စိတ်ဖိစီးမှုထက် ဝမ်းမြောက်ခြင်း - နေ့စဥ်ဝမ်းမြောက်ခြင်းအလေ့ကို ရှိစေဖို့ ဘယ်လိုလုပ်မလဲနမူနာ

ဝမ်းနည်းစေတဲ့ စိတ်ခံစားချက်များကို ခွင့်ပြုခြင်း
လူတိုင်းမှာ နာကျင်မှုမှ ရှောင်ထွက်ဖို့အတွက် ချက်ချင်းတုံ့တဲ့စိတ်တွေ ရှိကြတယ်။ ဒီအရာက ကျွန်တော်တို့အတွက် ကောင်းပါတယ်။ ကျွန်တော်တို့မှာ ရှိနေသရွေ့ အသက်ရှင်နေရတာ ဖြစ်တယ်။
ဒါပေမဲ့၊ ဒီတုံ့ပြန်မှုဟာ ကျွန်တော်တို့ကို ထိခိုက်စေနိုင်တာ ဖြစ်တယ်။ ကျွန်တော်တို့ ဝမ်းနည်းစေတဲ့ စိတ်ခံစားချက်များရဲ့ နာကျင်မှုများမှ ပြေးထွက်နေမယ်ဆိုရင် ထိုအရာတွေမှာ ဘယ်လိုကြီးထွားရမလဲဆိုတာ ကျွန်တော်တို့ သိမှာမဟုတ်ပါ။
ဝမ်းနည်းစေတဲ့ စိတ်ခံစားချက်တွေမှာ ရှင်သန်ကြီးထွားပြီး တခြားတဘက်မှာရှိတဲ့ ဝမ်းမြောက်ခြင်းဆီကို ရောက်လာတဲ့ တပည့်တော်တွေနဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေကို သမ္မာကျမ်းစာထဲမှာ တွေ့ရတယ်။
ဝမ်းမြောက်ခြင်းရဲ့ အကြီးမားဆုံး အဟန့်အတားက ကျွန်တော်တို့ ဝမ်းနည်းစေတဲ့ စိတ်ခံစားချက်တွေကို လက်ခံဖို့ မစွမ်းဆောင်နိုင်ခြင်း ဖြစ်တယ်။
ကျွန်တော်တို့ ရှောင်ရှားချင်တယ်၊ လျစ်လျူရှုချင်တယ်၊ ထုံစေချင်တယ်။ ဒါပေမဲ့ ဒီလိုလုပ်ဆောင်ခြင်းက ကျွန်တော်တို့ရဲ့ စိတ်ဖိစီးစေတဲ့ အရာတွေကို အားပေးရာ ရောက်တယ်။
ထိုအစား ကျွန်တော်တို့ရဲ့ ဝမ်းနည်းစေတဲ့ စိတ်ခံစားချက်များကို ခွင့်ပြုပြီး ရင်ဆိုင်ဖို့ မကြောက်ရွံ့သင့်ပါ။
ထိုဝမ်းနည်းစေတဲ့ စိတ်ခံစားချက်များကို ရင်ဆိုင်ဖို့ အစွမ်းအစတွေကို ဘယ်လိုမြှင့်တင်ကြမလဲ။
စိတ်ခံစားချက်တွေကို ရင်ဆိုင်ရတဲ့ တစ်ဘက်မှာ ဝမ်းမြောက်ခြင်း ရှိနေတယ်ဆိုတဲ့ အမှန်တရားကို ဆုပ်ကိုင်ထားဖို့ လိုပါတယ်။ ဒီလိုနားလည်ခြင်းက ခက်ခဲတဲ့ စိတ်ခံစားချက်များကို ရင်ဆိုင်ဖို့ ခွန်အားကို တည်ဆောက်ပေးမှာ ဖြစ်တယ်။
(ယော၊ ၁၆:၂၀) တွင်၊ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် ငိုကြွေးမြည်တမ်းခြင်း ရှိကြလိမ့်မည်။ လောကီသားတို့သည် ဝမ်းမြောက်ခြင်းရှိကြလိမ့်မည်။ သင်တို့မူကား ဝမ်းနည်းခြင်းရှိသော်လည်း ထိုဝမ်းနည်းခြင်းသည် တစ်ဖန် ဝမ်းမြောက်ခြင်း ဖြစ်လိမ့်မည်လို့ အရှင်ယေရှုဘုရားက မိန့်တော်မူခဲ့တယ်။ သူတို့ လျစ်လျူရှုလို့ရမယ့် ဝမ်းနည်းခြင်းရှိမှာ မဟုတ်ဘူးလို့ အရှင်ယေရှုဘုရား ပြောခဲ့တယ်။ သူတို့ အရမ်းကို ဝမ်းနည်းကြေကွဲပြီး ငိုကြွေးရလိမ့်မယ်လို့ ယေရှုပြောထားတယ်။ တနည်းပြောရရင် သူတို့ဝမ်းနည်းစေတဲ့ စိတ်ခံစားချက်ကို အပြည့်အဝ ခံစားရမှာဖြစ်တယ်လို့ ယေရှုပြောပြထားတာ ဖြစ်တယ်။
ထိုစိတ်ခံစားချက်တွေရဲ့ အခြားတစ်ဘက်မှာ ဝမ်းမြောက်ခြင်း ရှိတယ်။ သူတို့ရဲ့ ဝမ်းနည်းခြင်းဟာ ဝမ်းမြောက်ခြင်းအဖြစ်ပြောင်းလဲမှာ ဖြစ်တယ်။
သမ္မာကျမ်းစာက ကျွန်တော်တို့ စိတ်ခံစားချက်တွေမှ ပြေးထွက်ခြင်းအကြောင်း မဟုတ်ပါ။ ထိုခံစားချက်တွေကို ရင်ဆိုင်ရမယ့်အကြောင်းဖြစ်ပြီး တခြားတစ်ဘက်မှာ ဝမ်းမြောက်ခြင်းကို ရှာဖွေတာဖြစ်တယ်။ သူတို့ကို မရင်ဆိုင်ဘူးဆိုရင် ဝမ်းမြောက်ခြင်းမရှိနိုင်ပါ။
(ဆာ၊ ၃၀:၅) တွင်၊ နံနက်ယံ၌ကား၊ သီချင်းဆိုသောအခွင့် ရှိ၏လို့ ဖော်ပြထားတာကို အောက်မေ့သတိရစေပါ။ ညဉ့်ဦးယံ၌ ငိုကြွေးခြင်းက လာ၍ တည်းခိုတယ်။ နံနက်ယံ၌ကား၊ ဝမ်းမြောက်ခြင်း ရှိတယ်။
ဒါမှမဟုတ်ရင်၊ နေဟမိမှတ်စာထဲရှိ ထာဝရဘုရား ပေးတော်မူသောအခွင့်နှင့် အားယူ၍ ဝမ်းမြောက်ကြလော့ဟု လူအပေါင်းတို့အား ဆိုကြ၏လို့ (နေ၊ ၈း၁၀) မပြောခင်မှာ လူတွေရဲ့ ဒေါသမီး၊ ဝမ်းနည်းခြင်းနဲ့ သောကမီးဆိုတဲ့ စိတ်ခံစားချက်တွေအကြောင်းကို စဥ်းစားကြည့်လိုက်ပါ။
ဒါမှမဟုတ်ရင် နာမည်ကြီးတဲ့ (ဆာ၊ ၂၃) မတိုင်ခင်ရှိ ဒါဝဒ်မင်းကြီး စပ်ဆိုတဲ့ (ဆာ၊၂၂) ရှိ ဖြတ်သန်းခဲ့ရတဲ့ စိတ်ခံစားချက်တွေအကြောင်းကို စဥ်းစားကြည့်လိုက်ပါ။
သမ္မာကျမ်းစာက ရှင်းလင်းလှပါတယ်၊ ကျွန်တော်တို့နာကျင်ခြင်းမှ ရှောင်ထွက်သွားဖို့ မဟုတ်ဘဲ ရင်ဆိုင်ရဖို့ ဖြစ်တယ်၊ တခြားတစ်ဘက်မှာရှိတဲ့ ဘုရားသခင်ရဲ့ ဝမ်းမြောက်ခြင်း အကြောင်းကို ရှာဖွေရန် တမ်းတခြင်ပင် ဖြစ်တယ်။
ဒီနေ့ မိမိရင်ဆိုင်ရမှာ ကြောက်ရွံ့နေတဲ့ ဝမ်းနည်းစေတဲ့ စိတ်ခံစားချက်များကို ပြန်စဥ်းစားကြည့်ပါဦး။ ထိုအရာတွေမှ ရှောင်ထွက်ခြင်းထက် မိမိကိုယ်တိုင် ခံစားရအောင်ခွင့် ပြုလိုက်ပါ။ ပြီးတော့၊ တခြားတစ်ဘက်မှာ ဝမ်းမြောက်ခြင်းနှင့် တွေ့ဖို့အတွက် ဘုရားသခင်ထံ ဆုတောင်းပါ။ မိတ်ဆွေက ဒီအရာကို ပို၍လုပ်ဆောင်လာတာနှင့်အမျှ ရင်ဆိုင်ရမယ့် စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးလာမှာ ဖြစ်ပြီး ဝမ်းမြောက်ခြင်း ပိုရှိလာဖို့အတွက် မိမိနှလုံးသားဖွင့်လာမှာ ဖြစ်တယ်။
မနက်ခင်းမှာ ဝမ်းမြောက်ခြင်းရောက်လာတယ်ဆိုတာ မှန်ကန်တယ်။ ဒါပေမဲ့ ညအချိန်မှာ ဝမ်းနည်းခြင်းမကြုံတွေ့ဘဲနဲ့တော့ မဟုတ်ပါ။ ဒီနေ့ ဒီအမှန်တရားကို သယ်ဆောင်ပြီး မိမိခက်ခဲသောအရာတွေကို ရင်ဆိုင်နိုင်ကြောင်း သိထားလိုက်ပါ။
ဤအစီအစဉ်အကြောင်း

ကျွန်တော်တို့ဟာ စိတ်ဖိစီးမှု လွန်ကဲနေပါတယ်။ ယဥ်ကျေးမှုကတော့ လောကီပျော်ရွှင်မှုနောက်သို့ လိုက်ခြင်းဖြင့် ကျွန်တော်တို့ စိတ်ဖိစီးမှုကို ပယ်ရှာနိုင်တယ်လို့ ပြောပါတယ်။ သမ္မာကျမ်းစာကတော့၊ တခြားနည်းကို ဖော်ပြထားပါတယ်။ ဒီ (၆) ရက်တာ အစီအစဥ်ဟာ မိမိနေ့စဥ်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို သမ္မာကျမ်းစာနည်းအတိုင်း လက်တွေ့ကျကျ ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ဖော်ပြထားပါတယ်။
More