ဖန်ဆင်းခြင်းနမူနာ

ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့ကို ဘယ်လိုဖန်ဆင်းခဲ့သလဲ
အစအဦး၌ ဘုရားသခင်၏ နှုတ်တော်မှ အမိန့်တော်အားဖြင့် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူသည်။ ဘုရားသခင်၏ ဖန်ဆင်းခြင်းလက်ရာတော်သည် အလွန်ကောင်းလှပါသည်။
ကိုယ်တော် စီရင်ပြုပြင်တော်မူသောအရာတို့သည် အလွန်များပြားပါပြီး ရှိရှိသမျှတို့ကို ပညာတော်အားဖြင့် ဖန်ဆင်းတော်မူသည်။ ပထဝီမြေကြီးသည် ဘဏ္ဍာတော်နှင့် ကြွယ်ဝပါသည်။
(ဆာ၊ ၃၃း၉) တွင်၊ ထာဝရဘုရားမြွက်ဆို၍၊ မြွက်ဆိုတော်မူသည်အတိုင်း ဖြစ်၏။ အမိန့်တော်ရှိ၍၊ မိန့်တော်မူသည်အတိုင်း တည်လျက်နေ၏ဟု ဖော်ပြထားပါသည်။ အနန္တတန်ခိုးရှင်မြတ်သည် အလွန်မြင့်မြတ်လှသောကြောင့် မိမိအမိန့်တော်အားဖြင့်သာ အနန္တစကြဝဠာကို ဖန်ဆင်းတော်မူသည်။
သမ္မာကျမ်းစာသည် နှုတ်ကပတ်တော်တရားအကြောင်းကို ဤသို့ဖော်ပြထားပါသည်...
၁။ အရှင်ယေရှုဘုရားသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်တော်မူသည်။ ဘုရားသခင်သည် မိမိသားတော်အားဖြင့် ကျွန်တော်တို့အား ဗျာဒိတ်ပေးတော်မူပြီ။
၂။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်ပါသည်။ သမ္မာကျမ်းစာသည် အရှင်ယေရှုဘုရားအကြောင်းကို ဖော်ပြထားပါသည်။
၃။ လောကဓာတ်တို့သည် ဘုရားသခင်၏ အမိန့်တော်ကြောင့်သာ တည်ပြီး၊ မိုးကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ကြားပြော၍၊ မိုးမျက်နှာကြက်သည် လက်တော်နှင့် လုပ်သောအရာများကို ပြသပါသည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်တရားသည် အလွန်တရာ အံ့ဩဖွယ်လှသောတရား ဖြစ်ပါသည်တကား။
ကိုယ်တော်၏ ဖန်ဆင်းလောကအလှကမ္ဘာအကြောင့်ကို ဆင်ခြင်စဉ်းစားပါ။ ကိုယ်တာ်၏ ဖန်ဆင်းစွမ်းနိုင်သော တန်ခိုးတော်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ။ မိမိ၏ ဖန်ဆင်းခြင်းလက်ရာတော်မှတစ်ဆင်း မိမိဂုဏ်အင်္ဂါတော်အကြောင်းကို ပိုမိုပြသ၍ သွန်သင်ပေးစေရန် ဆုတောင်းပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ဤဓမ္မစာပေသည် လူတစ်ဦးချင်းစီအား သမ္မာကျမ်းစာကို လေ့လာပြီး ဘုရားသခင်၏ မဟာဇာတ်တော်ကြီးကို ရှာဖွေတွေ့ရှိနိုင်စေမည့် အမေးအဖြေများ ဖြစ်ပါသည်။ ဤဓမ္မစာပေသည် ဓမ္မပညာရှင်များနှင့် ဓမ္မဆရာများအဖွဲ့မှ စီရင်ရေးသားခဲ့ပြီး သမိုင်းတွင် ထင်ရှားသော အမေးအဖြေစာပေများမှ လမ်းညွှန်မှုရယူထားပါသည်။ ဤအမေးအဖြေစီးရီးတွင် အပိုင်းကိုးပိုင်းရှိပါသည် - ဖန်ဆင်းခြင်း၊ အပြစ်တရား၊ ပဋိညာဉ်တရားနှင့် ပညတ်တော်တရား၊ ရွေးနှုတ်ခြင်း၊ ကျေးဇူးတော်နှင့် အပြစ်လွှတ်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၊ အသင်းတော်နှင့် ဖန်ဆင်းခြင်းအသစ် ဖြစ်ပါသည်။ ဤအပိုင်းသည် ပထမအပိုင်း ဖြစ်ပါသည်။
More
စပ်ဆိုင်သော အစီအစဉ်များ

BibleProject | ကားစင်တင်ခြင်းခံဘုရင်

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

ဖတ်သောအရာကို နားလည်ပါသလား

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု
