မဟာနာမSample

ဒါကြောင့်၊ ဘုန်းကြီးသော သခင်ယေရှုက ကျွန်တော်တို့ကို ဘယ်လိုမိန့်တော်မူနေပါသလဲ။
'နောင်တရကြလော့။ ငါထံသို့ လာကြလော့။ ယုံမှားခြင်းမရှိနှင့်။ ငါ့ကို ယုံလော့' လို့ သမ္မာကျမ်းစာထဲမှာ ဖော်ပြထားပါတယ်။ ဒါကြောင့်...
'ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။ သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။ မယုံကြည်သောသူမူကား၊ ဘုရားသခင်၌ တစ်ပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းကို ခံရ၏။'
မိတ်ဆွေရဲ့ မယုံကြည်ခြင်းအပြစ်တွေ ပြေစေဖို့အတွက် နောင်တရပြီး၊ ထာဝရဘုရားထံတော်မှာ မိတ်ပြောင်းလဲပါ။ သားတော် ယေရှုခရစ်တော်ကို မိမိရဲ့ မြင့်မြတ်တဲ့အသက်သခင် ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံပါ။ အမှန်တကယ် ယုံကြည်ခံယူရင် အကျွတ်တရားကယ်တင်ခြင်းကို ရပါမယ်။ ထာဝရပျော်ရွှင်မှုလည်း ရမယ်။ ထာဝရငရဲမရောက်ဘဲ အိုခြင်း၊ နာခြင်း၊ သေခြင်းကင်းတဲ့ ကောင်းကင်ဘုံတော်မှာ ထာဝရအသက်ရရှိမှာ ဖြစ်ပါတယ်။
ဒါ့အပြင်၊ ကောင်းကင်ဘုံတော်ထဲကို ဝင်တဲ့သူအားလုံးလည်း ထာဝရဘုရားပေးတော်မူတဲ့ ကျေးဇူးတော်ရဲ့ ဘုန်းအသရေတော်ကို ကမ္ဘာအဆက်ဆက် ချီးမွမ်းပြီး၊ နာမတော်ကို ထောမနာသီချင်း ကမ္ဘာအဆက်ဆက်တိုင်အောင် ဆိုကြပါလိမ့်မယ်။
'ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင်သနားတော်မူရာ ဖြစ်သတည်း။ ကိုယ်ကုသလိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။'
တစ်နည်းပြောရရင်၊ ကိုယ့်ကုသိုလ်အားဖြင့် မဟုတ်ဘဲ၊ ကိုယ့်ဘာသာကိုယ် ကြိုးစားစရာလည်း မလိုပါဘဲ ယေရှုရဲ့ ကုသိုလ်တော်နဲ့ အကျွတ်တရားက်ု တစ်ပါးသူရဲ့ လက်ဆောင်ပေးတာကို ခံယူသလို ယုံကြည်ခံယူရုံပါ။
မိတ်ဆွေက၊'သခင်ယေရှုကို နှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် ယေရှုကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်' လို့ သွန်သင်ထားတဲ့အတိုင်းပြုပါက ယေရှုခရစ်တော်ဘုရားရဲ့ မဟာနာမဖြင့် အပြစ်ငရဲကနေ လွတ်ပြီး ကယ်တင်ခြင်းကို ရောက်ရှိပါလိမ့်မယ်။
စာရှုသူအယေက်စီတိုင်း သခင်ယေရှုခရစ်တော်ဘုရား၏ မဟာနာမဖြင့် ကယ်တင်ခြင်းသို့ ရောက်ပါစေ။
About this Plan

မဟာနာမ အစီစဉ်သည် မြန်မာလူမျိုးများအတွက် အထူးရေးသားထားပြီး ဘုရားကို ရှာဖွေသူများ၊ ယုံကြည်သူအသစ်များ (သို့) ကိုယ်တော်မြတ်နှင့် သူ၏ဧဝံဂေလိတရားကို နက်ရှိုင်းစွာ နားလည်သဘောပေါက်လိုသူတိုင်းအတွက် ရှင်းလင်းစွာ ပြုပြင်စီရင်ထားပါသည်။ ဤမရှိမဖြစ် အစီစဉ်သည် ကိုယ်တော်၏ မဟာနာမအားဖြင့် ရရှိခံစားစေသော ကယ်တင်ခြင်းအကျွတ်တရားနှင့်ပတ်သက်၍ ဖော်ပြထားသည်။ ယခုစတင်လိုက်ပါ။
More
Related Plans

Sharing Your Faith in the Workplace

Legacy Lessons W/Vance K. Jackson

Game Changers: Devotions for Families Who Play Different (Age 8-12)

God's Book: An Honest Look at the Bible's Toughest Topics

Rebuilt Faith

30 Powerful Prayers for Your Child Every Day This School Year

Awakening Faith: Hope From the Global Church

24 Days to Reflect on God's Heart for Redemption

Protocols, Postures and Power of Thanksgiving
