YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖန်ဆင်းခြင်းနမူနာ

Creation

9 ၏ နေ့ 2

ကျွန်တော်သည် ဘုရားသခင်ကို ဘယ်လိုသိနိုင်မလဲ

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သေခြင်းမှ ထမြောက်တော်မူသော သားတော်မြတ် အရှင်ယေရှုဘုရားကြောင့် ဘုရားသခင်ကို သိနိုင်ပါသည်။

ဤသင်္ခါရလောကကြီးမှာ ဘာသာအမျိုးမျိုး ရှိပါသည်။ နတ်ဘုရားအမျိုးမျိုး ရှိသလို၊ ဝိနည်းများနှင့် ဘာသာရေးထုံစံဓလေ့အမျိုးမျိုး ရှိပါသည်။ လောကီသားများသည် ဘုရားသခင်အပေါ် မိမိလောကီအမြင်များကို မျှဝေစေရန် လောကီသီချင်းများ၊ လောကီကဗျာများ၊ နှင့် လောကီဗီဒီယိုများကို အသုံးပြုကြသည်။

နိမ္မိတသတ္တဝါတို့သည် အနန္တတန်ခိုးရှင် ထာဝရဘုရားသခင်ကို ဘယ်လိုသိနိုင်မလဲ။ သမ္မာကျမ်းစာကို ဖော်ပြထားသော ထာဝရဘုရားနှင့် ဘယ်လိုမိတ်သဟာယဖွဲ့နိုင်မလဲ။

(ယော၊ ၁၄း၇) တွင်၊ သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲ မနေကြ။ ယခုမှစ၍ ခမည်းတော်ကို သိမြင်ကြ၏ဟု မိန့်တော်မူ၏ဟု အရှင်ယေရှုဘုရား မိန့်တော်မူခဲ့သည်။ မိတ်ဆွေသည် သမ္မာကျမ်းစာကို ဖတ်ရှုလျက် ဆုတောင်းပတ္ထနာပြုခြင်းအားဖြင့် အရှင်ယေရှုဘုရားနှင့် သာ၍နီးစေနိုင်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် သားတော်ကို ထင်ရှားစွာ ပြသလိမ့်မည်ဟု သမ္မာကျမ်းစာက ဖော်ပြထားပါသည်။ အရှင်ယေရှုဘုရားသည် မိတ်ဆွေကို ဘုရားသခင်နှင့် သာယာသော မိတ်သဟာယကို ဖွဲ့စေဖို့ ဖိတ်ခေါ်တော်မူသည်။ အနန္တစကြဝဠာကို ဖန်ဆင်းတော်မူသော အနန္တတန်ခိုးရှင်သည် မိတ်ဆွေနှင့် မိတ်သဟာယဖွဲ့စေရန် အလိုရှိတော်မူသည်။

ဤမိတ်သဟာယဖွဲ့ခြင်းသည် လမ်းပြခြင်းနှင့် ဉာဏ်ပညာကို ပြုစုသလို၊ မကုန်နိုင်သော လောကုတ္တရာဝမ်းမြောက်ခြင်းလည်း ပြုစုစေပါလိမ့်မည်။ သားတော်ကို ယုံကြည်လက်ခံသောသူများသည် ဝမ်းမြောက်ခြင်းရရှိခံစားစေခြင်းငှာ ဘုရားသခင်က ထိုသူတို့ထံ သန့်ရှင်းသောဝိညာဉ်တော်အား စေလွှတ်တော်မူပြီ။

(ယော၊ ၁၄း၁၆) တွင်၊ အရှင်ယေရှုဘုရား မိမိတပည့်တော်များအား ဤသို့မိန့်တော်မူသည် - ခမည်းတော်သည် သမ္မာတရားကို ပြသော ဝိညာဉ်တော်တည်းဟူသော တစ်ပါးသော ဥပဇ္ဈာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှာ သင်တို့အားပေးတော်မူမည်။ ကျွန်တော်တို့သည်လည်း ၎င်းကတိတော်ကို ယုံကြည်အားကိုးနိုင်ပါသည်။

ယနေ့၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်စုံလျက် နေစေဖို့ ဘုရားသခင်ထံ ဆုတောင်းပါ။

ဤအစီအစဉ်အကြောင်း

Creation

ဤဓမ္မစာပေသည် လူတစ်ဦးချင်းစီအား သမ္မာကျမ်းစာကို လေ့လာပြီး ဘုရားသခင်၏ မဟာဇာတ်တော်ကြီးကို ရှာဖွေတွေ့ရှိနိုင်စေမည့် အမေးအဖြေများ ဖြစ်ပါသည်။ ဤဓမ္မစာပေသည် ဓမ္မပညာရှင်များနှင့် ဓမ္မဆရာများအဖွဲ့မှ စီရင်ရေးသားခဲ့ပြီး သမိုင်းတွင် ထင်ရှားသော အမေးအဖြေစာပေများမှ လမ်းညွှန်မှုရယူထားပါသည်။ ဤအမေးအဖြေစီးရီးတွင် အပိုင်းကိုးပိုင်းရှိပါသည် - ဖန်ဆင်းခြင်း၊ အပြစ်တရား၊ ပဋိညာဉ်တရားနှင့် ပညတ်တော်တရား၊ ရွေးနှုတ်ခြင်း၊ ကျေးဇူးတော်နှင့် အပြစ်လွှတ်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၊ အသင်းတော်နှင့် ဖန်ဆင်းခြင်းအသစ် ဖြစ်ပါသည်။ ဤအပိုင်းသည် ပထမအပိုင်း ဖြစ်ပါသည်။

More

ဤအစီအစဉ်ကို ပံ့ပိုးပေးသည့်အတွက် OneHope အား ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ http://feed.bible သွားရောက်ကြည့်ရှုပါ။