YouVersion လိုဂို
ရှာရန် အိုင်ကွန်

စိတ်ဖိစီးမှုထက် ဝမ်းမြောက်ခြင်း - နေ့စဥ်ဝမ်းမြောက်ခြင်းအလေ့ကို ရှိစေဖို့ ‌ဘယ်လိုလုပ်မလဲနမူနာ

Joy Over Stress: How To Make Daily Joy A Habit

6 ၏ နေ့ 6

အားလုံးကို အတူတကွ ပေါင်းစည်းခြင်း

တစ်ခါတုန်းက ခရစ်ယာန်သာဖြစ်ပြီး ဝမ်းမြောက်ခြင်ကင်းတဲ့အတွက် တစ်ခုခုမှားယွင်းနေသလို ခံစားရတဲ့ ခရစ်ယာန်တစ်ယောက်နဲ့ ကျွန်တော် တွေ့ခဲ့ဖူးတယ်။

သူက ဝမ်း‌မြောက်ခြင်း ရှိသင့်တယ်လို့ ယုံကြည်ဖို့ သူ့အတွက် လွယ်ကူလွန်းတယ်။ ခရစ်ယာန်ဘာသာက ဝမ်းမြောက်ခြင်းအလိုအလျောက် ရှိတယ်လို့ တော်တော်များများ ယူဆတတ်ကြတယ်။ မိတ်ဆွေက ခရစ်ယာန်ဖြစ်လာတာနဲ့ အရှင်ယေရှုဘုရားရဲ့ ဝမ်းမြောက်ခြင်း မိတ်ဆွေဆီမှာ အလိုအလျောက် ရှိလာတယ်လို့ ထင်ကြတာ ဖြစ်တယ်။

ဒါပေမဲ့ သမ္မာကျမ်းစာက အဲ့လိုဖော်ပြထားတာ မဟုတ်ဘူး။

အဲ့အစား ကျွန်တော်တို့ ခက်ခဲတဲ့ အချိန်များကို ဖြတ်သန်းရမယ်လို့ သမ္မာကျမ်းစာက ဖော်ပြထားတယ်။ ‌ယခုချက်ချင်း ပျော်ရွှင်မှုရရှိဖို့ အာမခံချက် မရှိပါ။

ကျေးဇူးတော်အားဖြင့်၊ ငါသည် သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှာ စွန့်ပစ်မည်မဟုတ်လို့ အရှင်ယေရှုဘုရားက မိန့်တော်မူခဲ့တယ် (ယော၊ ၁၄:၁၈)။ သူက သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်တော်တို့နှင့်အတူ ရှိစေဖို့ စေလွှတ်ထားတာဖြစ်တယ်။ ကျွန်တော်တို့က ဝိညာဉ်ပကတိအကြောင့် အသက်ရှင်တဲ့အခါ ဝမ်းမြောက်ခြင်းကို ရရှိခံစားရမှာ ဖြစ်တယ် (ဂလာ၊ ၅:၂၂)။

ဝမ်းမြောက်ခြင်းက ခရစ်ယာန်တွေအတွက် အလိုအလျောက် ပေါ်လာတာ မဟုတ်ပါ။ ကျွန်တော် အဆက်မပြတ် မှီခိုရမယ့်အရာဖြစ်တယ်။ သတင်းကောင်းကတော့ ဝိညာဉ်တော်အားဖြင့် ဝမ်းမြောက်ခြင်းကို ရရှိနိုင်တာ ဖြစ်တယ်။ ဝိညာဉ်တော်ရဲ့ မျက်မှောက်တော်အားဖြင့် ခက်ခဲတဲ့အရာတွေမှာ ကျွန်တော်တို့ ကြီးထွားနိုင်တယ်။

သို့သော်၊ ဒီဝမ်းမြောက်ခြင်းကို ကျွန်‌တော်တို့ ထိန်းသိမ်းရမှာ ဖြစ်မယ်။ ခက်ခဲတဲ့အရာမှ ကျွန်တော်တို့ ဆက်လက်ထွက်ပြေးနေမယ်ဆိုရင် ဇာတိပကတိ၏ အလိုသို့ မလိုက်ဘဲ နေကြလျက်၊ ဘုရားသခင် ကျွန်တော်တို့ကို ရှိစေချင်တဲ့ ဝမ်းမြောက်ခြင်းမှာ ကန့်သတ်လိုက်မှာ ဖြစ်တယ် (ဂလာ၊ ၅:၁၆)။

အောက်ပါ အချက်တွေဟာ ဝိညာဥ်တော်အားဖြင့် ကျွန်တော်တို့ရဲ့ ဝမ်းမြောက်ခြင်းကို ပိုမိုရရှိခံစားစေတဲ့ လက်တွေ့ကျကျ နည်းလမ်းတွေ ဖြစ်တယ်။

  • မကောင်းတဲ့ အတွေးတွေကို ထိန်းချုပ်ပါ။
  • ဝမ်းနည်းစေတဲ့ စိတ်ခံစားချက်များကို ခွင့်ပြုပါ။
  • စိတ်ခံစားချက်တွေကို လောကီသာယာမှုဖြင့် မရှောင်လိုက်ပါနဲ့။

ဝမ်းမြောက်ခြင်းက ဒီအချက် (၃) ချက်ရဲ့ တခြားတစ်ဘက်မှာ ရှိတယ်။ ဒီအရာတွေကို နေ့စဥ်စိတ်ဖိစီးမှု အလယ်တွင် လက်တွေ့လုပ်ဆောင်ခြင်းဖြင့် ဝမ်းမြောက်ခြင်းအတွက် မဲပေးတာ ဖြစ်တယ်။

ယခု ဝမ်းမြောက်ခြင်းကို အကျင့်အဖြစ် ပြုလုပ်ပါ။

ဒီအစီအစဥ်ဟာ မိတ်ဆွေကို ခွန်အားပေးမယ်လို့ ‌ကျွန်တော်တို့ ယုံကြည်မျှော်လင့်ပါတယ်။ သမ္မာကျမ်းစာရဲ့ လက်တွေ့ကျကျ ဝမ်းမြောက်ခြင်းအကြောင်းကို https://nealsamudre.com/overstress/.

ဒီနေရာတွင် ပိုမိုလေ့လာပါ။https://nealsamudre.com/overstress/

ဤအစီအစဉ်အကြောင်း

Joy Over Stress: How To Make Daily Joy A Habit

ကျွန်တော်တို့ဟာ စိတ်ဖိစီးမှု လွန်ကဲနေပါတယ်။ ယဥ်ကျေးမှုကတော့ လောကီပျော်ရွှင်မှုနောက်သို့ လိုက်ခြင်းဖြင့် ကျွန်တော်တို့ စိတ်ဖိစီးမှုကို ပယ်ရှာနိုင်တယ်လို့ ပြောပါတယ်။ သမ္မာကျမ်းစာကတော့၊ တခြားနည်းကို ဖော်ပြထားပါတယ်။ ဒီ (၆) ရက်တာ အစီအစဥ်ဟာ မိမိနေ့စဥ်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို သမ္မာကျမ်းစာနည်းအတိုင်း လက်တွေ့ကျကျ ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ဖော်ပြထားပါတယ်။

More

ဤအစီအစဥ်ကို ထောက်ပံ့ပေးသော ဆရာ Neal Samudre ကို ကျွန်တော်တို့ ကျေးဇူးတင်ပါသည်။ ပိုမိုသိရှိလိုပါက၊ https://nealsamudre.com/overstress/သို့ ဝင်ရောက်ကြည့်ပါ။