YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖန်ဆင်းခြင်းနမူနာ

Creation

9 ၏ နေ့ 9

ဘုရားသခင်သည် လူသားတို့ကို ဘယ်ကြောင့် ဖန်ဆင်းတောမူခဲ့သလဲ

ငါ့နာမဖြင့် သမုတ်သောသူ၊ ငါ၏ ဘုန်းအသရေဖို့ ငါဖန်ဆင်းပြုပြင်၍၊ ဧကန်စင်စစ် လုပ်ပြီးသော သူအပေါင်းတို့ကို ဆောင်ခဲ့လော့ဟု ငါပြောမည် (ဟေရှာ၊ ၄၃း၇)။

ဘုရားသခင်၏ ပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းခံရခြင်းဟူသည် အဘယ်ကို ဆိုလိုသလဲ။ ဘာအဓိပ္ပာယ်ရှိပါသလဲ။

မိတ်ဆွေသည် ဘုရားသခင်၏ ဘုန်းတော်အဖို့ ဖန်ဆင်းခံရသလို၊ ၎င်းဘုန်းတော်ကို ထင်းရှားစေဖို့လည်း ဖန်ဆင်းခံရသည် ဖြစ်ပါသည်။ မိမိမေတ္တာသည် အလွန်ကြီးမားလှသောကြောင့် လောကီသားများအား တအံ့တဩဖြစ်လျက် မိမိ၏ ကောင်းကင်ဘုံ၌ ရှိတော်မူသောအဘ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ ဘုရားသခင်အလိုရှိပါသည်။ ဘုရားသခင်သည် မိတ်ဆွေမှတစ်ဆင့် မိမိမဟာမေတ္တာကရုဏာတော်ကို ဖော်ပြလျက် လောကီသားတို့ကို ကယ်တင်စေခြင်းငှာ အကြံတော်မြတ်လည်း ရှိပါသည်။

ဘုရားသခင်၏ အမြင့်မြတ်ဆုံးသော လက်ရာတော်သည် လူများပင် ဖြစ်သည်ဟု သမ္မာတရားကို ထောက်လျက် မိမိလောကုတ္တရာဝမ်းမြောက်ခြင်းကိုလည်း ထင်ရှားစေဖို့ ဘုရားသခင်အလိုရှပါသည်။ ထို့ကြောင့်၊ ဘုရားသခင်သည် မိတ်ဆွေ၌ အားရ၍ ဝမ်းမြောက်တော်မူသည်ကို အောက်မေ့သတိရလျက် တည်ကြည်သောစိတ်ကို ရရှိခံစားစေပါ။ ကိုယ်တော်သည် မိတ်ဆွေကို အကြွင်းမဲ့ သိလျက် ပိုင်ဆိုင်တော်မူပြီ။ ယခု၊ မိတ်ဆွေသည် ၎င်းသမ္မာတရားကို ယုံကြည်လက်ခံသောအခါ၊ အဓိပ္ပာယ်ရှိသော အသက်တာ၌ ကျင်လည်နိုင်ပြီး၊ မိမိတန်ဖိုးကို ပိုမိုနားလည်၍ ခပ်သိမ်းသော သောကမီးနှင့် ကြောက်ခြင်းသံဝေဂကို ပယ်ရှားလျက် အရာရာ၌ ဘုရားသခင်၏ ရွှေဘုန်းတော်ကို ထင်ရှားစေနိုင်ပါပြီ။

ကျွန်တော်တို့၏ တန်ဖိုးသည် သူတစ်ပါး၏ ချီးမွမ်းစကား၌ တည်သောအခါ၊ မိမိမနာလိုစိတ်နှင့် ကြောက်သောစိတ်တို့ကို တိုးပွားစေ၍ ရှုံးချခြင်းသို့ ရောက်စေသည်။ အကယ်စင်စစ်၊ မိတ်ဆွေသည်ထက် ပိုမိုမြတ်သောသူများ အမြဲတမ်းရှိပါလိမ့်မည်။ ယခု၊ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတို့ကို ထိရောက်စွာ အသုံးပြုစေဖို့ အဆင်သင့်ဖြစ်ပြီလား။

ကျွန်တော်တို့သည် ဘုရားသခင်၏ ပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းခံရပြီဟု သမ္မာကျမ်းစာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါသည်။ ၎င်းသမ္မာတရားသည် လူသား၏ အနှစ်သာရ ဖြစ်ပါသည်။ ကျွန်တော်တို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ခံစေဖို့၊ မိတ်သဟာယဖွဲ့စေဖို့၊ သူတစ်ပါးကို ချစ်စေဖို့ ဖန်ဆင်းခံခဲ့ရပါသည်။ ၎င်းအမှုတို့ကိုပြုသောအခါ၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းနှင့် စိတ်ချယုံကြည်ခြင်းကို ရရှိခံစားပါလိမ့်မည်။

ဘုရားသခင်၏ ပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းခံရခြင်းသည် အလွန်မြင့်မြတ်သောအရာ ဖြစ်ပါသည်တကား။ မိမိအတိတ်သမိုင်း ကောင်းသည်ဖြစ်ပါစေ၊ မကောင်းသည်ဖြစ်ပါစေ၊ မိမိမိသားစုသည် မိတ်ဆွေကို လေးစားသည်ဖြစ်ပါစေ၊ မလေးစားသည်ဖြစ်ပါစေ၊ မည်သို့ပင်ရှိသည်ဖြစ်ပါစေ၊ ၎င်းသမ္မာတရားကို မပယ်ရှားနိုင်ကြပေ။ မိတ်ဆွေသည် ဘုရားသခင်၏ ပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းခံရသောသူတစ်ယောက် ဖြစ်ပါသည်။

ဤသည်မှာ မိတ်ဆွေ၏ ဖြစ်တည်ခြင်းနှင့် တန်ဖိုး ဖြစ်ပါသည်။ မိတ်ဆွေသည် ဘုရားသခင်၏ ပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းခံရသောသူ ဖြစ်သောကြောင့် မိမိတန်ဖိုးလည်း ထာဝရတည်ပါလိမ့်မည်။ မိမိတန်ဖိုးသည် မိမိအကျင့်တရား၌ မတည်နိုင်ချေ။

ဘုရားသခင်၏ ပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းခံရခြင်းအကြောင်းကို ဆင်ခြင်စဉ်းစားပါ။ မိတ်ဆွေသည် ဘုရားသခင်၏ နိမ္မိတသတ္တဝါ ဖြစ်သောကြောင့်၊ ကိုယ်တော်က မိတ်ဆွေ၌ အားရဝမ်းမြောက်သလို အလွန်ချစ်တော်မူသည်အကြောင်းကို စဉ်းစားကြည့်ပါ။

ဤအစီအစဉ်အကြောင်း

Creation

ဤဓမ္မစာပေသည် လူတစ်ဦးချင်းစီအား သမ္မာကျမ်းစာကို လေ့လာပြီး ဘုရားသခင်၏ မဟာဇာတ်တော်ကြီးကို ရှာဖွေတွေ့ရှိနိုင်စေမည့် အမေးအဖြေများ ဖြစ်ပါသည်။ ဤဓမ္မစာပေသည် ဓမ္မပညာရှင်များနှင့် ဓမ္မဆရာများအဖွဲ့မှ စီရင်ရေးသားခဲ့ပြီး သမိုင်းတွင် ထင်ရှားသော အမေးအဖြေစာပေများမှ လမ်းညွှန်မှုရယူထားပါသည်။ ဤအမေးအဖြေစီးရီးတွင် အပိုင်းကိုးပိုင်းရှိပါသည် - ဖန်ဆင်းခြင်း၊ အပြစ်တရား၊ ပဋိညာဉ်တရားနှင့် ပညတ်တော်တရား၊ ရွေးနှုတ်ခြင်း၊ ကျေးဇူးတော်နှင့် အပြစ်လွှတ်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၊ အသင်းတော်နှင့် ဖန်ဆင်းခြင်းအသစ် ဖြစ်ပါသည်။ ဤအပိုင်းသည် ပထမအပိုင်း ဖြစ်ပါသည်။

More

ဤအစီအစဉ်ကို ပံ့ပိုးပေးသည့်အတွက် OneHope အား ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ http://feed.bible သွားရောက်ကြည့်ရှုပါ။