YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖန်ဆင်းခြင်းနမူနာ

Creation

9 ၏ နေ့ 1

ကျွန်တော်သည် ဘာကြောင့် အသက်ရှင်နေပါသလဲ

မြတ်စွာဘုရားသခင်ကို ချစ်၍ မိမိကာယကံ၊ ဝစီကံ၊ မနောကံတို့ဖြင့် သူ၏ ကောင်းမြတ်ခြင်းနှင့် ရွှေဘုန်းတော်ကို ထင်ရှားစေခြင်းငှာ အသက်ရှင်နေသည် ဖြစ်ပါသည်။

ကျွန်တော်သည် ဘာကြောင့် အသက်ရှင်နေပါသလဲ။ ကျွန်တော်၏ ရည်ရွယ်ချက်က ဘာလဲ။ ဤမေးမြန်းအပ်သော ပုစ္ဆာကို ရှောင်လို့မရနိုင်ပေ။ လောကီသီချင်းများ၊ လောကီဇာတ်ကားများနှင့် လောကီကဗျာများတို့သည် ၎င်းအရာတို့ကို မေးမြန်းတတ်ပါသည်။ မိတ်ဆွေလည်း မိမိ၏ မနောစိတ်ထဲ၌ ၎င်းမေးခွန်ကို ထပ်သလဲလဲ မေးနေပါသလား။

ဤမေးခွန်ပုစ္ဆာ၏ အဖြေက အလွန်တရာ ရှင်းလင်းလှပါသည်။ မိတ်ဆွေသည် ဘုရားသခင်ကို သိ၍ ရှိခိုးစေခြင်းငှာ ဖန်ဆန်းခံခဲ့ပါသည်။ မိမိအသက်တာ၏ အဓိကရည်ရွယ်ချက်မှာ၊ မိမိအထဲရှိ သန့်ရှင်းသောဝိညာဉ်ဘုရား၏ တန်ခိုးတော်အားဖြင့် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့လျက် အရှင်ယေရှုဘုရားကဲ့သို့ အသက်ရှင်စေဖို့ရန် ဖြစ်ပါသည်။

သို့သော်၊ မိမိအသက်တာ၌ ဤအမှုကို ဘယ်လိုဖြစ်သလဲ။ ဘယ်လိုကျင့်နိုင်မလဲ

ဘုရားသခင်ကို သိ၍ ထိရောက်စွာ ချစ်စေဖို့ ဤသို့ပြုကြပါစို့။

၁။ ဆုတောင်းပတ္ထနာပြုခြင်းဖြင့် ဘုရားသခင်ထံ မိတ်သဟာယဖွဲ့ပါ။ ထူးဆန်းသော ဘာသာရေးဓလေ့များနှင့် ဥပဒေသများမရှိဘဲလျက် မိမိပတ္ထနာစကားကို ကိုယ်တော်မြတ်ထံ လွတ်လပ်စွာ လွှင့်လိုက်ပါ။ တစ်ယောက်တည်းဆုတောင်းနိုင်သလို၊ မိမိဓမ္မမိတ်ဆွေများနှင့်အတူ ဆုတောင်းနိုင်ပါသည်။ ဘုရားသခင်ရှေ့တော်၌ မိမိစိတ်နှလုံးကို ဖွင့်ပြပါ။ ဘုရားသခင်သည် ကျွန်တော်တို့ခိုလှုံရာ ဖြစ်တော်မူသည်။

၂။ ဘုရားသခင်နှင့် မိတ်သဟာယပိုမိုဖွဲ့စေဖို့ သမ္မာကျမ်းစာကို ပိုမိုမတ်ရှုလေ့လာကြပါစို့။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ ဂုဏ်အင်္ဂါတော်များနှင့် မိတ်ဆွေဖို့ ဘုရားသခင်၏ မဟာမေတ္တာတော်မြတ်ကို ဖော်ပြထားပါသည်။ ဘုရားသခင်ကို သိ၍ မိတ်သဟာယဖွဲ့ခြင်းနည်းကို နှုတ်ကပတ်တော်တရားအားဖြင့် သိရပါသည်။

၃။ တရားကို ကျင့်သောသူဖြစ်စေပါ။ သမ္မာကျမ်းစာဖတ်လျက်၊ ဆုတောင်းလျက် နေသောအခါ၊ ကိုယ်တော်သည် အခြားသူတစ်ပါးတို့ကို ချစ်စေဖို့ တံခါးများအား ဖွင့်ပေးတော်မူပါလိမ့်မည်။ ဤအမှုသည် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားဖွယ်ရာ ဖြစ်ပါသည်။

ထို့ကြောင့်၊ (၁) ဆုတောင်းပတ္ထနာပြုပါ။ (၂) သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာပါ။ (၃) သူတစ်ပါးကို ချစ်ပါ။ ၎င်းရိုးရှင်းလှသောနည်းလမ်းများဖြင့် ဘုရားသခင်ကို ရှာတွေ့နိုင်ပါသည်။ ယင်းသည် ကျွန်တော်တို့၏ စစ်မှန်သော တာဝန်ဝတ္တရား၊ ရည်ရွယ်ချက်နှင့် ဘဝအဓိကသော့ချက် ဖြစ်ပါသည်။

ဘုရားသခင်သည် မိမိနှုတ်ကပတ်တော်အားဖြင့် သာ၍ထင်ရှားစေဖို့ ဆုတောင်းပါ။

ဤအစီအစဉ်အကြောင်း

Creation

ဤဓမ္မစာပေသည် လူတစ်ဦးချင်းစီအား သမ္မာကျမ်းစာကို လေ့လာပြီး ဘုရားသခင်၏ မဟာဇာတ်တော်ကြီးကို ရှာဖွေတွေ့ရှိနိုင်စေမည့် အမေးအဖြေများ ဖြစ်ပါသည်။ ဤဓမ္မစာပေသည် ဓမ္မပညာရှင်များနှင့် ဓမ္မဆရာများအဖွဲ့မှ စီရင်ရေးသားခဲ့ပြီး သမိုင်းတွင် ထင်ရှားသော အမေးအဖြေစာပေများမှ လမ်းညွှန်မှုရယူထားပါသည်။ ဤအမေးအဖြေစီးရီးတွင် အပိုင်းကိုးပိုင်းရှိပါသည် - ဖန်ဆင်းခြင်း၊ အပြစ်တရား၊ ပဋိညာဉ်တရားနှင့် ပညတ်တော်တရား၊ ရွေးနှုတ်ခြင်း၊ ကျေးဇူးတော်နှင့် အပြစ်လွှတ်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၊ အသင်းတော်နှင့် ဖန်ဆင်းခြင်းအသစ် ဖြစ်ပါသည်။ ဤအပိုင်းသည် ပထမအပိုင်း ဖြစ်ပါသည်။

More

ဤအစီအစဉ်ကို ပံ့ပိုးပေးသည့်အတွက် OneHope အား ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ http://feed.bible သွားရောက်ကြည့်ရှုပါ။