Psalms 80

80
1ယောသပ်အား သိုးအုပ်သဖွယ် လမ်းပြတော်မူသည့် အစ္စရေးတို့၏သိုးထိန်း၊ ကျွန်ုပ်တို့၏ပန်ကြားချက်ကို ကြားနာတော်မူပါ။ ခေရုဗိမ်အလယ်တွင် ကိန်းဝပ်စံမြန်းတော်မူသော အရှင်၊ ရောင်ခြည်တော်ထွန်းလင်းတော်မူပါ။ 2ဧဖရိမ်​၊ ဗင်္ယာမိန်​နှင့် မနာရှေ​အမျိုးအနွယ်တို့၏​ရှေ့​တွင် တန်ခိုးတော်​ကို​နှိုးဆော်​၍ အကျွန်ုပ်​တို့​ကို​ကယ်တင်​ရန် ကြွလာ​တော်မူ​ပါ​။ 3အို ဘုရားရှင်၊ ကျွန်ုပ်တို့အား ပြန်လည်ခေါ်ဆောင်တော်မူပါ။ ကျွန်ုပ်တို့ကယ်တင်ခြင်းခံရရန်အတွက် ကျွန်ုပ်တို့အပေါ် ဂရုဏာတော်ပြသတော်မူပါ။ 4အ​နန္တ​တန်​ခိုးတော်နှင့်ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူသည့် ဘုရားရှင်၊ အရှင့်လူမျိုးတော်တို့၏ဆုတောင်းအပေါ် မည်မျှကြာအောင် အမျက်ထွက်တော်မူမည်နည်း။ 5အရှင်သည် ကျွန်ုပ်တို့အား ဝမ်းနည်းမှုကို ကျွေးတော်မူပြီး များစွာသောမျက်ရည်တို့ကိုလည်း တိုက်တော်မူ၏။ 6အရှင်သည် ကျွန်ုပ်တို့အား အိမ်နီးချင်းတို့၏ အငြင်းပွားဖွယ်အကြောင်းဖြစ်စေတော်မူပြီး ရန်သူတို့သည်လည်း ကျွန်ုပ်တို့အား လှောင်ပြောင်ကြ၏။ 7အ​နန္တ​တန်​ခိုးတော်နှင့်ပြည့်စုံတော်မူသော ဘုရားရှင်၊ ကျွန်ုပ်တို့အား ပြန်လည်ခေါ်ဆောင်တော်မူပါ။ ကျွန်ုပ်တို့ကယ်တင်ခြင်းခံရရန်အတွက် ကျွန်ုပ်တို့အပေါ် ဂရုဏာတော်ပြသတော်မူပါ။ 8ကိုယ်တော်​သည် စပျစ်ပင်​တစ်​ပင်​ကို အီဂျစ်​ပြည်​မှ​ယူဆောင်​ခဲ့​၍ လူမျိုးခြား​တို့​ကို​မောင်းထုတ်​ပြီးလျှင် စိုက်ပျိုး​တော်မူ​၏​။ 9ထို​အပင်​အတွက် နေရာ​ကို​ရှင်းလင်း​ပေး​တော်မူ​သဖြင့် ထိုအပင်​သည် အမြစ်စွဲ​၍ တစ်ပြည်လုံးသို့ ပြန့်နှံ့​ခဲ့​ပါ​၏​။ 10ထို​အပင်​သည် တောင်​များ​ကို မိမိ​၏​အရိပ်​ဖြင့်​လည်းကောင်း​၊ မြင့်မား​သော​သစ်ကတိုးပင်​တို့​ကို မိမိ​၏​အကိုင်းအခက်​များ​ဖြင့်​လည်းကောင်း ဖုံးလွှမ်း​ခဲ့​ပါ​၏​။ 11မိမိအခက်အလက်တို့ကို ပင်လယ်တိုင်အောင် လည်းကောင်း၊ မိမိ၏အညွန့်တို့ကို မြစ်သို့တိုင်အောင်လည်းကောင်းဖြာထွက်စေပါ။ 12ကိုယ်တော်​သည် အဘယ်ကြောင့် ထိုအပင်၏​ခြံစည်းရိုး​တို့​ကို​ဖြိုဖျက်​တော်မူ​သနည်း​။ ယခုမှာမူ လမ်း​၌​ဖြတ်သွား​သော​သူ​အားလုံး​သည် ထိုအပင်​၏​အသီး​ကို​ဆွတ်ခူး​ကြ​ပါ​၏​။ 13တော​ဝက်​သည် ထို​အပင်​ကို​ကိုက်ဖြတ်​၍ တော​သတ္တဝါ​တို့​သည်​လည်း ဝိုင်းဖွဲ့စား​ကြ​ပါ​၏​။ 14အနန္တတန်ခိုးတော်နှင့်ပြည့်စုံတော်မူသော ဘုရားရှင်​၊ ကျွန်ုပ်တို့ထံ ပြန်ကြွလာ​တော်မူ​ပါ​။ ရွှေမြို့တော်မှ အောက်​သို့​ကြည့်​၍ ရှုမြင်​တော်မူ​ပါ​။ 15ဤ​စပျစ်ပင်​တည်းဟူသော လက်ယာ​လက်​တော်​ဖြင့် စိုက်ပျိုး​ထား​သော​မျိုးခံပင် အရှင်ကိုယ်တိုင်​အတွက် သားတော်ပျိုးထားသောအပင်​ကို ကြည့်ရှုရန် ကြွလာ​တော်မူ​ပါ​။ 16ထို​အပင်​သည် မီး​ရှို့​ခြင်း​၊ ခုတ်လှဲ​ခြင်း​ခံရ​ပါ​ပြီ​။ သူ​တို့​သည် ရှေ့​တော်​၌ ဆုံးမ​ခြင်း​ခံရ​၍ ပျက်စီး​ကြ​ရ​ပါ​၏​။ 17အရှင်၏လက်တော်သည် အရှင်၏လက်ယာတော်တွင်ရှိသောလူဖြစ်သည့် အရှင်အတွက် ကြံ့ခိုင်စေတော်မူသော လူ့သားတော်အပေါ်၌ တည်ပါစေ။ 18သို့ဖြစ်လျှင် ကျွန်ုပ်​တို့​သည် ကိုယ်တော်​ကို ကျောခိုင်း​သွား​ကြ​တော့​မည်​မ​ဟုတ်​ပါ​။ အကျွန်ုပ်​တို့​ကို ပြန်လည်​ရှင်သန်​စေ​တော်မူ​ပါ​။ ထိုအခါ ကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​နာမ​တော်​ကို​ခေါ်​ကြ​ပါ​မည်​။ 19အနန္တတန်ခိုးတော်နှင့်ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူသည့် ဘုရားရှင်​၊ ကျွန်ုပ်တို့အား ပြန်လည်ခေါ်ဆောင်တော်မူပါ။ ကျွန်ုပ်တို့ကယ်တင်ခြင်းခံရရန်အတွက် ကျွန်ုပ်တို့အပေါ် ဂရုဏာတော်ပြသတော်မူပါ။

ទើបបានជ្រើសរើសហើយ៖

Psalms 80: TPV-RV

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល