စိတ်ဖိစီးမှုထက် ဝမ်းမြောက်ခြင်း - နေ့စဥ်ဝမ်းမြောက်ခြင်းအလေ့ကို ရှိစေဖို့ ဘယ်လိုလုပ်မလဲနမူနာ

နိဒါန်း။ ဝမ်းမြောက်ခြင်းက ဘာလဲ
မိမိလစဥ်ကြေးတွေ အိပ်ခန်းထဲမှာ ပျံ့ကြံနေတယ်။ မိမိဖုန်းက တစ်ချိန်လုံး မြည်နေတယ်။ မိမိအိမ်က ပြုပြင်စရာတွေ ရှိသေးတယ်။ မိမိကလေးတွေက မိတ်ဆွေကို အားကုန်အောင် လုပ်နေကြတယ်။ နောက်နေ့မှာ၊ အလုပ်သွားဖို့ ငြိုငြင်နေတယ်။
ယခုခေတ်တွင် ကျွန်တော်တို့အတွက် စိတ်အဖိစီးမှု ပိုမိုများလာတာကို အံ့ဩဖွယ််ရာ မဟုတ်ပါဘူး။
စိတ်ဖိစီးမှု ကြီးထွားလာတဲ့ အချိန်အတောတွင်းမှာ ရှိနေတာဖြစ်တယ်။ ယဥ်ကျေးမှုကတော့ ကျွန်တော်တို့ ရှေ့ဆက်သွားပြီး လောကီပျော်ရွှင်စရာအခိုက်အတန့်နောက်လိုက်ဖို့ ပြောပါလိမ့်မယ်။ ဒီပျော်ရွှင်စရာ အချိန်အခါက ကျွန်တော်တို့ စိတ်ဖိစီးခြင်းမှ ခဏတာ စိတ်သက်သာရာရစေပြီး အဆင်ပြေရင် အဲဒီအရာတို့က ကျွန်တော်တို့ရဲ့ စိတ်ဖိစီးမှုတွေကို ပျောက်သွားအောင် ပြုလုပ်နိုင်ပါတယ် (တစ်ခဏချင်းသာ)။
ကျွန်တော်တို့က သက်သောင့်သက်သာနေရတာ ကြိုက်နှစ်သက်တဲ့ ယဥ်ကျေးမှုတွင် နေထိုင်တယ်။ စိတ်ဖိစီးမှုဟာ မခံစားသင့်တဲ့ အရာဖြစ်ပြီး ကျွန်တော်တို့က ပျော်ရွှင်ခြင်းမှတစ်ပါး အခြားအရာကို မခံစားစေဖို့ ဘုရားရဲ့ အကြံတော်ရှိတယ်လို့ မဟုတ်ပါလား။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်မှာ ကျွန်တော်က အဲဒီကိစ္စအကြာင်းကို လေ့လာခဲ့ပါတယ်။ ကျွန်တော့်စိတ်ဖိစီးမှု အမြင့်ဆုံးအချိန်မှာ စိတ်ဖိစီးခြင်းနဲ့ ပျော်ရွှင်မှုနဲ့ ပတ်သက်ပြီး ဘုရားသခင်က ကျွန်တော့်ကို ဘာပြောချင်လဲ သိချင်ခဲ့တာ။ ပြီတော့၊ ကျွန်တော်က အရာရာ၌ ကောင်းသောအမြင့် လောကီစိတ်ပိုင်းဆိုင်ရာပညာကိုလည်း လေ့လာခဲ့ပါတယ်။
ကျွန်တော်ရှာတွေ့ခဲ့တဲ့အရာက ကျွန်တော်ရဲ့ဘဝကို လုံးဝပြောင်းလဲစေခဲ့တယ်။
သမ္မာကျမ်းစာက ကျွန်တော်တို့ကို ဝမ်းမြောက်ခြင်းရှိစေချင်တာဖြစ်ကြောင်းကို ရှာတွေ့ခဲ့တယ်။
ဝမ်းမြောက်ခြင်းဆိုသည်၊ အခက်အခဲကြုံသောလည်း၊ စိတ်ချမ်းသာခြင်းနှင့် အောင်မြင်ခြင်းတို့ကို ရရှိခံစားခြင်းပင် ဖြစ်ပါတယ်။ ဝမ်းမြောက်ခြင်းက ကျွန်တော်တို့ကို ပိုမိုသက်သာစေသလို၊ ကျွန်တော်တို့ရဲ့ စိတ်တို့ကို ပိုမိုပေါပါးစေတယ်။ ဒါပေမဲ့၊ လောကီပျော်ရွှင်ခြင်းနဲ့ကွာခြားချက်ကတော့ ခက်ခဲနေတဲ့အချိန်မှာတောင် ဝမ်းမြောက်ခြင်းကို ရရှိခံစားစေနိုင်တယ်။
သင်အခက်အခဲတွေနဲ့ ရင်ဆိုင်စဉ်တွင် ပျော်ရွှင်ဖို့ မဖြစ်နိုင်ပါ။ သင့်ရဲ့ ပြင်ပအခြေအနေများက သင့်ကိုခွင့်ပြုမှာမဟုတ်ပါ။ ဒါပေမယ့် သင် အခက်အခဲတွေကို ကျော်လွှားနေချိန်မှာ ဝမ်းမြောက်ခြင်းရှိဖို့ ဖြစ်နိုင်ပါတယ်။ သင့်အတွင်းစိတ် ဘုရားအပေါ်မျှော်လင့်ချက်ထားရှိခြင်းက အကြီးမားဆုံးသော အခက်အခဲများတွင် ကြီးထွားစေရန် စိတ်ကျေနပ်မှုကို ပေးမှာဖြစ်တယ်။
အရှင်ယေရှုဘုရားက အဲဒီသမ္မာတရားကို ထင်ရှားစွာ ပြသခဲ့တယ် - ထိုသခင်သည် မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်း အကြောင်းကြောင့်၊ ရှက်ကြောက်သောအရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ ခံပြီး... (ဟေဗြဲ၊ ၁၂း၂)
လောကီပညာနဲ့အရ၊ ကျွန်တော်တို့ရဲ့ စိတ်ဖိစီးမှုတွေကို ပယ်ရှားစေဖို့ မိမိပြင်ပပတ်ဝန်းကျင်ကို ပြောင်းလဲစရာလိုတယ်လို့ ပြောပြထားပါတယ်။
သမ္မာကျမ်းစာမှာတော့၊ သခင်ဘုရား၌ ဝမ်းမြောက်ခြင်းရှိသောအခါ လောကဓံမုန်တိုင်းတွေကို ကောင်းကောင်း ဖြတ်သန်းရနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒီအရာဟာ ကျွန်တော်တို့ရဲ့စိတ်ကို ပိုမိုကျမ်းမာစေသလို၊ ကျွန်တော်တို့ရဲ့ အကျင့်တရားကိုလည်း ပိုမိုကောင်းစေတယ်။
လောကီပျော်ရွှင်မှုမဟုတ်ဘဲ ဝမ်းမြောက်ခြင်းသက်သက်ဟာ ဝိညာဥ်ပကတိအကျိုးတစ်ပါး ဖြစ်ကြောင်းကို ရည်ရွယ်ချက် ရှိပါတယ်။ အခက်အခဲတွေတိုင်းမှာ၊ ကျွန်တော်တို့က ကိုယ်တော်ကို မျှော်လင့်လျက် မိမိယုံကြည်ခြင်းကို ပိုမိုတိုးပွားစေဖို့ ဘုရားခင်က အလိုရှိပါတယ်။
ပြဿနာက၊ လောကီယဥ်ကျေးမှု အယူအဆတွေကတော့၊ မိမိစိတ်ဖိစီးမှုများမှ ပြေးထွက်ဖို့ စည်းရုံးပါတယ်။ အမှန်တကယ်တော့၊ အဲဒီအရာကို လုပ်မိရင် မိမိစိတ်ပိစီးမှုကို ပိုဆိုးလာပါလိမ့်မယ်။
ကျေးဇူးတော်အားဖြင့်၊ သတင်းကောင်းတခု ရှိပါတယ်။ နေ့စဥ်ဝမ်းမြောက်ခြင်းဖြင့် စိတ်ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင်နိုင်ကြောင်းကို သမ္မာကျမ်းစာက ရှင်းရှင်းလင်းလင်း ဖော်ပြထားခဲ့တယ်။
မိမိစိတ်ဖိစီးမှုအောက်မှာ ရင်ဆိုင်နေရပြီး ဘယ်လိုသက်သာလာမလဲလို့ တွေးပူကောင်းတွေးပူနိုင်ပါတယ်။ အကယ်၍၊ ဒီအစီစဉ်ဟာ မိမိစိတ်ဖိစီးမှုခံစားရစဉ်တွင် နေ့စဥ်ဝမ်းမြောက်ခြင်း ဘယ်လိုရရှိခံစားမလဲကို ပြသပါလိမ့်မယ်
မိမိစိတ်ဖိစီးမှုထက် ဝမ်းမြောက်ခြင်းကို ရွေးချယ်နိုင်တယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပေးပါဦးမယ်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ကျွန်တော်တို့ဟာ စိတ်ဖိစီးမှု လွန်ကဲနေပါတယ်။ ယဥ်ကျေးမှုကတော့ လောကီပျော်ရွှင်မှုနောက်သို့ လိုက်ခြင်းဖြင့် ကျွန်တော်တို့ စိတ်ဖိစီးမှုကို ပယ်ရှာနိုင်တယ်လို့ ပြောပါတယ်။ သမ္မာကျမ်းစာကတော့၊ တခြားနည်းကို ဖော်ပြထားပါတယ်။ ဒီ (၆) ရက်တာ အစီအစဥ်ဟာ မိမိနေ့စဥ်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို သမ္မာကျမ်းစာနည်းအတိုင်း လက်တွေ့ကျကျ ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ဖော်ပြထားပါတယ်။
More