YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖန်ဆင်းခြင်းနမူနာ

Creation

9 ၏ နေ့ 6

ဘုရားသခင်၏ နှုတ်ကပတ်တော်တရားက ဘာလဲ

သမ္မာကျမ်းစာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်တရား ဖြစ်ပါသည်။ ဓမ္မဟောင်းကျမ်းများနှင့် ဓမ္မသစ်ကျမ်းများတို့သည် ဘုရားသခင်၏ သန့်ရှင်းသူတို့အား သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ၍ စီရင်ရေးထားကြပါသည်။ သမ္မာကျမ်းစာသည် သစ္စာစကားဖြစ်ပြီး ကျွန်တော်တို့၏ ယုံကြည်ခြင်းတရားနှင့် အကျင့်တရားအတွက် အခွင့်အာဏာရှိသည့် ကျမ်းဂန် ဖြစ်ပါသည်။

အနန္တစကြဝဠာ၏ နက်နဲသောအရာများ၊ ဤဘဝ၏ နက်နဲသောအရာများ၊ လူ၏ နက်နဲသောအရာများနှင့် ဘုရားသခင်၏ နက်နဲသောအရာများတို့ကို သိကျွမ်းလျှင် အလွန်ကောင်းပါလိမ့်မည်တကား။ အမှန်မှာ၊ သမ္မာကျမ်းစာသည် ၎င်းတို့ကို ဖော်ပြထားပါသည်။ သမ္မာကျမ်းစာအားဖြင့် အနန္တစကြဝဠာနှင့် အနန္တစကြဝဠာကို ဖန်ဆင်းတော်မူသောအရှင်အကြောင်းကို သိကျွမ်းနိုင်သလို၊ မိမိအကြောင်းကိုလည်း သိကျွမ်းနိုင်ပါသည်။

သို့သော်၊ ကျွန်တော်တို့သည် သမ္မာကျမ်းစာကို စိတ်ချစွာ ယုံကြည်အားကိုးနိုင်ပါသလား။ သမ္မာကျမ်းစာကို ရှေးကာလရှိ လူများစွာတို့ဖြင့်၊ နေရာအမျိုးမျိုး၌၊ အချိန်ကာလရှည်ကြာစွာ ရေးသားခဲ့သည် မဟုတ်ပါလား။ ထိုသူတို့သည် ပစ္စုပ္ပန်ဘဝအကြောင်းနှင့် ကျွန်တော်တို့အကြောင့်ကို ဘယ်လို သိကျွမ်းနိုင်မလဲ။ ရှေးလူများနှင့် ကျွန်တော်တို့ ဘယ်လိုစပ်ဆိုင်သလဲ။ ကျွန်တော်တို့သည် သူတို့ထက် ပိုမိုဉာဏ်ကောင်းသူများဖြစ်သလို၊ ပိုမိုခေတ်မီသည့်သူများဖြစ်သည် မဟုတ်ပါလား။

အကယ်၍၊ သမ္မာကျမ်းစာသည် နှစ်ပေါင်းများစွာ တည်ရှိပြီး မှားယွင်းဖွယ်ရာ လုံးဝမရှိပေ။ သမ္မာကျမ်းစာသည် ထောင်စုနှစ်များစွာကြာ ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာ၏ အသက်တို့ကို ကယ်တင်ပြီး၊ ပြန်လည်ထူထောင်လျက် လမ်းပြသည့် ဓမ္မအလင်းကို ပေးခဲ့ပါသည်။ သမ္မာကျမ်းစာသည် မိတ်ဆွေ၏ ဉာဏ်ကို ဖွင့်စေတတ်ပါသည်။

သမ္မာကျမ်းစာ၏ အဓိကဖော်ပြချက်က ဘာလဲ။

အဓိက၊ သမ္မာကျမ်းစာသည် အရှင်ယေရှုဘုရားအကြောင် ဖြစ်ပါသည်။ ခမည်းတော်ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သမ္မာကျမ်းစာကို မှုတ်သွင်းတော်မူလျက် သူ၏ သားတော်မြတ် အရှင်ယေရှုဘုရားအကြောင်းကို ကျွန်တော်တို့အား ပြသသွန်သင်ပေးရန် ပြုတော်မူပါသည်။

ယနေ့၊ သမ္မာကျမ်းစာကို နားလည်စေခြင်းငှာ မိမိ၏ ဉာဏ်ကို ဖွင့်စေရန် ဆုတောင်းပါ။

ဤအစီအစဉ်အကြောင်း

Creation

ဤဓမ္မစာပေသည် လူတစ်ဦးချင်းစီအား သမ္မာကျမ်းစာကို လေ့လာပြီး ဘုရားသခင်၏ မဟာဇာတ်တော်ကြီးကို ရှာဖွေတွေ့ရှိနိုင်စေမည့် အမေးအဖြေများ ဖြစ်ပါသည်။ ဤဓမ္မစာပေသည် ဓမ္မပညာရှင်များနှင့် ဓမ္မဆရာများအဖွဲ့မှ စီရင်ရေးသားခဲ့ပြီး သမိုင်းတွင် ထင်ရှားသော အမေးအဖြေစာပေများမှ လမ်းညွှန်မှုရယူထားပါသည်။ ဤအမေးအဖြေစီးရီးတွင် အပိုင်းကိုးပိုင်းရှိပါသည် - ဖန်ဆင်းခြင်း၊ အပြစ်တရား၊ ပဋိညာဉ်တရားနှင့် ပညတ်တော်တရား၊ ရွေးနှုတ်ခြင်း၊ ကျေးဇူးတော်နှင့် အပြစ်လွှတ်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၊ အသင်းတော်နှင့် ဖန်ဆင်းခြင်းအသစ် ဖြစ်ပါသည်။ ဤအပိုင်းသည် ပထမအပိုင်း ဖြစ်ပါသည်။

More

ဤအစီအစဉ်ကို ပံ့ပိုးပေးသည့်အတွက် OneHope အား ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ http://feed.bible သွားရောက်ကြည့်ရှုပါ။