ဖန်ဆင်းခြင်းနမူနာ

ထာဝရဘုရားမှတစ်ပါး အခြားသောဘုရား ရှိပါသလား
သုံးပါးတစ်ဆူ ထာဝရဘုရားသခင်မှတစ်ပါး အခြားသောဘုရား လုံးဝမရှိချေ။ ထာဝရဘုရားသည် ကြီးမြတ်၍၊ အလွန်ချီးမွမ်းဖွယ် ဖြစ်တော်မူသည်။
ရှေးကာလတွင်၊ လူအများစုသည် နတ်ဘုရားအမျိုးမျိုးကို ယုံကြည်ကိုးကွယ်ခဲ့ပါသည်။ အမျိုးသားနတ်ဘုရားများ၊ မြို့ရွာနတ်ဘုရားများ၊ ဒေသနတ်ဘုရားများနှင့် မိသားစုနတ်ဘုရားများကို ရှိခဲ့ပါသည်။ ဤသည်မှာ ထိုသူတို့၏ ဘာသာရေးထုံးစံဓလေ့ ဖြစ်ခဲ့ပါသည်။ လူအမြောက်အမြားသည်လည်း ရုပ်တုဆင်းတုတို့ကို ရှိခိုးခဲ့ပါသည်။ ရုပ်တုဆင်းတုတို့သည် အသက်မရှင်သော်လည်း၊ လူတို့က ရုပ်တုဆင်းတုတို့ကို ချစ်မြတ်နိုးလျက် မရှိခိုးဘဲ မနေနိုင်ကြပေ။
ဤပစ္စက္ခဘဝ၌ လူအမျိုးမျိုးသည် ဘာသာအမျိုးမျိုးကို ဝင်ကြပါပြီ။ မိတ်ဆွေလည်း အခြားဘာသာဝင်သည့် သူငယ်ချင်းများ ရှိကောင်းရှိနိုင်ပါသည်။ ဘာသာတိုင်းကောင်းမွန်ပြီး လမ်းတိုင်းသည် ကောင်းရာသုခတိသို့ ရောက်စေလျက် အဓိက မေတ္တာတရားပါပဲဟု လူတော်တော်များများ ယူဆကြပါသည်။ ဤသည်မှာ သာမညဘာသာဝါဒ (အပါယ်ငရဲမရှိဘဲ ဘာသာတိုင်းသည် ကောင်းရာသုခတိထံသို့ ရောက်စေသည့် မိစ္ဆာဝါဒ) ဟု ဖြစ်ပါသည်။ သို့သော်၊ ထာဝရဘုရားက၊ ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။ အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌လည်းကောင်း ရှိသောအရာနှင့် ပုံသဏ္ဌာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဖို့မလုပ်နှင့်ဟု မိန့်တော်မူပြီ။ အာဗြဟံ၏ ဘုရား၊ ဣဇာက်၏ ဘုရား၊ ယာကုပ်၏ ဘုရားတည်းဟူသော ထာဝရဘုရားမှတစ်ပါး အခြားသောဘုရားကို မရှိခိုးသင့်ပါ။
ဤသည်မှာ မင်္ဂလာသတင်းကောင်း ဖြစ်ပါသည်။ ဘုရားသခင်သည် မိမိဂုဏ်အင်္ဂါတော်များနှင့် ဇာတိတော်မြတ်ကို ကျွန်တော်တို့အား ထင်ရှားစေ၍၊ ကျွန်တော်တို့သည် ကိုယ်တော်ကို မှန်ကန်စွာ မိတ်သဟာယဖွဲ့၍ ကိုးကွယ်နိုင်စေဖို့ အခွင့်အလမ်း ပေးသနားတော်မူသည်။ လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရားကို သိစေခြင်းငှာ၊ ဘုရားသခင်အလိုတော်ရှိပါသည်။ ကျွန်တော်တို့သည် နောင်တရ၍၊ ဘုရားသခင်ထံ သွားသောအခါ၊ ဘုရားသခင်သည် မိမိအနန္တမေတ္တာတော်အားဖြင့် ကျွန်တော်တို့ကို လက်ခံတော်မူလိမ့်မည်။ ကျွန်တော်တို့သည် သူတစ်ပါးထံ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော စစ်မှန်သော ဘုရားသခင်အကြောင်းကို ဝေငှနိုင်ပါသည်။ ၎င်းအမှုသည် ခရစ်ယာန်၏ ထူးမြတ်သောအခွင့်အရေး ဖြစ်ပါသည်။
ယခု၊ ဘုရားသခင်၏ မဟာမေတ္တာကရုဏာတော်မြတ်အကြောင့်ကို စေ့စေ့ဆင်ခြင်စဉ်းစားပါ။ ကိုယ်တော်ကို သိ၍ ကိုးကွယ်အားကိုးနိုင်ဖို့အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ။ ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည် မလိုက်သည်ကို ကြည့်ရှု၍၊ ထာဝရလမ်းထဲသို့ သွေးဆောင်တော်မူပါဟု ဆုတောင်းပါ။ ဘုရားသခင်သည် မိတ်ဆွေအဖို့ ဧဝံဂေလိတံခါးများကို ဖွင့်စေခြင်းငှာ ဆုတောင်းပါ။
ဤအစီအစဉ်အကြောင်း

ဤဓမ္မစာပေသည် လူတစ်ဦးချင်းစီအား သမ္မာကျမ်းစာကို လေ့လာပြီး ဘုရားသခင်၏ မဟာဇာတ်တော်ကြီးကို ရှာဖွေတွေ့ရှိနိုင်စေမည့် အမေးအဖြေများ ဖြစ်ပါသည်။ ဤဓမ္မစာပေသည် ဓမ္မပညာရှင်များနှင့် ဓမ္မဆရာများအဖွဲ့မှ စီရင်ရေးသားခဲ့ပြီး သမိုင်းတွင် ထင်ရှားသော အမေးအဖြေစာပေများမှ လမ်းညွှန်မှုရယူထားပါသည်။ ဤအမေးအဖြေစီးရီးတွင် အပိုင်းကိုးပိုင်းရှိပါသည် - ဖန်ဆင်းခြင်း၊ အပြစ်တရား၊ ပဋိညာဉ်တရားနှင့် ပညတ်တော်တရား၊ ရွေးနှုတ်ခြင်း၊ ကျေးဇူးတော်နှင့် အပြစ်လွှတ်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၊ အသင်းတော်နှင့် ဖန်ဆင်းခြင်းအသစ် ဖြစ်ပါသည်။ ဤအပိုင်းသည် ပထမအပိုင်း ဖြစ်ပါသည်။
More
စပ်ဆိုင်သော အစီအစဉ်များ

BibleProject | ကားစင်တင်ခြင်းခံဘုရင်

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

ဖတ်သောအရာကို နားလည်ပါသလား

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်
