YouVersion လိုဂို
ရှာရန် အိုင်ကွန်

စိတ်ဖိစီးမှုထက် ဝမ်းမြောက်ခြင်း - နေ့စဥ်ဝမ်းမြောက်ခြင်းအလေ့ကို ရှိစေဖို့ ‌ဘယ်လိုလုပ်မလဲနမူနာ

Joy Over Stress: How To Make Daily Joy A Habit

6 ၏ နေ့ 2

ဝမ်းမြောက်ခြင်းအတွက် နေ့စဥ်ရွေးချယ်မှု

ဆရာ Shawn Achor နဲ့ ဆရာမ Arianna Huffington တို့ရဲ့ လေ့လာချက်အရ၊ မနက်ခင်းမှာ (၃) မိနစ်ခန့် သတင်းဆိုးနားထောင်ရင်နောက် (၆-၈) နာရီကြာမှာ ပိုမိုဆိုးရွားတဲ့နေ့နဲ့ ကြုံတွေ့ဖို့ (၂၇%) ကို သေချာကြောင်း တွေ့ရှိရတယ်။

ဒီလေ့လာချက်က ဘယ်အရာမဆို သက်သေပြနိုင်ရင် ယနေ့ခေတ် လူ့ပြည်မှာ စိတ်ဖိစီးမှု ခံစားရလွယ်ကူကြောင်း ထောက်ပြနေတာဖြစ်တယ်။

ဒီနေ့မှာ၊ စိတ်ဖိစီးမှုကို ဖြစ်သောအရာများ ပြားလွန်းသောကြောင့် ကျွန်တော်တို့ စိတ်ဖိစီးမှုကို ရင်ဆိုင်ရန် ဘာမှမလုပ်ခြင်းက စိတ်ဖိစီးမှုကို ပိုမိုတိုးပွားပါလိမ့်မယ်။

စိတ်ဖိစီးမှုက အမြဲအသင့်ရှိနေသောကြောင့် ဝမ်းမြောက်သောစိတ်ကို ရရှိခံစားစေဖို့ စည်းကမ်းအဖြစ် သတ်မှတ်ထားရမယ်။

အမှန်တကယ်တော့၊ ဝမ်းမြောက်ခြင်းနဲ့ စည်းကမ်း စကားလုံးတွေဟာ စာတစ်ကြောင်းထဲမှာ အတူတကွ ထည့်ရင် အဓိပ္ပာယ်သိပ်မရှိသလိုပဲ ဖြစ်တယ်။ စကားလုံးတစ်လုံးက တင့်တယ်လှပပြီး နောက်တစလုံးကတော့ တအားလေးနက်သလို ဖြစ်မယ်။ အဲဒီစကားလုံး (၂) လုံးကို ဘယ်လိုပေါင်းနိုင်မလဲ။

ကျွန်တော်က ဝမ်းမြောက်ခြင်းအကြောင်းကို လေ့လာတဲ့အခါ၊ ဝမ်းမြောက်ခြင်းဟာ ကျွန်တော်တို့ဆီမှာ အလိုအလျောက် ရှိတာမဟုတ်တာကို သင်ခန်းစာရတယ်။ ဝမ်းမြောက်ခြင်းကို ရရှိခံစားစေဖို့ ကြိုးစားအားထုတ်စရာ လိုအပ်ပါတယ် (ဒါက စည်းကမ်းလို့ ခေါ်ပါတယ်)။/p>

(ယော၊ ၁၅:၁၁) မှာ၊ သင်တို့၌ ငါဝမ်းမြောက်စရာအကြောင်း တည်စေခြင်းငှာလည်းကောင်း၊ သင်တို့ ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှာလည်းကောင်း၊ ဤစကားကို သင်တို့အားငါဟောပြော၏လို့ ဖော်ပြထားတယ်။ အရှင်ယေရှုဘုရားက သူ၏ ဝမ်းမြောက်ခြင်းနဲ့ သူရဲ့တပည့်တော်ရဲ့ ဝမ်းမြောက်ခြင်းအကြောင်းကို ပြတ်ပြတ်သားသား ပြောဆိုခဲ့တယ်။ အရှင်ယေရှုဘုရားက သူရဲ့တပည့်တော်တွေရဲ့ ဝမ်းမြောက်ခြင်းကို စုံလင်စေချင်ခဲ့တယ်။

ဒီအရာက ဘာကိုဆိုလိုပါသလဲ။ ကျွန်တော်တို့ရဲ့ ဝမ်းမြောက်ခြင်းက အရှင်ယေရှုဘုရားရဲ့ ဝမ်းမြောက်ခြင်းနဲ့ ကွဲပြားနေတာ ဖြစ်တယ်။ အရှင်ယေရှုဘုရားက ကျွန်တော်တို့ရဲ့ ဝမ်းမြောက်ခြင်းကို မိမိ၏ ဝမ်းမြောက်ခြင်းနဲ့အတူ စုံလင်စေလိုပါတယ်။

ယုံကြည်သူတော်တော်များများဟာ ခရစ်ယာန်ဖြစ်လာရင် ဝမ်းမြောက်ခြင်း အလိုအလျောက် စုံလင်လာလိမ့်မယ်လို့ ယူဆကြတယ်။ ဒါပေမဲ့၊ မကောင်းတယ့်အရာ တစုံတခုကို ကြုံတွေ့ရပြီဆိုရင် စဥ်းစားတွေးခေါ်မှုတွေ ပြောင်းလဲသွားကြတယ်။

လောကဓံဒုက္ခကို ခံစဉ်တွင် ဝမ်းမြောက်ခြင်း ရရှိခံစားရမယ် မဟုတ်ပါလား၊ အဲဒီဝမ်းမြောက်ခြင်းကို ဘယ်ပျောက်နေတာလဲ။

(ယော၊ ၁၆း၂၄) တွင်၊ သင်​တို့​သည် ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း စုံ​လင်​စေ​ခြင်း​ငှာ တောင်း​ကြ​လော့။ ထို​သို့​တောင်း​လျှင် ရ​ကြ​လိမ့်​မည်လို့ အရှင်ယေရှုဘုရား မိန့်တော်မူခဲ့တယ်။ (ယော၊ ၁၇း၁၃) တွင်လည်း၊ ယခုတွင် အကျွန်ုပ်သည် ကိုယ်တော်ထံသို့ သွားရမည်ဖြစ်၍၊ ဤသူတို့သည် အကျွန်ုပ်ကို အမှီပြုသဖြင့် ဝမ်းမြောက်ခြင်းနှင့် ပြည်စုံမည်အကြောင်း၊ ဤစကားကို ဤလောက၌ အကျွန်ုပ်ပြောပါ၏လို့ အရှင်ယေရှုဘုရား ဆုတောင်းပေးခဲ့ပါတယ်။

ဝမ်းမြောက်ခြင်းဟာ အလိုအလျောက်လာတဲ့အရာ မဟုတ်ပါ။ ဝမ်းမြောက်ခြင်းဟာ စည်းကမ်းဖြစ်ပြီး‌ နေ့စဥ်ရွေးချယ်မယ့်အရာ ဖြစ်ပါတယ်။

ယခုခေတ်တွင် စိတ်ဖိစီးမှု လွယ်ကူစွာ ခံစားရဖို့ ဒီအရာကို နားလည်ဖို့ အရမ်းရေးကြီးတယ်။ ကျွန်တော်တို့က ခရစ်ယာန်များအနေနဲ့ အရှင်ယေရှုဘုရားလိုတဲ့ စုံလင်တဲ့ဝမ်းမြောက်ခြင်းကို ရရှိခံစားစေရန် ကြိုးစားအားထုတ်ဖွယ်ရာ လိုအပ်တယ်။

အရှင်ယေရှုဘုရားမရှိရင် ဝမ်းမြောက်ခြင်းကိုလည်း မပြည့်စုံပါ။ ဒီနေ့၊ ဒီသင်္ခါရလောကကြီးမှာ၊ စိတ်ဖိစီးနေတဲ့အရာတွေကို ကြုံတွေ့တဲ့အခါ၊ မိမိဝမ်းမြောက်ခြင်းကို ပိုမိုတိုးလာစေဖို့ မြတ်စွာဘုရားသခင်ထံ ဆုတောင်းပါ။ မနက်ဖြန်နေ့မှာ၊ နေ့စဥ်စိတ်ဖိစီးမှုခံတဲ့အခါ အရှင်ယေရှုဘုရားရဲ့ ဝမ်းမြောက်ခြင်းကို ဘယ်လိုလက်တွေ့ကျကျ ရှာဖွေမလဲဆိုတာ ကျွန်တော်ပြောပြမှာ ဖြစ်တယ်။

ဤအစီအစဉ်အကြောင်း

Joy Over Stress: How To Make Daily Joy A Habit

ကျွန်တော်တို့ဟာ စိတ်ဖိစီးမှု လွန်ကဲနေပါတယ်။ ယဥ်ကျေးမှုကတော့ လောကီပျော်ရွှင်မှုနောက်သို့ လိုက်ခြင်းဖြင့် ကျွန်တော်တို့ စိတ်ဖိစီးမှုကို ပယ်ရှာနိုင်တယ်လို့ ပြောပါတယ်။ သမ္မာကျမ်းစာကတော့၊ တခြားနည်းကို ဖော်ပြထားပါတယ်။ ဒီ (၆) ရက်တာ အစီအစဥ်ဟာ မိမိနေ့စဥ်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို သမ္မာကျမ်းစာနည်းအတိုင်း လက်တွေ့ကျကျ ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ဖော်ပြထားပါတယ်။

More

ဤအစီအစဥ်ကို ထောက်ပံ့ပေးသော ဆရာ Neal Samudre ကို ကျွန်တော်တို့ ကျေးဇူးတင်ပါသည်။ ပိုမိုသိရှိလိုပါက၊ https://nealsamudre.com/overstress/သို့ ဝင်ရောက်ကြည့်ပါ။