ရှင်လုကာ 16
16
ခန်း (၁၆)
ရိုးဖြော့ဘဲဝို စီမံခန့်ခွဲသူ
1အဲနော့ ကိုယ်တော်ယေရှုဟ သူရဲ့ဗြိတော်ဒွေဝို အယ်မိုပုံဥပမာန မိတော်မူလေရယ်။ “ခါဒူးဟ ဌေးဂီးတယော့မှာ သူ့လုပ်ငန်းဒွေဝို စီမံခန့်ခွဲဝို့ လူတစ်ယော့ ခန့်ရားလေရယ်။ အဲမိုစီမံခန့်ခွဲသူဟ သူ့သခင်ရဲ့ ငွေဒွေဝို ဖလူးတီးပစ်နေရယ် ဆိုပီး ဌေးဝို ပြောဂေ့လေရယ်။ 2အဲဂျော့ ဌေးဟ စီမံခန့်ခွဲသူဝို လာခိုင်းပီး သူ့ဝို မေးဝိုခါမှာ ‘ငါကြားနေရဝို နန့်ကြောဒွေဟ ဟဲရာဒွေနူး။ ငါ့ပိုက်ဆံဒွေန နန်လုပ်ရားဇာဒွေဝို စာရင်းပေးပါ။ ဟဲဖြစ်ရိနူးဆိုဝါ ငါ့ငွေဒွေဝို နန် စီမံခန့်ခွဲနေဇာဝို ငါခွမ့်ပြုနိုပီ’ ဆိုပီး ပြောလေရယ်။ 3အဲခါ စီမံခန့်ခွဲသူဟ သူ့ကိုယ်သူပြောလေရယ်။ ‘ငါဟဲရာလုပ်သင့်နူး။ ငါ့သခင်ဟ ငါ့ဝိုလုပ်ဟနေ ထွက်ခိုင်းဝို့လုပ်နေပီ။ ငါဟ မလေတူးဝို့ လုံလော့ဝို ကြံ့ခိုင်မှုလည်းမှေ့ရ၊ တောစားရမှာလဲ ရှစ်ရယ်။ 4အယ်မိုလုပ်ဟနေ လုပ်ထုခံရဝိုခါမှာ လူဒွေဟ သူ့နို့အီမှာ ငါ့ဝို ကြည်ကြည်ဖြူဖြူန လက်ခံထားနိုင်အော် ငါဟဲရာလုပ်ရမယ်နူးဆိုဇာဝို ငါသိပီ။’ ဆိုပီး တွီးတောလေရယ်။
5အဲဂျော့ သူဟ သူ့သခင်ဆီမှာ ကပ်ကွီးရှေ့နေဝို လူဒွေဝို ခေါ်ပီး ဦးဆုံးတယော့ဝို ‘ငါ့ရဲ့သခင်မှာ ကပ်ကွီးဟယ်လော့ ပေးဇာရှေ့နူး’ ဆိုပီး မေးမြန်းလေရယ်။
6သူဟ ‘သံလွင်ဆီ ဂါလံ တစ်ရာပါ’ ဆိုပီး ဖြေလေရယ်။ စီမံခန့်ခွဲသူဟ သူ့ဝို ‘နန့်ရဲ့စာရင်းဝို ယူလာပါ။ ခုထိုင်ပီး ငါးဆယ် ဆိုပီး ပလန်ပြင်ရေးလိုက်ပါ’ ဆိုပီး ပြောလေရယ်။
7အဲနော့ သူဟ နော့တယော့ဝို ‘နန်ရော ဟယ်မျှလော့ ကပ်ကွီးရှေ့နေနူး’ ဆိုပီး မေးဝိုခီမှာ အဲသူဟ ‘ဘား အိ တစ်ရာ ရှေ့ပါရယ်’ ဆိုပီး ဖြေလေရယ်။ ‘နန့်ရဲ့စာရင်းဝို ယူပီး ရှစ်ဆယ် ဆိုပီး ပြင်ရေးလိုက်ပါ’ ဆိုပီး ပြောလေရယ်။
8အဲနော့ ရိုးသားဘဲဝိုစီမံခန့်ခွဲသူဟ မြော်မြင်ရှေ့ရှေ့န လုပ်ဆော်ရိတွက် သူ့သခင်ဟ ချီးကျူးလေရယ်။ အဲမိုမျိုးဘဲ့ ငါပြောရှင်ဇာဟ အယ်မိုလောကစနစ်မှာ ရှေ့ဝို လူဒွေဟ သူ့နို့ရဲ့ ကိစဝဝဝို စီမံဝိုနေရာမှာ မှန်ကန်ဖြော့မတ်ဝိုလူဒွေထက် ပိုပီး မြော်မြင်ရှေ့ဂေ့ရယ်။” ဆိုပီး မိတော်မူလေရယ်။ 9အဲခါ ကိုယ်တော်ယေရှုဟ “ငါ နန်းနို့ဝို ပြောပြမယ်။ နန်းနို့ရဲ့လောကီစည်းဇိမ်ဥစ္စာဒွေသုံးပီး မိဆွေဖွဲ့ဂေ့ပါ။ နန်းနို့သေဆုံးပီးနော့ အဲမိုဇာဒွေ ပျော့ကွယ်သွားဝိုခါမှာ သူ့နို့ဟ နန်းနို့ဝို ထာဝရအီတော်မှာ ကြိုဆိုဂေ့လိမယ်ဖြစ်ရယ်” ဆိုပီး မိတော်မူလေရယ်။
10သေးမွှားကိစဒွေမှာ သစ္စာရှေ့သူဟ ကီးလေးတဲ့ကိစဒွေမှာ သစ္စာရှေ့လိမယ်၊ သေးမွှားကိစဒွေမှာ ရိုးသားဘဲဝိုလူဟ ကီးလေးတဲ့ကိစဒွေမှာ ရိုးသားမှာမုဝ။ 11လောကရဲ့ စည်းဇိမ်ဥစ္စာဝို သင်သုံးပြုရာမှာ သစ္စာမှေ့ဘဲနေဆိုဝါ ရွှေဗြို့တော်မှာ စစ်မှန်တဲ့စည်းဇိမ်ဝို သင့်ရဲ့လက်ထဲ ဟယ်သူမှအပ်မှာမုဝ။ 12သင်ဟ ခြားသူဒွေရဲ့ စည်းဇိမ်ဥစ္စာဒွေပေါ်မှာ သစ္စာမှေ့ဘဲနေဆိုဝါ နန်းနို့တွက် ရည်ရွယ်ထားဝို ဆုကျေးဇူးဝို ဟယ်သူမှပေးမှာ မုဝ။
13ဟယ်သူမှ သခင်နှေ့ယော့ဆီမှာ စေခံရိမရဟ၊ ဟဲဂျော့ဆိုဝါ စေခံဆိုဇာဟ သခင်ယော့ဝိုမူးပီး ယော့ဝိုရှစ်လိမယ်၊ အဲမျိုးမုဝဆိုဝါ ယော့ဝို သစ္စာရှေ့ပီး ခြားယော့ဝို မထီလေးစားလုပ်လိမယ်၊ အဲမျိုးနည်းနလားတူပဲ ဘုရားရှင်ဆီမှာ စေခံပီး စည်းဇိမ်ဥစ္စာဝို ခီတည်း ရရှေ့နိုင်လိမယ် မုဝ။
ကိုယ်တော်ယေရှုရဲ့ဂါးတချို့
(ရှင်မဿဲ ၁၁.၁၂-၁၃၊ ၅.၃၁-၃၂)
14ကိုယ်တော်ယေရှု မိတော်မူဝိုဂါးဝို အဲရပ်မှာရှေ့ဝို ဖာရိရှဲဒွေကြားခါမှာ သူ့နို့ဟ ကိုယ်တော်ဝို လှော်ပြော်ခဲ့ဂေ့လေရယ်၊ ဟဲဂျော့ဆိုဝါ သူ့နို့ဟ ငွေဝို ရှစ်ခင်မြတ်နိုးဂေ့သူဒွေ ဖြစ်ရိဂျော့ ဖြစ်လေရယ်။ 15အယ်ဘေမဲ့ ကိုယ်တော်ယေရှုဟ သူ့နို့ဝို “နန်းနို့ဟ လူဒွေရှေ့မှာ ဖြော့မတ်ဂေ့ဝို လူဒွေမျိုး ဟန်ဆော်တတ်ဂေ့ရယ်။ အယ်ဘေမဲ့ ဘုရားရှင်ဟ နန်းနို့ရဲ့စိနှလုံးဝို သိဗြင်တော်မူရယ်။ လူဒွေ အမြတ်တနိုး တန်ဖိုးထားနေဝို လောကီစည်းဇိမ်ဒွေဟ ဘုရားရှင်တွက်လော မနှစ်မြို့ဖွယ်ကောဝိုဇာဒွေဘဲ့ ဖြစ်ရယ်။
16ရေနှစ်မြင်ဂလာဆရာယောဟန် ပေါ်မလာခီထိ လူဒွေဟ မောရှေရဲ့ပညတ်ကျမ်းန ပရောဖက်ဒွေရဲ့ ကျမ်းဒွေဝို လိုက်နာခဲ့ဂေ့လေရယ်။ ယောဟန်ပေါ်လာပီးနော့ ဘုရားရှင်ရဲ့သာသနာတော်ကြော ဒန်းဂေါဝို ဟောပြောခါမှာ လူဒိုင်းဟ ဘုရားရှင်ရဲ့ သာသနာတော်ဆီဝို ဝမ်ရော့နိုင်ဂေ့ဝို့ ကြိုးစားလာဂေ့ရယ်။ 17ကောကံ န ဘာမလေဂီးဟ ပျော့ကွယ်ဝို့ လွယ်ကူပေမဲ့ ဘုရားရှင်ရဲ့ ပညတ်တော်မှာရှေ့ဝို အက္ခရာတစ်လုံး၊ ဝစ္စပေါ့တစ်လုံးဂိုမှ မပလဲ့ဇုံဘဲန မနေရ။
18မိမိရဲ့ ဇနီးမယားနကွာရှင်းပီး ခြားမီးမန လက်ထပ်ဒဲ့သူဟ အီထော်ရေး ဖော့ပလန်သူဘဲ့၊ သူ့ယော့ကျားန ကွာရှင်းရားဝို မီးမန လက်ထပ်ဝို ယော့ကျားဒိုင်းဟလဲ အဲမိုတိုင်းဘဲ့ဖြစ်ရယ်” ဆိုပီး မိတော်မူလေရယ်။
လာဇရု န ဌေး
19အဲနော့ ကိုယ်တော်ယေရှုဟ “ခါဒူးဟ ဈေးကီးဝိုဝတ်#16.19 ဈေးကီးဝိုဝတ် မူရင်းကျမ်းစာမှာ သူဟ ခရမ်းရော်ဝတ်ရုံ န ချည်ချောကောဇားဝို ဝတ်ရားရယ် ဆိုပီး ရေးရားရယ်။ ခရမ်းရော်ဝတ်ရုံဟ ရားဒိုင်းဈေးကီးပီး ဌေးဒွေ န ဘုရင်ဒွေဘဲ့ ဝတ်နိုင်ဂေ့ရယ်။ဝို ဝတ်ဆင်ပီး နေ့ဒိုင်းဇီခံတတ်ဝို ဌေးတစ်ယော့ရှေ့လေရယ်။ 20ဂိုလုံး နာပေါ့နေဝို ဒေါဇားလာဇရုဝို သူရဲ့အီခေါ့ပေါ့ဝမှာ လူဒွေ လာထားလေ့ရှေ့ရယ်။ 21လာဇရုဟ ဌေးရဲ့ဘွဲဟနေ ကလလာဝို စားကြွင်းစားကျန်ဒွေဝို စားရှင်နေလေရယ်။ အဲမို ခက်ခဲဒွေဂူလုံးမကဟ ခွီးဒွေဟ သူကိုယ်ပေါ်ဟ နာဒွေဝို လာပီး ရှာန ရစ်ဂေ့လေရယ်။
22အဲနော့ လာဇရုဒေါဇား သေရားဝိုခီမှာ နတ်ဒေဝါဒွေဟ အာဗြဟံနား ပို့ပေးဂေ့ရယ်။ ဌေးလဲ သေရားဝိုခါမှာ သူ့ဝို င်္ဂြိုဟ်လိုက်ဂေ့ရယ်။ 23သူဟ ညှဉ်းပန်းနှိစစ်ခံနေရဝို မရဏနိုင်ငံ#16.23 မရဏနိုင်ငံ ဆိုးဝါးဝိုလူဒွေ သေရားပီး နော့ဆုံးရားစီရင်ဇာ မတိုင်ခံ နေရဝို နေရာဖြစ်ရယ်။ ဟနေ မျှော်ကေ့လိုက်ဝိုခါမှာ လာဇရုဟ အာဗြဟံရဲ့ဘေးမှာ ရှေ့နေဇာဝို တွီ့ခဲ့ရလေရယ်။ 24သူဟ အော်ဟစ်ပီး ‘အဖအာဗြဟံ၊ ကျနော့်ဝို နားတော်မူပါ၊ လာဇရုဝို စေလွှတ်ပီး သူ့လက်ညှိုးဝို ရေထဲနှစ်ပီး ကျနော့်လျှာဝိုအေးမြအော် ပြုလုပ်ပေးတော်မူပါ၊ ကျနော်ဟ မီးလျှံထဲမှာ လူးလဲ ခံနေရပါရယ်’ ဆိုပီး တောဘန်လေရယ်။
25အာဗြဟံဟ ပလန်လည်ဖြေကြားရစ်ဇာဟလော ‘ငါ့သား၊ နန်သက်ရှင်ဒူးဟ စည်းဇိမ်ပလဲ့ခံစားရပေမဲ့ လာဇရုကလလော ဆင်းဆင်းရဲရဲန နေခဲ့ရဇာ ဒိရပါဦး၊ ခု သူဟ အယ်မှာသက်သက်သာသာ ဖြစ်နေပီ၊ နန်ကလလောဝါ ဝေဒနာ လူးလိခံနေရပီ။ 26ပီးရယ်ဆိုဝါ နန့်န နို့ဂျားမှာ တွမ်းနက်ဂီး ခြားရားရယ်၊ အဲဂျော့ အဲနေရာဟနေ နန့်ဆီဝို လာရှင်တိုင်းလာရိမရဟ၊ နန့်ဆီဟနေလည်း အယ်နေရာဝို လာချင်တိုင်း လာရိမရပါ’ ဆိုပီး ပြောလေရယ်။
27အဲခါ ဌေးဟ ‘ကျနော်တောဘန်ပါရယ် အဖအာဗြဟံ၊ လာဇရုဝို ကျနော့်ဖခင်ရဲ့အီဝို စေလွှတ်ပေးပါလော’ ဆိုပီး ရှော့တံလေရယ်။ 28‘ဟဲဂျော့ဆိုဝါ ကျနော့်မှာ ညီကိုငါးယော့ရှေ့ပါရယ်၊ ညဉ်းပန်းနှိစစ်ခံရဝို နေရာဆီဝို သူ့နို့မရော့စေဝို့ လာဇရုဝို ဆစ်ဆစ်ပြောပြခိုင်းပါ’ ဆိုပီး ဒိပေးခိုင်းလိုက်လေရယ်။
29အယ်ဘေမဲ့ အာဗြဟံဟ ‘သူ့နို့မှာ မောရှေ န ပရောဖက်ဒွေ ရေးသားရားဝို ပညတ်ကျမ်းဒွေရှေ့ပီး အဲမိုကျမ်းဒွေဝို သူ့နို့လိုက်နာဂေ့လိမယ်’ ဆိုပီး ပြောခါမှာ
30ဌေးဟ ‘အဖအာဗြဟံ၊ အဲမိုဇာဒွေန မလုံလော့သေးရ။ သေရာဟ သက်ပလန်ရှင်လာသူတယော့ဟ သူ့နို့ဆီသွားပီး ဒိပေးမှရပါမယ်၊ အဲမှဘဲ့ သူ့နို့ရဲ့ပြစ်ဒွေဝို နော်ဒရဂေ့လိမယ်ဖြစ်ရယ်။’
31အယ်ဘေမဲ့ အာဗြဟံဟ ‘မောရှေ န ပရောဖက်ဒွေရေးရစ်ဝို ပညတ်ကျမ်းဒွေဝို မလိုက်နာဂေ့ရဆိုဝါ သေရာဟနေ ပလန်ရှင်လာသူပြောဝါလဲ သူ့နို့ဟ နားထော်မှာ မုဝ’ ဆိုပီး ပလန်ပြောလိုက်လေရယ်” ဆိုပီး မိတော်မူလေရယ်။
ទើបបានជ្រើសរើសហើយ៖
ရှင်လုကာ 16: TVN
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Dawei (ထားဝယ်) Bible by Beyond Translation is licensed under Creative Commons Attribution-ShareAlike 4.0 License.