ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခုSample

ဘာဖြစ်လို့ အိပ်ရာမှနိုးထချိန်မှာ ကျမ်းစာဖတ်သင့်သလဲ? (အလေ့အကျင့် နံပါတ်-၄)
အိပ်ရာနှိုးစက်မြည်နေပြီ... အိပ်ပျော်နေရာက သင် တဖြည်းဖြည်းချင်း ကိုယ့်ကိုယ်ကိုဆွဲထနေပါပြီ... မျက်လုံးတွေဖွင့်ကြည့်လိုက်မယ်... ပြီးတော့အိပ်ရာထလိုက်မယ်။ ပြီးတာနဲ့ ဟန်းဖုန်းထဲက အပ္ပလီကေးရှင်း တစ်ခုခုကို ကြည့်ဖို့ပြင်လိုက်မယ်... ဆိုရှယ်မီဒီယာကို ပွတ်ကြည့်နေမယ်၊ ဒါမှမဟုတ်... ကျမ်းစာဖတ်နေမယ်!
ကျမ်းစာဖတ်နေတာကတော့ အကောင်းဆုံးရွေးချယ်ချက်ပါပဲ။ 😊
ဆိုတော့... ဒီနေ့အတွက် မေးခွန်းကတော့ မနက်တိုင်း သင်ဘာကို ပထမဆုံးဖတ်ရှုပါသလဲ? လောကသတင်းလား ဘုရားသခင်ရဲ့ နိုင်ငံတော်သတင်းလား? ပုံမှန်နေ့စဥ်သတင်းတွေနဲ့ ခေတ်မီနေတာ မကောင်းဘူးလို့ လုံးဝမဆိုလိုပါဘူး။ ဒါပေမဲ့ ပထမဆုံး မိမိကိုယ်ကို သတင်းပေးရမဲ့အရာက “ဘုရားသခင်က ဘာပြောနေလဲ” ဆိုတဲ့အရာပဲဖြစ်တယ်။
ဘုရားသခင် သင့်ကို ဘာပြောချင်နေလဲ? သူဘယ်လိုခံစားနေရလဲ? သူဘာတွေကြိုတင်စီစဥ်ထားလဲ? အထူးသဖြင့်... သူဘယ်သူလဲ? ဆိုတဲ့အရာတွေကို နှုတ်ကပတ်တော်ထဲမှာ တွေ့နိုင်တယ်။ ကျမ်းစာကို ရတနာသိုက်ရှာဖွေရသလို မြင်ကြည့်ပြီး တစ်နေ့တစ်နေ့ တန်ဖိုးရှိတဲ့ ဥာဏ်ပညာတွေ၊ ခွန်အားတွေကို ရှာဖွေယူကြည့်ပါ။
ဒီတော့... အလေ့အကျင့် နံပါတ်-၄ က “ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နေ့တိုင်းဖတ်ခြင်း” ဖြစ်ပါတယ်။
“သက်သေခံတော်မူချက်တို့သည် အကျွန်ုပ်မွေ့လျော်ရာ၊ အကျွန်ုပ်တိုင်ပင်ရာ ဖြစ်ကြပါ၏။” ဆာလံ ၁၁၉း၂၄
“ကိုယ်တော်၏လက်တို့သည် အကျွန်ုပ်ကိုဖန်ဆင်း၍၊ ပုံသဏ္ဌာန်ကို ပေးတော်မူပြီ။ ပညတ်တော်တို့ကို အကျွန်ုပ်သင်နိုင်သော ဉာဏ်နှင့် ပြည့်စုံစေတော်မူပါ။” ဆာလံ ၁၁၉း၇၃
ဥာဏ်ပညာအားလုံးရဲ့ မူလအမြစ်ဖြစ်တဲ့ “သမ္မာကျမ်းစာ” ထက်ပိုပြီး တန်ဖိုးရှိတဲ့အရာမရှိပါဘူး။
ကျွန်တော်နဲ့အတူဆုတောင်းဖို့ ဖိတ်ခေါ်ပါရစေ... “ဘုရားသခင်၊ ကျွန်ုပ်ကို ကောင်းကြီးပေးတဲ့၊ ကျန်းမာစေတဲ့၊ စိတ်ကျေနပ်စေတဲ့ နှုတ်ကပတ်တော်အတွက် ကျေးဇူးတင်ပါတယ်။ နေ့စဥ်ဖတ်ရှုပြီး လက်တွေ့ကျင့်သုံးဖို့ ရွေးချယ်ပါပြီ။ နံနက်တိုင်း ဖတ်ရှုနေစဥ် နှုတ်ကပတ်တော်ရဲ့ အတိမ်အနက်ကို နားလည်စေပြီး တန်ဖိုးရှိတဲ့ သမ္မာတရားတွေကို ရှာဖွေတွေ့ရှိဖို့ မစတော်မူပါ။ နာမတော်ကို ကောင်းကြီးပေးပါ၏။ အာမင်။
ကျေးဇူးတင်ပါတယ်။
Eric Célérier
Scripture
About this Plan

ကျွန်တော်တို့အားလုံးမှာ မနက်တိုင်း လုပ်ဆောင်နေကျ အလေ့အကျင့်လေးတွေ ရှိကြပါတယ်။ ဒါတွေကို မနက်ပိုင်းမှာ အရင်ဦးဆုံးလုပ်နေကျ ပုံမှန် လုပ်ရိုးလုပ်စဥ်များလို့လဲ ခေါ်နိုင်ပါတယ်။ ယခုလာမဲ့ (၇)ရက်မှာ မနက်တိုင်း ပထမဆုံး ပြုလုပ်သင့်တဲ့ အရာတွေကို ဒီစီးရီးလေးနဲ့ ကျွန်တော်တင်ပြချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဝိညာဥ်ကြီးထွားဖို့ရန်အတွက် အလေ့အကျင့်တွေကို သင် ရှာဖွေတွေ့ရှိလာပါတော့မယ်။
More
Related Plans

Romans 8: Life in Christ by the Spirit

5 Cornerstones of Godly Leadership

Focus to Flourish: 7 Days to Align Your Life and Art With God’s Best

Rules of Resilience: How to Thrive in a World of Change and Uncertainty

Worship as a Lifestyle
Love God Greatly - Secure in Christ: One Faith, One Family, One Savior

Begin Your Day God’s Way

Refresh My Soul: Discovering God’s Promises for a Purposeful Life

Philippians - Life in Jesus
