YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 23

23
သိုး​ထိန်း​တော်​မြတ်
1ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​သိုး​ထိန်း​ဖြစ်​တော်​မူ၏။ ငါ​သည် ဆင်း​ရဲ​မ​ခံ​ရ။ 2စိမ်း​လန်း​သော ကျက်​စား​ရာ​အ​ရပ်၌ ငါ့​ကို​အိပ်​စေ​တော်​မူ၏။ သာ​ယာ​သော​မြစ်​နား​သို့ လမ်း​ပြ​တော်​မူ၏။#ဗျာ၊ ၇:၁၇။ 3ငါ့​ဝိ​ညာဉ်​ကို​အား​ဖြည့်၍၊ နာ​မ​တော်​အ​ဖို့​အ​လို​ငှာ တ​ရား​လမ်း​ထဲ၌ သွေး​ဆောင်​တော်​မူ၏။ 4အ​ကယ်၍ သေ​မင်း၏​အ​ရိပ်​လွှမ်း​မိုး​သော​ချိုင့်​ထဲ​သို့ လျှောက်​သွား​ရ​သော်​လည်း ဘေး​အ​န္တ​ရာယ်​ကို မ​ကြောက်​ပါ။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​တော်​မူ​သည်​ဖြစ်၍၊ လှံ​တံ​တော်​နှင့် တောင်​ဝှေး​တော်​သည် အ​ကျွန်ုပ်​ကို ချမ်း​သာ​စေ​ပါ၏။ 5အ​ကျွန်ုပ်၏ ရန်​သူ​တို့​ရှေ့​မှာ အ​ကျွန်ုပ်​အ​ဖို့ စား​ပွဲ​ကို​ခင်း​တော်​မူ၏။ အ​ကျွန်ုပ်​ခေါင်း​ကို ဆီ​နှင့်​လိမ်း​တော်​မူ၏။ အ​ကျွန်ုပ်​ခွက်​ဖ​လား​သည် လျှံ​လျက်​ရှိ​ပါ၏။ 6အ​ကယ်​စင်​စစ် အ​ကျွန်ုပ်​သည် ကျေး​ဇူး​နှင့်​က​ရု​ဏာ​ကို တစ်​သက်​လုံး​ခံ​စား​၍၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​မှာ အ​စဉ်​အ​မြဲ နေ​ရ​ပါ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 23: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။