စိတ်ဖိစီးမှုထက် ဝမ်းမြောက်ခြင်း - နေ့စဥ်ဝမ်းမြောက်ခြင်းအလေ့ကို ရှိစေဖို့ ဘယ်လိုလုပ်မလဲနမူနာ

ပျော်ရွှင်မှုများကို ရပ်တန့်ခြင်း
ကျွန်တော်တို့ စိတ်ခံစားချက်များကို မကြာခဏ လျစ်လျူရှုရခြင်း အကြောင်းမှာ ထိုအရာတွေကို မလိုအပ်ဘူးဆိုတဲ့ ပေါကြွယ်ဝတဲ့ ယဥ်ကျေးမှုထဲမှာ နေထိုင်နေရတယ်။
ဝမ်းနည်းနေရသလို ခံစားရပါသလား။ အဲ့အတွက် အက်ပ် (၁) ခု ရှိတယ်။
ပျင်းရိနေသလို ခံစားရပါသလား။ အဲ့အတွက် ပွဲ (၁) ခု ရှိတယ်။
အထီးကျန်နေသလို ခံစားရပါသလား။ အဲ့အတွက် အချိုပွဲတစ်မျိုး ရှိတယ်။
ကျွန်တော်တို့ စိတ်ဖိစီးမှုတွေကို ဖြေရှင်းဖို့နဲ့ ပိုမိုသက်သာလာစေဖို့ လောကီအရာတွေဆီသို့ ဦးတည်လာတတ်ပါတယ်။ သူတို့က ကျွန်တော်တို့ ဦးနှောက်ထဲမှာ ကျွန်တော်တို့ကို တစ်ခဏတာ ပျော်ရွှင်စေမယ့် ဒိုပါမင်းဓာတ်ကို ပေးပါတယ်။ စိတ်ပညာကျွမ်းကျင်သူများက ဒီဒိုပါမင်းဓာတ်ထုတ်ပေးသည့်အရာကို စိတ်သက်သာမှုတွေလို့ ခေါ်ဆိုကြတယ်။
ဒါပေမဲ့၊ လေ့လာချက်အရ ကျွန်တော်တို့ရဲ့ စိတ်ဖိစီးမှုတွေကို လောကီသာယာမှုတွေနဲ့ ဖြေရှင်းလိုက်ရင် စိတ်ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ကျွန်တော်တို့သိမှာ မဟုတ်ပါ။ ကျွန်တော်တို့စိတ်ဖိစီးမှုတွေကို မရင်ဆိုင်နိုင်ခြင်းက ထိုစိတ်ဖိစီးမှုတွေကို စွမ်းအားပေးရာ ရောက်တယ်။
မိမိစိတ်ဖိစီးခံနေရချိန်မှာ ဘယ်စိတ်သာယာမှုတွေဆီဦးတည်သလဲ။
စိတ်သာယာမှုတွေနောက်ပဲလိုက်ရင် ကျွန်တော်တို့ကို ထိခိုက်စေမှာ ဖြစ်တယ်လို့ သမ္မာကျမ်းစာက ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။
(လု၊၁၅) တွင်၊ ပျောက်သောသား ဇာတ်တော်ကို စဥ်းစားကြည့်ပါ။ သားကတော့ ငတ်မွတ်ဆင်းရဲခြင်းမကြုံခင် သာယာမှုအားလုံးကို ရသလောက် ယူခဲ့တယ်။
ဒါမှမဟုတ်ရင် ဧသောအကြောင်းကို စဥ်းစားကြည့်ပါ၊ အစားအစာ စိတ်သာယာမှုအတွက် သူရဲ့ သားဦးအရာကို ယာကုပ်ဆီ ရောင်းစားခဲ့တယ် (က၊၂၅:၃၃)။
ဘုရားက ကျွန်တော်တို့အားလုံး တစ်သက်လုံး ကောင်းအောင် မခံစားစေချင်တာ မဟုတ်ပါ။ ဒိုပါမင်းဓာတ်ကို တအားဆာငတ်အောင် ကျွန်တော်တို့ကို ဖန်ဆင်းထားရတဲ့ ရည်ရွယ်ချက် ရှိတယ်။
ဘုရားက ကျွန်တော်တို့ကို ပျော်ရွှင်စေချင်သော်လည်း ကိုယ်တော်နဲ့ ကျွန်တော်တို့အတွက် ရှိရှိသမျှကို သိရှိခြင်း မဟုတ်ပါ။ ဘုရားသခင်က ကျွန်တော်တို့ကို ခက်ခဲတဲ့ ချိန်တွေမှာ ကြီးထွားစေလိုပြီး ကိုယ်တော်ရဲ့ မဆုံးနိုင်တဲ့ ဝမ်းမြောက်ခြင်းဖြင့် ပျော်ရွှင်နေခြင်းကို တွေ့ကြုံစေလိုတာ ဖြစ်တယ်။
(ဆာ၊၂၇:၁၄) တွင်၊ ထာဝရဘုရားကို မျှော်လင့်လော့။ အားယူ၍ ရဲရင့်သော စိတ်နှလုံးရှိလော့။ ထာဝရဘုရားကို မျှော်လင့်လျက် နေလော့လို့ ဖော်ပြထားတယ်။ ကျွန်တော်တို့ နာကျင်မှုများမှ လောကီသာယာခြင်းဖြင့် မပယ်ရှားခင်မှာ ထာဝရဘုရားကို မျှော်လင့်လျက် နေရကြလိမ့်မည် ဖြစ်သည်။
ကျွန်တော်တို့ ခေတ္တခဏ ရပ်ပြီး ငြိမ်ဝပ်ခြင်းကို လေ့ကျင့်လျက်၊ စိတ်ဖိစီးမှုကို ကိုယ့်ဉာဏ်နဲ့ အစွမ်းသတ္တိဖြင့် ဖြေရှင်းခွင့်မပြုဖို့ လိုတယ်။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် ကျွန်တော်တို့ ဘုရားအပေါ် မှီခိုအားထားရာကို တိုးတက်စေရုံသာမက ကျွန်တော်တို့ရဲ့ စစ်မှန်တဲ့ ဝမ်းမြောက်ခြင်းကို တိုးပွားလာစေမှာ ဖြစ်တယ် (ဝမ်းမြောက်ခြင်းအတု မဟုတ်ပါ)။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ကျွန်တော်တို့ဟာ စိတ်ဖိစီးမှု လွန်ကဲနေပါတယ်။ ယဥ်ကျေးမှုကတော့ လောကီပျော်ရွှင်မှုနောက်သို့ လိုက်ခြင်းဖြင့် ကျွန်တော်တို့ စိတ်ဖိစီးမှုကို ပယ်ရှာနိုင်တယ်လို့ ပြောပါတယ်။ သမ္မာကျမ်းစာကတော့၊ တခြားနည်းကို ဖော်ပြထားပါတယ်။ ဒီ (၆) ရက်တာ အစီအစဥ်ဟာ မိမိနေ့စဥ်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို သမ္မာကျမ်းစာနည်းအတိုင်း လက်တွေ့ကျကျ ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ဖော်ပြထားပါတယ်။
More
စပ်ဆိုင်သော အစီအစဉ်များ

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့

BibleProject | ကားစင်တင်ခြင်းခံဘုရင်

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်
