ဖန်ဆင်းခြင်းနမူနာ

သုံးပါးတစ်ဆူဘုရားအကြောင်း
ခမည်းတော်ဘုရား၊ သားတော်ဘုရား၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရား။ ဤပုဂ္ဂိုလ်တော် သုံးပါးသည် ဘုရားဖြစ်ကြပြီး၊ အနန္တတန်ခိုးတော်၊ သဗ္ဗညုတဉာဏ်တော်နှင့် အနန္တကောင်းမြတ်ခြင်းတို့ကို ပိုင်တော်မူသည်။
ဘုရားသခင်သည် သုံးပါးတစ်ဆူဘုရားကို ဘယ်လိုဖြစ်နိုင်မလဲ။ ၎င်းဓမ္မသည် ယုတ္တိမရှိဘဲ ဝိရောဓိ ဖြစ်သလိုပဲ။
ဤသည်မှာ ဂီတဆိုင်ရာနှိုင်းယှဉ်ဆင်ခြင်ချက်တစ်ခု ဖြစ်ပါသည်။ တစ်ခါတစ်ရံမှာ၊ ဂီတပညာရှင်သည် အသံတစ်ခုသာ မသုံးဘဲ နှစ်ခု (သို့) သုံးခုကို အသုံးပြုလေ့ ရှိပါသည်။ အသံသုံးခု ပေါင်းစပ်ထားခြင်းက လျောက်ပတ်ဆန်းကြယ် အလွန်တင့်တယ်သော အသံကို ဖြစ်ပေါ်စေပါသည်။ သို့ရာတွင်၊ ဂီတပညာရှင်သည် အသံသုံးခုကို တီးသော်လည်း အသံသုံးမျိုးကို ဖန်တီးခဲ့သည် မဟုတ်ပါ။ ၎င်းသည် တစ်ခုတည်းသော ဂီတာကော့ဒ်ဖြစ်ပြီး အသံတစ်မျိုးသာ ထွက်စေပါသည်။ ဤကော့ဒ်တွင် သဟဇာတဖြစ်သော အသံသုံးခု ပါဝင်ပါသည်။ ၎င်းသည် မစုံလင်သော ဥပမာတစ်ခုသာ ဖြစ်သော်လည်း၊ အထောက်အကူ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဘုရားသခင်သည် တစ်ဆူတည်းသောဘုရား ဖြစ်သော်လည်း၊ ပုဂ္ဂိုလ်တော်သုံးပါး—ခမည်းတော်ဘုရား၊ သားတော်ဘုရားနှင့် သန့်ရှင်းသောဝိညာဉ်တော်ဘုရားအဖြစ် တည်ရှိတော်မူသည်။
ဘုရားသခင်သည် တစ်ဆူတည်းနေတော်မမူဘဲ မိတ်သဟာယကို အစဉ်အမြဲ ဖွဲ့တော်မူသည်။ ဤသည်မှာ ဘုရားသခင်၏ ဇာတိတော်မြတ် ဖြစ်ပါသည်။
သုံးပါးတစ်ဆူ ဘုရားသခင်က၊ ငါတို့ပုံသဏ္ဌာန်နှင့် တညီတသဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့ဟု မိန့်တော်မူသည်ကို သိပါသလား။
ထို့ကြောင့်၊ ကျွန်တော်တို့သည် သူတစ်ပါးများနှင့် မိတ်သဟာယဖွဲ့စေဖို့ ဖန်ဆင်းခံကြပါသည်။ တစ်ယောက်တည်း မနေကောင်းပါ။ ဘုရားသခင်သည် မိတ်သဟာယဖွဲ့လိုသောဘုရား ဖြစ်သလို၊ ကျွန်တော်တို့သည်လည်း မိတ်သဟာယဖွဲ့လိုသော လူသတ္တဝါများ ဖြစ်ကြပါသည်။
ကိုယ်တော်သည် ရှေးကမ္ဘာအဆက်ဆက်မှစ၍၊ နောက်ကမ္ဘာအဆက်ဆက်တိုင်အောင် ခမည်းတော်ဘုရား၊ သားတော်ဘုရားနှင့် သန့်ရှင်းသောဝိညာဉ်တော်ဘုရားတို့ အချင်းချင်း မိတ်သဟာယဖွဲ့ခဲ့သော သုံးပါးတစ်ဆူ ထာဝရဘုရား ဖြစ်တော်မူသည်။ ဤသမ္မာတရားသည် မိတ်ဆွေကို ဘယ်လိုပြောင်းလဲစေနိုင်မလဲ။
ယနေ့၊ တမန်တော်များ၏ အယူဝါဒကို ဖတ်ရှုကျက်စားလျက် စေ့စေ့ဆင်ခြင်စဉ်းစားပါ။
ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသည့် ဘုန်းကြီးတော်မူသော ခမည်းတော်ဘုရားသခင်ကို ကျွန်ုပ်ယုံကြည်ပါသည်။
ကျွန်ုပ်တို့၏ သခင်၊ သူ၏ တစ်ပါးတည်းသော သားတော် သခင်ယေရှုခရစ်တော်ကို ကျွန်ုပ်ယုံကြည်ပါသည်။
ထိုသားတော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေယူတော်မူ၍၊ အပျိုကညာ မာရိအားဖြင့် ဖွားမြင်ခြင်းကို ခံယူတော်မူ၏ဟု ကျွန်ုပ်ယုံကြည်ပါသည်။
သူသည် ပုန္တိပိလတ်မင်း လက်ထက်၌ ဒုက္ခများကို ခံစားလျက်၊ လက်ဝါးကပ်တိုင်တွင် တင်ထားခြင်းကို ခံရ၏။ ထို့နောက် မြေ၌ မြှုပ်ထားခြင်းကို ခံ၏။ သူသည် ငရဲတို့တိုင် ဆင်းသက်ခဲ့၏ဟု ကျွန်ုပ်ယုံကြည်ပါသည်။
သုံးရက်မြောက်နေ့တွင် သေခြင်းမှ ပြန်လည်ရှင်ပြန်ထမြောက်ခဲ့၏ဟု ကျွန်ုပ်ယုံကြည်ပါသည်။
ထို့နောက် ကောင်းကင်ဘုံသို့ ထက်ကြွတော်မူခဲ့၍၊ ဘုန်းကြီးတော်မူသော ခမည်းတော်ဘုရားသခင်၏ လက်ယာဘက်၌ ထိုင်တော်မူ၏ဟု ကျွန်ုပ်ယုံကြည်ပါသည်။
ထိုအရပ်မှစနေ၍ သူသည် သေသူရှင်သူအပေါင်းတို့ကို တရားစီရင်ရန် ပြန်လာဦးမည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။
သန့်ရှင်သောဝိညာဉ်တော်ဘုရားကို ကျွန်ုပ်ယုံကြည်ပါသည်။
သန့်ရှင်းသောကက်သလစ်အသင်းတော် (ပြည်ပြည်ဆိုင်ရာအသင်းတော်) တစ်ပါးနှင့် ယုံကြည်သူများ၏ မိတ်သဟာယဖွဲ့ခြင်းကို ကျွန်ုပ်ယုံကြည်ပါသည်။
အပြစ်များအား ခွင့်လွှတ်ခြင်းကို ကျွန်ုပ်ယုံကြည်ပါသည်။
ခန္ဓာကိုယ်ရှင်ပြန်ထမြောက်ခြင်းကို ကျွန်ုပ်ယုံကြည်ပါသည်။
ထာဝရအသက်ရှိသည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ အာမင်။
ဤအစီအစဉ်အကြောင်း

ဤဓမ္မစာပေသည် လူတစ်ဦးချင်းစီအား သမ္မာကျမ်းစာကို လေ့လာပြီး ဘုရားသခင်၏ မဟာဇာတ်တော်ကြီးကို ရှာဖွေတွေ့ရှိနိုင်စေမည့် အမေးအဖြေများ ဖြစ်ပါသည်။ ဤဓမ္မစာပေသည် ဓမ္မပညာရှင်များနှင့် ဓမ္မဆရာများအဖွဲ့မှ စီရင်ရေးသားခဲ့ပြီး သမိုင်းတွင် ထင်ရှားသော အမေးအဖြေစာပေများမှ လမ်းညွှန်မှုရယူထားပါသည်။ ဤအမေးအဖြေစီးရီးတွင် အပိုင်းကိုးပိုင်းရှိပါသည် - ဖန်ဆင်းခြင်း၊ အပြစ်တရား၊ ပဋိညာဉ်တရားနှင့် ပညတ်တော်တရား၊ ရွေးနှုတ်ခြင်း၊ ကျေးဇူးတော်နှင့် အပြစ်လွှတ်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၊ အသင်းတော်နှင့် ဖန်ဆင်းခြင်းအသစ် ဖြစ်ပါသည်။ ဤအပိုင်းသည် ပထမအပိုင်း ဖြစ်ပါသည်။
More
စပ်ဆိုင်သော အစီအစဉ်များ

BibleProject | ကားစင်တင်ခြင်းခံဘုရင်

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

ဖတ်သောအရာကို နားလည်ပါသလား

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်
