မဟာနာမSample

'လူသည် ဘုရားသခင်ရှေ့တော်၌ ကုသိုလ်ကို အဘယ်သူရနိုင်သနည်း' လို့ သမ္မာကျမ်းစာက ဆိုထားပေမဲ့လည်း မိတ်ဆွေအတွက် အရမ်းဝမ်းသာစရာ သတင်းကောင်း ရှိပါတယ်။
အပြစ်သားတွေကို ထာဝရငရဲပြည်ကို မရောက်ဘဲ၊ မိမိထာဝရဝမ်းမြောက်ခြင်းနဲ့ ဘုန်းတော်ထဲကို ဝင်စားစေဖို့အတွက် သုံးပါးတစ်ဆူထဲက တစ်ပါးဖြစ်တဲ့ သားတော်ဘုရားကို ခမည်းတော်ဘုရားက လူ့ပြည်ကို စေလွှတ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀၀၀) ခန့်က သားတော်ဘုရားဟာ မိမိဘုန်းအသရေကို စွန့်တော်မူလျက် လူ့ဇာတိကို ခံယူပြီး၊ လူပြည်ကို ဆင်းကြွခဲ့ပါတယ်။ အဲဒီသားတော်ရဲ့ မဟာနာမတော်က'ယေရှုခရစ်တော်'ဖြစ်ပါတယ်။ ယေရှုခရစ်တော်ဆိုတဲ့ နာမတော်ရဲ့ အနက်အဓိပ္ပာယ်က'မိမိလူတို့ကို အပြစ်မှ ကယ်ချွတ်မည့်သူ' ဖြစ်ပါတယ်။
လူတွေ အပြစ်မှ လွတ်မြောက်နိုင်ဖို့ အပြစ်သားအားလုံးကိုယ်စား အပြစ်ကင်းတဲ့ ယေရှုက လက်ဝါးကပ်တိုင်မှာ ခမည်းတော်ဘုရားရဲ့ အမျက်တော်စီရင်ခြင်းကို နာကျင်မှုအပြည့်နဲ့ ခံယူပြီး အသက်တော်ကို ပေးလှူပေးဆပ်ခဲ့ပါတယ်။
ခမည်းတော်ဘုရားက သားတော်ဘုရားရဲ့ အသက်တော်ပေးလှူပူဇော်မှုကို နှစ်သက်လက်ခံတဲ့အတွက် သင်္ဂြိုဟ်ပြီးမှ၊ သုံးရက်မြောက်နေ့မှာ ယေရှုကို သေခြင်းမှ ထမြောက်စေခဲ့ပါတယ်။ ယေရှုက ရက်ပေါင်း (၄၀) ကြာ လူ့ပြည်မှာ နေထိုင်ပြီး သူ့ရဲ့ရှင်ပြန်ထမြောက်ခြင်းသက်သေအများကို ပြခဲ့ပါတယ်။
တစ်ဖန်'သားတော်ဘုရားသည်လည်း ခပ်သိမ်းသောအရာမဖြစ်မီ ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့် တည်ကြ၏' လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။
'ခမည်းတော်ဘုရားသခင်သည် ကိုယ်တော်ကို အလွန်ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သောဘွဲ့နာမတော်ကို ပေးသနားတော်မူ၏။ အကြောင်းမူကား၊ ကောင်းကင်သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသောသတ္တဝါတည်းဟူသော ခပ်သိမ်းသောသတ္တဝါတို့သည် ယေရှု၏ ဘွဲ့နာမတော်ကို ဒူးထောက်၍၊ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့် ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရား၏ ဘုန်အသရေတော်ကို ထင်ရှားစေကြမည်အကြောင်းတည်း။ ဘုရင်တို့၏ ဘုရင်၊ သခင်တို့၏ သခင်ဟု ဘွဲ့နာမတော်သည် အဝတ်တော်၌ ရေးထားလျက် ရှိ၏' လို့ ထပ်မံရေးသားထားပါတယ်။
About this Plan

မဟာနာမ အစီစဉ်သည် မြန်မာလူမျိုးများအတွက် အထူးရေးသားထားပြီး ဘုရားကို ရှာဖွေသူများ၊ ယုံကြည်သူအသစ်များ (သို့) ကိုယ်တော်မြတ်နှင့် သူ၏ဧဝံဂေလိတရားကို နက်ရှိုင်းစွာ နားလည်သဘောပေါက်လိုသူတိုင်းအတွက် ရှင်းလင်းစွာ ပြုပြင်စီရင်ထားပါသည်။ ဤမရှိမဖြစ် အစီစဉ်သည် ကိုယ်တော်၏ မဟာနာမအားဖြင့် ရရှိခံစားစေသော ကယ်တင်ခြင်းအကျွတ်တရားနှင့်ပတ်သက်၍ ဖော်ပြထားသည်။ ယခုစတင်လိုက်ပါ။
More
Related Plans

(Re)made in His Image

Finding Freedom: How God Leads From Rescue to Rest

One New Humanity: Mission in Ephesians

Evangelistic Prayer Team Study - How to Be an Authentic Christian at Work

I Don’t Like My Kid Right Now: Honest Truths for Tired Christian Parents

The Gospel of Matthew

Numbers | Reading Plan + Study Questions

Meet God Outside: 3 Days in Nature

The Artist's Identity: Rooted and Secure
