Psalms 81

81
1ကျွန်ုပ်တို့​၏​အစွမ်းသတ္တိ​ဖြစ်​တော်မူ​သော ဘုရားရှင်​ထံ ရွှင်လန်း​စွာ​သီချင်းဆို​ကြ​လော့​။ ယာကုပ်​၏​ဘုရားရှင်​ထံသို့ ကျယ်လောင်စွာ ကြွေးကြော်​ကြ​လော့​။ 2တေးသီချင်း​ကို​သီဆို​၍ ပတ်သာ​၊ အသံ​သာယာ​သော​စောင်းကောက်နှင့် စောင်းပြားတို့​ကို တီးခတ်​ကြ​လော့​။ 3ငါ​တို့​၏​ပွဲ​နေ့​တည်းဟူသော လဆန်း​နေ့​၊ လပြည့်​နေ့​၌ တံပိုး​ကို​မှုတ်​ကြ​လော့​။ 4အကြောင်းမူကား ဤ​အရာ​သည် အစ္စရေး​အတွက် ပြဋ္ဌာန်းချက်​၊ ယာကုပ်​၏ဘုရားရှင်​၏​စီရင်ထုံးဖွဲ့ချက်​ဖြစ်​၏​။ 5ဘုရားရှင်​သည် အီဂျစ်​ပြည်​ကို​ဆန့်ကျင်​ရန် ကြွ​တော်မူ​သောအခါ ထို​အရာ​ကို ယောသပ်​အမျိုး​အတွက် သက်သေခံချက်​အဖြစ် တည်​စေ​တော်မူ​၏​။ ငါ​မ​သိ​မ​ကျွမ်း​သော​ဘာသာစကား​ကို ငါ​ကြား​ရ​၏​။ 6“​ငါ​သည် ဝန်ထုပ်​ကို သူတို့၏ပခုံး​ပေါ်မှ​ဖယ်ရှား​ပြီ​။ သူတို့၏လက်​သည် ခြင်းတောင်း​သယ်​ရ​ခြင်း​မှ လွတ်မြောက်​ပြီ​။ 7သင်​သည် ဆင်းရဲဒုက္ခ​ထဲမှ​ခေါ်​သောအခါ သင်တို့ကို​ငါ​ကယ်မ​ခဲ့​၏​။ မမြင်​နိုင်​သော​မိုးချုန်းသံ​ကြားမှ သင်တို့ကို​ငါ​ထူး​ခဲ့​၏​။ မေရိဘ​စမ်းရေ​အနား​တွင် သင်တို့ကို ငါ​စစ်ဆေး​ခဲ့​၏​။ 8အို ငါ၏လူမျိုး​တော်​တို့၊ ကြားနာလော့​။ ငါ​သည် သင်တို့ကို​သတိပေး​မည်​။ အို အစ္စရေး​လူမျိုး​၊ သင်တို့အား ငါ့​စကား​ကို​နားထောင်​စေ​လို​၏​။ 9သင်​တို့၌ အခြား​သော​ဘုရား​မ​ရှိ​ရ​။ တိုင်းတစ်ပါးသား​၏​ဘုရား​ကို​လည်း ဝတ်ပြု​ကိုးကွယ်​ခြင်းမပြုရ​။ 10ငါ​သည် သင်တို့ကို​အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော သင်​တို့၏​အရှင်ဖြစ်တော်မူသည့် ဘုရားရှင်ဖြစ်​၏​။ သင်​တို့၏​ပါးစပ်​ကို​ကျယ်စွာ​ဖွင့်​လော့​။ သင်တို့​ကို ဝပြော​စွာ ငါ​ကျွေး​မည်​။ 11သို့သော် ငါ့​လူမျိုး​တော်​တို့သည် ငါ့​အသံ​ကို​နား​မ​ထောင်​ခဲ့​ပေ​။ အစ္စရေး​လူမျိုး​တို့သည် ငါ့​ကို​မ​နာခံ​ခဲ့​ပေ​။ 12သို့ဖြစ်၍ သူ​တို့​သည် မိမိ​တို့​၏​အကျင့်အကြံ​အတိုင်း လျှောက်လှမ်း​ကြ​စေရန် သူ​တို့​နှလုံးသား​၏​မာကျောမှု​၌ ငါ​အပ်​လိုက်​၏​။ 13ငါ၏​လူမျိုး​တော်​တို့သည် ငါ့​စကား​ကို​နားထောင်​၍ အစ္စရေး​လူမျိုး​တို့သည် ငါ​၏​လမ်း​အတိုင်း​လျှောက်လှမ်း​ခဲ့​လျှင် 14ငါ​သည် သူ​တို့​၏​ရန်သူ​များ​ကို လျင်မြန်​စွာ​ရှုံးနိမ့်​စေ​၍ ငါ​၏​လက်​ကို သူ​တို့​၏​ရန်သူ​များ​ဘက်​သို့ ပြန်လှည့်​စေ​ခဲ့​ပေ​လိမ့်မည်​။ 15ဘုရားရှင်ကို မုန်း​သော​သူ​တို့​သည် ရှေ့​တော်​၌ ခယဝပ်တွား​ကြ​သော်လည်း သူ​တို့​၏အပြစ်ဒဏ်​ခံရ​သော​ကာလ​သည် အစဉ်​ထာဝရ​ဖြစ်​လိမ့်မည်​။ 16သို့သော် ငါသည် သင်တို့ကို အကောင်းဆုံး​သော​ဂျုံဆန်​ဖြင့် ကျွေးမွေး​တော်မူ၍ ငါ​သည် ကျောက်ဆောင်​မှ​ထွက်​သော​ပျားရည်​ဖြင့် သင်တို့ကို​ဝလင်စွာစားသုံး​စေ​မည်​” ဟုမိန့်လေ၏။

ទើបបានជ្រើសរើសហើយ៖

Psalms 81: TPV-RV

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល