မဟာနာမSample

ဒါကြောင့်၊ ကျွန်တော်တို့ဟာ အရာရာမှာ ထာဝရဘုရားရဲ့ ဘုန်းအသရေတော်အတွက် အသက်ရှင်ကြရပါမယ်။
'မည်သည်အမှုကို ပြုသော်လည်းကောင်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့။'
ဒါပေမဲ့၊ ကျွန်တော်တို့က ထာဝရဘုရားရဲ့ ဘုန်းတော်ကို မထောက်ဘဲ၊ မိမိဘုန်းကိုသာ ထောက်ပြီး အပြစ်ဒုစရိုက်တွေကို ပြုနေကြဆဲ ဖြစ်ပါတယ်။
'လူအပေါင်းတို့သည် ဒုစရိုက်ပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။'
ကျွန်တော်တို့က ထာဝရဘုရားရှင်ရဲ့ ဘုန်းတော်ကို အလေးမထား၊ မိမိဖန်ဆင်းရှင်ကို မရှိခိုးဘဲ၊ ယုံမှားခြင်းဖြင့် ဖန်ဆင်းအပ်တဲ့အရာတွေပဲ ရှိခိုးနေကြဆဲ ဖြစ်ပါတယ်။ အဲဒီအမှုဟာ ဘုရားသခင့်ရှေ့တော်မှာ အရမ်းဆိုးရွားတဲ့ အဖြစ် ဖြစ်ပါတယ်။
'ခပ်သိမ်းသော ဘုရားသခင်၏ အကြောင်းအရာတို့သည် သူတို့တွင် ထင်ရှားလျက် ရှိ၏။ ဘုရားသခင်သည် သူတို့အား ပြတော်မူပြီ။ အဘယ်သို့နည်းဟူမူကား ဖန်ဆင်းတော်မူသောအရာများကို ထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက် ရှိကြ၏။ ထို့ကြောင့် သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။
အကြောင့်မူကား၊ ထိုသူတို့သည် ဘုရားသခင်ကို သိလျက်ပင်၊ ဘုရားသခင်ကို ချီးမွမ်းသင့်သည်အတိုင်း မချီးမွမ်း၊ ကျေးဇူးတော်ကိုလည်း မသိမမှတ်၊ အချည်းနှီးတွေးဆခြင်း၊ သတိမရှိသော စိတ်နှလုံမိုက်မဲခြင်းသို့ ရောက်ကြ၏။ မဖြောက်ပြန် မပျက်စီးနိုင်သော ဘုရားသခင်၏ ဂုဏ်တော်ကို ပယ်လျက်၊ ဖောက်ပြန်ပျက်စီးတတ်သော လူ၏ရုပ်တု၊ သားငှက်အစရှိသော တွားတတ်သော တိရစ္ဆာန်၏ရုပ်တုကို ဘုရားသခင်အရာ၌ ချီးမြှောက်ကြ၏။ သူတို့သည် မှန်သောဘုရားသခင့်အရာ၌ အမှားကို ထားလျက်၊ ဖန်ဆင်းတတ်သောသခင်ကို ပယ်၍ ဖန်ဆင်းအပ်သောအရာကို ဝတ်ပြုကိုးကွယ်သောသူ ဖြစ်ကြ၏။'
အဲဒီထက်မက၊'(ဘုရားသခင်ကို) ယုံကြည်စိတ်မရှိဘဲ ကျင့်သမျှသောအကျင့်တို့သည် အပြစ်ရှိကြ၏'လို့ သမ္မာကျမ်းစာထဲမှာ ဖော်ပြထားပါတယ်။
ဒါကြောင့်'ဖြောင့်မတ်သောသူ မရှိ၊ တစ်ယောက်မျှ မရှိ၊ နားလည်သောသူ မရှိ။ ဘုရားသခင်ကို ရှာသောသူ မရှိ။ လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း အသုံးမရသောသူ ဖြစ်ကြပြီ။ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ၊ တစ်ယောက်မျှ မရှိ။ သူတို့သွားရာလမ်း၌ ပျက်စီးခြင်း၊ ဒုက္ခဆင်းရဲခြင်း ရှိ၏။ ချမ်းသာလမ်းကို သူတို့မသိကြ။'
ဒါတင်မက၊ သမ္မာကျမ်းစာမှာ'အပြစ်တရား၏ အခကား သေခြင်းပေတည်း'လို့ ဖော်ပြထားပါတယ်။ လူအားလုံးဟာ ထာဝရဘုရားရဲ့ စကားတော်ကို နားမထောင်၊ မယုံကြည်တဲ့အတွက် အပြစ်သားတွေ ဖြစ်လာပြီး အိုခြင်း၊ နာခြင်း၊ သေခြင်းတွေကို ရရှိခံစားလျက် ပကတိအတိုင်း အမျက်တော်ကို ခံရသောသူများလည်း ဖြစ်ကြပါတယ်။
ပိုမိုဝမ်းနည်းစရာကောင်းတာက အပြစ်သားတွေဟာ'သခင်ဘုရား၏ မျက်နာတော်နှင့်လည်းကောင်း၊ တန်ခိုးရှိသောဘုန်းတော်နှင့်လည်းကောင်း ကွာ၍ ထာဝရပျက်စီးခြင်းတည်းဟူသော အပြစ်ဒဏ်ကို ခံရကြလတ္တံ့။'
About this Plan

မဟာနာမ အစီစဉ်သည် မြန်မာလူမျိုးများအတွက် အထူးရေးသားထားပြီး ဘုရားကို ရှာဖွေသူများ၊ ယုံကြည်သူအသစ်များ (သို့) ကိုယ်တော်မြတ်နှင့် သူ၏ဧဝံဂေလိတရားကို နက်ရှိုင်းစွာ နားလည်သဘောပေါက်လိုသူတိုင်းအတွက် ရှင်းလင်းစွာ ပြုပြင်စီရင်ထားပါသည်။ ဤမရှိမဖြစ် အစီစဉ်သည် ကိုယ်တော်၏ မဟာနာမအားဖြင့် ရရှိခံစားစေသော ကယ်တင်ခြင်းအကျွတ်တရားနှင့်ပတ်သက်၍ ဖော်ပြထားသည်။ ယခုစတင်လိုက်ပါ။
More
Related Plans

Sharing Your Faith in the Workplace

Legacy Lessons W/Vance K. Jackson

Game Changers: Devotions for Families Who Play Different (Age 8-12)

God's Book: An Honest Look at the Bible's Toughest Topics

Rebuilt Faith

30 Powerful Prayers for Your Child Every Day This School Year

Awakening Faith: Hope From the Global Church

24 Days to Reflect on God's Heart for Redemption

Protocols, Postures and Power of Thanksgiving
