည် မိတ်ဆွေကို ခမည်းတော်ဘုရား၏ မဟာမေတ္တာတော်မြတ်၌ ဝင်စားစေခြင်းငှာ တိုက်တွန်းနိုးဆော်စေပါလိမ့်မည်။ သူ၏ မဟာမေတ္တာတော်မြတ်၌ ကြောက်ခြင်းသံဝေဂ မရှိသလို ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်မှုလည်း မရှိပေ။ ထာဝရဘုရားသည် ကိုယ်လက်ဝါး၌ မိတ်ဆွေကို စာထိုးတော်မူပြီ။
ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များ
ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။
ဝိညာဉ်ပကတိကြောင့်အသက်ရှင်ပါ - ဆရာဂျွန်ပိုက်ပါမှ ဖတ်ရှုဝတ်ပြုအစီအစဉ်
ဆရာဂျွန်ပိုက်ပါမှ သန့်ရှင်းသောဝိညာဉ်တော်အကြောင်း (၇) ရက်တာ အစီအစဉ်
ခရစ္စမတ်အကြိုနေ့များ - ခရစ်တော်ကြွလာတော်မူလိမ့်မည်
Thistlebend Ministries စီရင်ခဲ့သော ဖတ်ရှုဝတ်ပြုအစီစဉ်သည် မိမိမိသားစု (သို့) တစ်ဦးချင်းစီအဖို့ ဖြစ်ပြီး၊ မေရှိယကို ချီးမွမ်းစေခြင်းငှာ ကျွန်ုပ်တို့၏နှလုံးကို ပြင်ဆင်ထားပါသည်။ ကျွန်ုပ်တို့၏ လက်ရှိအသက်တာအဖို့ ခရစ်တော်ကြွလာခြင်း၏အနက်ကို အထူးအလေးထားပါသည်။ ဒီဇင်ဘာလ (၁) ရက်နေ့တွင် စတင်စေဖို့ စီရင်ထားပါသည်။ မိတ်ဆွေတို့အဖို့ မိမိခမည်းတော်၏ အစဉ်အမြဲတည်သော ပဋိညာဉ်မေတ္တာတော်ကို သိမြင်စေဖို့၊ ဤလမ်းညွှန်ချက်ကို အသုံးပြုခြင်းဖြင့် မိမိမိသားစုအဖို့ ထာဝရအမှတ်တရများ ဖြစ်စေလိမ့်မည်။