ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခုSample

အသီးကိုတွေ့ရတဲ့အထိ ကြိုးစားအားထုတ်ပါ (အလေ့အကျင့် နံပါတ်-၇)
ဒီနေ့မှာတော့... ဘုရားသခင်ကို ပထမဆုံး နေရာမှာထားလိုက်လို့ အသက်တာတစ်ခုလုံး လုံးလုံးလျားလျားပြောင်းလဲသွားတဲ့ ဂျူးလီယက်ရဲ့ သက်သေခံချက်ကို ဝေငှလိုပါတယ်။
““နေ့စဥ်နိမိတ်လက္ခဏာ”ဆိုတဲ့ နေ့စဥ်ခွန်အားဆောင်းပါးတွေကို စတင်ရရှိပြီး နေ့တိုင်းမှန်မှန်
ဖတ်ရှုပြီးတဲ့နောက်မှာ ကျွန်မရဲ့အသက်တာမှာ ဘုရားသခင်ဟာ ပိုပိုပြီး နေရာရလာပါတယ်။”
၂၀၀၇ ခုနှစ်တုန်းက Guadeloupe မှာရှိတဲ့အိမ်မှာ ဝက်ရူးပြန်တက်ခြင်း၊ မူးဝေခြင်း၊ တက်ခြင်း၊ နှင့် ပြင်းထန်သော ခေါင်းကိုက်ခြင်း ဝေဒနာတွေကို ဆေးကုသခံယူနေရပါတယ်။ ကျွန်မ ကားမောင်းပြီး အပြင်ထွက်တာတို့ဘာတို့ လုံးဝမလုပ်ဆောင်နိုင်တော့ပါဘူး။
“နေ့စဥ်နိမိတ်လက္ခဏာ”ဆိုတဲ့ နေ့စဥ်ခွန်အားဆောင်းပါးကို subscribedလုပ်ပြီးတဲ့နောက် ကျွန်မရဲ့အဖြစ်ဆိုးဖြစ်တဲ့ ဘုရားပေးတဲ့ အသက်ကို မမွေ့လျော်နိုင်စေတဲ့၊ကျန်းမာရေးကို ပျက်သုန်းစေတဲ့ ရောဂါကနေ ဘုရားသခင်ပဲ ကယ်တင်နိုင်တယ်ဆိုတာကို သိလာတယ်။
ကျွန်မရဲ့ဆုတောင်းချက်ကို ဘုရားသခင်နားညောင်းခဲ့တယ်။ အခုဆို ရောဂါကနေ လုံးဝပျောက်ကင်းသွားပြီ။ ပြန်အသက်ရှင်လာသလို ခံစားရတယ်။ ကျွန်မအရင်ကလို မဟုတ်တော့ဘူး။ ဘဝရဲ့အေးချမ်းမှုကို ပြန်ရရှိပြီ။ ဒေါသထွက်တာတွေလည်းမရှိတော့ဘူး။ ကျွန်မဒေါသနဲ့ တုံ့ပြန်ခဲ့သူတွေကိုလည်း ကျွန်မကိုခွင့်လွှတ်ဖို့ တောင်းပန်ခဲ့တယ်။
ဆယ်ကျော်သက်ကတည်းက ကျွန်မ မသိခဲ့ဘူးတဲ့ ငြိမ်သက်ခြင်းမျိုးနဲ့ ပြည့်နေပြီး အရင်နဲ့မတူတဲ့ အသက်တာကို ရှင်နေတယ်လို့ ခံစားရတယ်။””
ဒီတစ်ပတ်တာလုံး ကောင်းတဲ့ အလေ့အကျင့်တွေလုပ်ဖို့ “ဆုံးဖြတ်ချက်တွေကို” လုပ်ဆောင်သွားဖို့ တိုက်တွန်းလိုပါတယ်။ အထူးသဖြင့် သင့်ရဲ့ ဝိညာဥ်ရေးရကို တိုးတက်စေမည့် အလေ့အကျင့်တွေကို လုပ်ဆောင်ပါ။
အခက်ဆုံးက အစပြုဖို့မဟုတ်ပါဘူး “အဆုံးထိလုပ်ခြင်း”က ခက်တာပါ။ ဒေသနာ ၇း၈ မှာ “အမှု၏အဆုံးသည် အစထက်သာ၍ကောင်း၏။” လို့ရေးထားပါတယ်။
အသီးကိုတွေ့ရတာ ဒါမှမဟုတ် အသီးမသီးတဲ့မြေဖြစ်နေလားဆိုတာတွေကို အဆုံးမှာ သိရတာဖြစ်တယ်။ အဆုံးရောက်ရင် ငါတို့အသက်တာဟာ အောင်မြင်တဲ့အသက်တာလား ရှုံးနိမ့်လို့ငိုကြွေးရတဲ့အသက်တာလား ဆိုတာကို သိရလိမ့်မယ်။
ဂျူးလီယက်လိုပဲ ကြိုးစားအားထုတ်ပါ။ သင်အစပြုပြီးရင် မရပ်လိုက်ပါနဲ့... ပြီးတဲ့အထိ လုပ်ဆောင်ပါ။ ဘုရားသခင်ဟာ သင့်အတွက် ကောင်းတဲ့ အကြံအစည်တွေရှိတယ်။
ဆိုတော့... ဒီစီးရီးကို “အသီးကိုတွေ့ရတဲ့အထိ ကြိုးစားအားထုတ်ပါ” ဆိုတဲ့ အလေ့အကျင့် နံပါတ်-၇ နဲ့ အဆုံးသတ်လိုက်ပါမယ်။
ကျေးဇူးတင်ပါတယ်။
Eric Célérier
Scripture
About this Plan

ကျွန်တော်တို့အားလုံးမှာ မနက်တိုင်း လုပ်ဆောင်နေကျ အလေ့အကျင့်လေးတွေ ရှိကြပါတယ်။ ဒါတွေကို မနက်ပိုင်းမှာ အရင်ဦးဆုံးလုပ်နေကျ ပုံမှန် လုပ်ရိုးလုပ်စဥ်များလို့လဲ ခေါ်နိုင်ပါတယ်။ ယခုလာမဲ့ (၇)ရက်မှာ မနက်တိုင်း ပထမဆုံး ပြုလုပ်သင့်တဲ့ အရာတွေကို ဒီစီးရီးလေးနဲ့ ကျွန်တော်တင်ပြချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဝိညာဥ်ကြီးထွားဖို့ရန်အတွက် အလေ့အကျင့်တွေကို သင် ရှာဖွေတွေ့ရှိလာပါတော့မယ်။
More
Related Plans

30 Days of Endurance for Women Leaders

The Spirit Promised to the Church

Thirty Days of Victory

Retirement: It Always Ends in Death, So Let's Talk About It!

A Passion for Jesus

Give It to God - 7 Good Reasons to Pray

Moon to Blood (S4-E3)

Peace in the Storm

What Happened to Us in Eden? - Psychology of the Fall
