YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖန်ဆင်းခြင်းနမူနာ

Creation

9 ၏ နေ့ 8

ဘုရားသခင်သည် လူသားတို့ကို ဘယ်လိုဖန်ဆင်းတောမူခဲ့သလဲ

ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့် တညီတသဏ္ဌာန်တည်း လူကို ဖန်ဆင်းတော်မူခဲ့သည်။

ကျွန်တော်တို့သည် ရှုပ်ထွေးလှသော သင်္ခါရလောက၌ နေထိုင်ကြပါသည်။ ၎င်းသည် သမ္မာတရားပင် ဖြစ်ပါသည်။ သို့သော်၊ မတူညီသော အချိန်ကာလများတွင် မတူညီသော မေးခွန်းများကို ရင်ဆိုင်ခဲ့ပါသည်။ ယခုခေတ်တွင်၊ ကျား/မ နှင့် လိင်ဆိုင်ရာ မေးခွန်းပုစ္ဆာများသည် အလွန်ရှုပ်ထွေးသောကြောင့် သင်းခွဲခြင်းနှင့် မှားယွင်းခြင်းတို့ကို ဖြစ်စေတတ်ပါသည်။ ကျား/မ ဆိုသည်မှာ အမှန်တကယ်ရှိပါသား။ လူများသည် မိမိမွေးရာပါ ခန္ဓာဗေဒကို လက်မခံဘဲ မိမိယောက်ျားဖြစ်မှု (သို့) မိန်းမဖြစ်မှုကို ကိုယ့်ကိုယ်ကို ဆုံးဖြတ်ချနိုင်ပါသလား။

ကျွန်တော်တို့သည် ဤရှုပ်ထွေးလှသော မေးခွန်းပုစ္ဆာများတို့ကို အချိန်တန် ရင်ဆိုင်ရမည် ဖြစ်ပါသည်။ သို့ရာတွင်၊ သမ္မာကျမ်းစာက ဤမေးခွန်းပုစ္ဆာများအကြောင်းကို ဘယ်လိုဖော်ပြထားပါသလဲ။

(က၊ ၁) တွင်၊ ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်းတော်မူသည်ဟု ဖော်ပြထားပါသည်။ ဘုရားသခင်သည် မိမိနိမ္မိတသတ္တဝါများတို့နှင့်အတူ မိတ်သဟာယဖွဲ့လျက် အမှုတော်မြတ်၌ အတူတကွ ဆောင်ရွက်စေဖို့ရန်အတွက် ဘုရားသခင်သည် မိမိပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်းတော်မူသည်ဟု သမ္မာကျမ်းစာ၏ ပထမအခန်းကြီးတွင် ဖော်ပြထားပါသည်။ လူယောက်ျားနှင့် လူမိန်းမတို့သည် ဘုရားသခင်ရှေ့တော်၌ တန်းတူညီမျှကြောင်း ဤကျမ်းပိုဒ်အားဖြင့် သိရပါသည်။

ထို့ကြောင့်၊ လူယောက်ျားနှင့် လူမိန်းမတို့သည် လုံးလုံးတူညီပါသလား။ သူတို့ကြားတွင် အဓိပ္ပာယ်ရှိသည့် ကွာခြားချက်များ မရှိပါသလား။ လူတစ်ယောက်သည် မိမိခန္ဓာဗေဒကို ပမာဏမပြုဘဲ မိယောက်ျားဖြစ်မှု (သို့) မိန်းမဖြစ်မှုကို ကိုယ့်ကိုယ်ကို ရွေးချယ်နိုင်ပါသလား။

ထို့သို့မဖြစ်နိုင်ရ။

လူယောက်ျားနှင့် လူမိန်းမတို့သည် တန်းတူညီမျှကြသော်လည်း မတူညီမှုလည်း ရှိပါသည်ဟု သမ္မာကျမ်းစာက ရှင်းလင်းစွာ ဖော်ပြထားပါသည်။ လူယောက်ျားနှင့် လူမိန်းမတို့၏ ကွဲပြားမှုများအား ပေါင်းစပ်လာသောအခါ ဤလောကကို တိုးတက်ဖွံ့ဖြိုးလာစေပါသည်။ ဘုရားသခင်၏ သမ္မာတရားအရ၊ ရင်းနှီးသော ဆက်ဆံရေးများသည် ယောက်ျားနှင့် မိန်းမကြားတွင်သာ ဖြစ်ပေါ်စေပါသည်။

လောကီသား၏ အသံများ ပိုကျယ်လာလျက် မိစ္ဆာဝါဒများတို့သည် ပိုမိုတိုးပွားလာသောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ရှိ သမ္မာတရားကို အာရုံလွဲရန် အလွန််လွယ်လှပါသည်။ အကယ်၍၊ သမ္မာကျမ်းစာသည် သံလိုက်အိမ်မြှောင်ကဲ့သို့ ဖြစ်ပြီး သမ္မာတရားကို ဖော်ပြလျက် မိမိကာယကံ၊ ဝစီကံနှင့် မနောကံတို့ကို ပိုမိုကောင်းစေဖို့ သစ္စာရှိစွာ လမ်းပြနိုင်ပါသည်။

ဤခက်ခဲလှသော မေးခွန်းပုစ္ဆာများအကြောင်းကို ဆင်ခြင်စဉ်းစားလျက် ဆုတောင်းပတ္ထနာပြုသောစဉ်တွင်၊ သမ္မာကျမ်းစာနှင့် မိမိဓမ္မမိတ်ဆွေများမှ ဉာဏ်သတ္တိနှင့်ကို စွမ်းသတ္တိတို့ကို ရရှိခံစားစေဖို့ ဘုရားသခင်ထံ ဆုတောင်းလိုက်ပါ။

ဤအစီအစဉ်အကြောင်း

Creation

ဤဓမ္မစာပေသည် လူတစ်ဦးချင်းစီအား သမ္မာကျမ်းစာကို လေ့လာပြီး ဘုရားသခင်၏ မဟာဇာတ်တော်ကြီးကို ရှာဖွေတွေ့ရှိနိုင်စေမည့် အမေးအဖြေများ ဖြစ်ပါသည်။ ဤဓမ္မစာပေသည် ဓမ္မပညာရှင်များနှင့် ဓမ္မဆရာများအဖွဲ့မှ စီရင်ရေးသားခဲ့ပြီး သမိုင်းတွင် ထင်ရှားသော အမေးအဖြေစာပေများမှ လမ်းညွှန်မှုရယူထားပါသည်။ ဤအမေးအဖြေစီးရီးတွင် အပိုင်းကိုးပိုင်းရှိပါသည် - ဖန်ဆင်းခြင်း၊ အပြစ်တရား၊ ပဋိညာဉ်တရားနှင့် ပညတ်တော်တရား၊ ရွေးနှုတ်ခြင်း၊ ကျေးဇူးတော်နှင့် အပြစ်လွှတ်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၊ အသင်းတော်နှင့် ဖန်ဆင်းခြင်းအသစ် ဖြစ်ပါသည်။ ဤအပိုင်းသည် ပထမအပိုင်း ဖြစ်ပါသည်။

More

ဤအစီအစဉ်ကို ပံ့ပိုးပေးသည့်အတွက် OneHope အား ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ http://feed.bible သွားရောက်ကြည့်ရှုပါ။