YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖန်ဆင်းခြင်းနမူနာ

Creation

9 ၏ နေ့ 3

ဘုရားသခင်သည် မည်သို့သောဘုရား ဖြစ်သလဲ

ဘုရားသခင်သည် အနန္တစကြဝဠာကို ဖန်ဆင်းခဲ့သော အနန္တမေတ္တာတော်အရှင် ဖြစ်တော်မူသည်။ ကောင်းမြတ်သော နိစ္စထာဝရဘုရားသခင်သည် အနန္တတန်ခိုးတော်အရှင် ဖြစ်သလို၊ သဗ္ဗညုတဉာဏ်တော်အရှင်လည်း ဖြစ်တော်မူသည်။ ကိုယ်တော်သည် သင်္ခါရသဘောနှင့် ကင်းလွတ်၍ ပြောင်းလဲခြင်းမရှိ။

မိတ်ဆွေသည် လှပသည့် ရှမ်းရိုးမ၊ ကြီးကျယ်သည့် ဧရာဝတီမြတ်၊ ထူးဆန်းသည့် နေ၊ လ၊ ကြယ်နက္ခတ်တည်းဟူသော ကိုယ်တော်ဖန်ဆင်းလောကအလှကမ္ဘာကို တအံ့တဩလျက် ကြည့်ရှုဖူးပါသလား။

ဤသဘောဝတရားသည် ဘယ်လိုပေါ်လာခဲ့ပါသလဲ။ ဘာကြောင့် ဤသဘောဝတရားနှင့် လောကဓာတ်တို့ကို တည်ရှိနေပါသလဲ။

ဘုရားသခင်သည် အမိန့်တော်အားဖြင့်သာ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူခဲ့သည်ဟု သမ္မာကျမ်းစာဖော်ပြထားပါသည်။ ဘုရားသခင်သည် ထူးဆန်းသော ဉာဏ်တော်၊ ကြီးစွာသော တန်ခိုးတော်နှင့် ပြည့်စုံတော်မူသည်ပါတကား။ ကိုယ်တော်ဘုရားသည် ရူပအရာနှင့် အရူပအရာမှန်သမျှတို့ကို ဖန်ဆင်းတော်မူသည်။ ကိုယ်တော်သည် မိမိအနန္တကောင်းမြတ်ခြင်းနှင့် အနန္တဘုန်းတော်ကို ထင်ရှားစေခြင်းငှာ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူခဲ့သည်။

(ဆာ၊ ၁၉။ ၁၄၆) တွင်၊ ဘုရားသခင်၏ တင်တယ့်လှပသော သဘောဝတရားသည် ဘုရားသခင်၏ ဂုဏ်အင်္ဂါတော်များကို ပြသစေသည်ဟု ဖော်ပြထားပါသည်။ သဘာဝတရားသည် ဘုရားသခင်၏ တန်ခိုးတော်၊ ကောင်းမြတ်ခြင်းနှင့် တင့်တယ်လှပခြင်းတို့ကို ပြသစေပါသည်။

မိုးကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ကြားပြော၍၊ မိုးမျက်နှာကြက်သည် လက်တော်နှင့် လုပ်သောအရာများကို ပြသ၏။ တစ်နေ့ကို တစ်နေ့ မြွက်ဆို၍၊ တစ်ညကို တစ်ည သွန်သင်၏ (ဆာ၊ ၁၉း၁-၂)။ မိတ်ဆွေသည် ခေတ္တခဏ ရပ်၍ ဘုရားသခင်၏ လက်ရာတော်ကို ကြည့်ရှုသောအလေ့ ရှိပါသလား။ ဘုရားသခင်၏ ဖန်ဆင်းခြင်းကို ထောက်လျက် ကျေးဇူးတော်ကို ချီးမွမ်းဖူးပါသလား။

ဤဖန်ဆင်းလောကအလှကမ္ဘာသည် အလွန်အံ့ဩပြီး ကိုယ်တော်၏ ရွှေဘုန်းတော်ကို ထင်ရှားစေပါသည်။ ဘုရားသခင်၏ သဘာဝတရားကို မကျော်သွားပါစေနှင့်။

ယနေ့၊ သဘာဝတရားရှိ ကြိုက်နှစ်သက်သောအရာများကို စာရင်းတစ်ခု ပြုလုပ်ပါ။ ကိုယ်တော်ဖန်ဆင်းလောကအလှကမ္ဘာအတွက် ကျေးဇူးတော်ကို ချီးမွမ်းလိုက်ပါ။ ခပ်သိမ်းသောအရာတို့သည် မိမိမဟာတန်ခိုးတော်အားဖြင့်သာ တည်စေသည်အတွက် ကိုယ်တော်မြတ်ကို ချီးမွမ်းလိုက်ပါ။

ဤအစီအစဉ်အကြောင်း

Creation

ဤဓမ္မစာပေသည် လူတစ်ဦးချင်းစီအား သမ္မာကျမ်းစာကို လေ့လာပြီး ဘုရားသခင်၏ မဟာဇာတ်တော်ကြီးကို ရှာဖွေတွေ့ရှိနိုင်စေမည့် အမေးအဖြေများ ဖြစ်ပါသည်။ ဤဓမ္မစာပေသည် ဓမ္မပညာရှင်များနှင့် ဓမ္မဆရာများအဖွဲ့မှ စီရင်ရေးသားခဲ့ပြီး သမိုင်းတွင် ထင်ရှားသော အမေးအဖြေစာပေများမှ လမ်းညွှန်မှုရယူထားပါသည်။ ဤအမေးအဖြေစီးရီးတွင် အပိုင်းကိုးပိုင်းရှိပါသည် - ဖန်ဆင်းခြင်း၊ အပြစ်တရား၊ ပဋိညာဉ်တရားနှင့် ပညတ်တော်တရား၊ ရွေးနှုတ်ခြင်း၊ ကျေးဇူးတော်နှင့် အပြစ်လွှတ်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၊ အသင်းတော်နှင့် ဖန်ဆင်းခြင်းအသစ် ဖြစ်ပါသည်။ ဤအပိုင်းသည် ပထမအပိုင်း ဖြစ်ပါသည်။

More

ဤအစီအစဉ်ကို ပံ့ပိုးပေးသည့်အတွက် OneHope အား ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ http://feed.bible သွားရောက်ကြည့်ရှုပါ။