ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခုSample

အားမလျော့ပဲ ဆုတောင်းပါ (အလေ့အကျင့် နံပါတ်-၃)
အိပ်ယာနိုးနိုးချင်း သင် ဘယ်သူ့ကို ပထမဆုံး စကားပြောသလဲ?
သင့်ရဲ့ ဆုတောင်းအချိန်ယူခြင်းမှာ ပထမဆုံး သင့်စကားသံကို ကြားရပြီး ဝမ်းသောနေရသူဟာ ဘုရားသခင်ဖြစ်မယ်ဆိုရင်တော့ သိပ်ကောင်းမှာပဲ။
ဆုတောင်းခြင်းဟာ ဘုရားသခင်ရဲ့ အမြင်မှာ အလွန်တန်ဖိုးတဲ့အရာတစ်ခုဖြစ်တယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဘာဖြစ်လို့လဲ?
ဒီအရာဟာ ဘုရားနဲ့ ကျွန်တော်ကို ချိတ်ဆက်ပေးလို့ပဲ။ဆုတောင်းခြင်းအားဖြင့် ကျွန်တော်တို့သူ့ကို စကားပြောကြတယ်၊ သူကအဖြေပြန်ပေးတယ်။ ဆုတောင်းခြင်းအားဖြင့် သင်နဲ့ဘုရား အဆက်အသွယ် လုပ်ကြတာပါ။
“သင်တို့သည် စုံလင်လျက်၊ ဘုရားသခင်၏ အလိုတော်ကို အကုန်အစင် လေ့ကျက်လျက် တည်ကြည်မည်အကြောင်း သူသည် သင်တို့အဖို့ ကာလအစဉ်ကြိုးစား၍ ဆုတောင်းတတ်၏။-“ လို့ ကျမ်းတစ်ချက်ကပြောပါတယ်။
“အမျိုးမျိုးသော ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့ဖြင့် အချိန်ရှိသရွေ့ ဝိညာဉ်တော်၌ဆုတောင်းကြလော့။ ထိုသို့ပြုနိုင်ရန် နိုးနိုးကြားကြားရှိလျက် ဇွဲလုံ့လအပြည့်အဝဖြင့် သန့်ရှင်းသူအပေါင်းတို့အတွက် အသနားခံကြလော့။ ငါသည် နှုတ်ကိုဖွင့်သောအခါ ပြောရမည့်စကားကို ငါ့အားပေးတော်မူ၍ ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာကို ရဲရင့်စွာပြောပြနိုင်ရန် ငါ့အတွက်လည်း ဆုတောင်းပေးကြလော့။ (MSBU, ဧဖက် ၆း၁၈-၁၉)” လို့ နောက်ထပ်ကျမ်းတစ်ချက်က ပြောထားပါတယ်။
“အာမင်။ ငါသည် ဟောပြောသင့်သည့်အတိုင်း ရဲရင့်စွာဟောပြောနိုင်ရန် ဆုတောင်းပေးကြလော့။”- တမန်တော်ပေါလုက တောင်းဆိုထားခဲ့တယ်။
အခု သင့်အတွက်ပြောရအောင် - အားမလျော့ပဲ ဆုတောင်းပါ၊ ဟုတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အမြဲမပြတ်လုပ်ဆောင်ဖို့ မလွယ်ကူလို့ပါ။ တစ်ခါတစ်ရံ ဘာမှထူးမလာတာမျိုး ခံစားရတတ်ပါတယ်။
ဆုတောင်းခြင်းဆိုတာ လက်တွေ့အပြင်မှာ တကယ်ပဲ မမြင်ရတဲ့အရာပါ။ ဒါပေမဲ့ အလွန်တန်ခိုးကြီးတယ်။ ဆုတာင်းခြင်းဟာ ခရစ်တော်ထဲမှာ အခုပဲ ပြောင်းလဲလာသူဖြစ်ဖြစ်၊ ဆက်လက်လျှောက်လှမ်းနေသူ ဖြစ်ဖြစ်၊ ကြီးရင့်သူတစ်ယောက်ရဲ့ နောက်ဆုံးထွက်သက်မှာပဲဖြစ်ဖြစ် အတူပါရှိနေတဲ့အရာတစ်ခုပါ။ဆုတောင်းခြင်းဟာ ဘုရားသခင်ရဲ့နိုင်ငံတော်နဲ့ သင့်ကိုချိတ်ဆက်ပေးတဲ့ အသက်လိုင်းပါ။ ဒီအသက်လိုင်းဟာ တစ်ခါတစ်ခါ အားနည်းတတ်ပေမဲ့လည်း အမြဲတမ်း အချိတ်အဆက်မပြတ်အောင် ထိန်းသိမ်းရပါတယ်။
အလေ့အကျင့် နံပါတ်-၃ က “နေ့တိုင်း ဆုတောင်းခြင်း” ဖြစ်ပါတယ်။
ဟုတ်ပါတယ်၊ ဆုတောင်းခြင်းဟာ မလုပ်မဖြစ် အသက်ရှုခြင်းမျိုးဖြစ်ပြီး ဒီကမ္ဘာကနေ ထာဝရကာလအထိ သင်နဲ့အတူ ရှိသွားမဲ့အရာ ဖြစ်ပါတယ်။
ကျွန်တော်နဲ့အတူ ဆုတောင်းရအောင် “ဘုရားသခင်၊ ကိုယ်တော်ကို အဆက်အသွယ်လုပ်ပြီး ဆက်ဆံရေးရှင်သန်နေဖို့ ဆုတောင်းခြင်းဆိုတာ ရှိနေလို့ ကျေးဇူးတင်ပါတယ်။ နေ့တိုင်း ကိုယ်တော်ထံ ဆုတောင်းဖို့ ရွေးချယ်ပါတယ်။ ကျွန်တော်ဖြတ်သန်းနေရတဲ့ အရာတွေကို ကိုယ်တော်လက်ထဲ အပ်နှံပြီး ကျွန်တော်ရဲ့ ဝမ်းသာစရာတွေနဲ့ အောင်မြင်ခြင်းတွေကို ဝေမျှပြောဆိုဖို့ဖြစ်လို့ ကျေးဇူးတင်ပါတယ်။ မနက်တိုင်း ကိုယ်တော်မျက်နှာရှာရန် ဆန္ဒရှိပြီး အဆင့်သင့်ရှိသော စိတ်နှလုံးကို ကျွန်တော်အထဲမှာ ထည့်ပေးထားပါ။ ကိုယ်တော်၏ နာမတော်သာ ဘုန်းကြီးပါစေ။ ယေရှု၏ နာမ၌... အာမင်။
ကျေးဇူးတင်ပါတယ်။
Eric Célérier
Scripture
About this Plan

ကျွန်တော်တို့အားလုံးမှာ မနက်တိုင်း လုပ်ဆောင်နေကျ အလေ့အကျင့်လေးတွေ ရှိကြပါတယ်။ ဒါတွေကို မနက်ပိုင်းမှာ အရင်ဦးဆုံးလုပ်နေကျ ပုံမှန် လုပ်ရိုးလုပ်စဥ်များလို့လဲ ခေါ်နိုင်ပါတယ်။ ယခုလာမဲ့ (၇)ရက်မှာ မနက်တိုင်း ပထမဆုံး ပြုလုပ်သင့်တဲ့ အရာတွေကို ဒီစီးရီးလေးနဲ့ ကျွန်တော်တင်ပြချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဝိညာဥ်ကြီးထွားဖို့ရန်အတွက် အလေ့အကျင့်တွေကို သင် ရှာဖွေတွေ့ရှိလာပါတော့မယ်။
More
Related Plans

Let Us Pray

Stormproof

Homesick for Heaven

Judges | Chapter Summaries + Study Questions

Faith in Hard Times

The Lies We Believe: Beyond Quick Fixes to Real Freedom Part 2

Breath & Blueprint: Your Creative Awakening

Unapologetically Sold Out: 7 Days of Prayers for Millennials to Live Whole-Heartedly Committed to Jesus Christ

FruitFULL - Faithfulness, Gentleness, and Self-Control - the Mature Expression of Faith
