YouVersion လိုဂို
ရှာရန် အိုင်ကွန်

စိတ်ဖိစီးမှုထက် ဝမ်းမြောက်ခြင်း - နေ့စဥ်ဝမ်းမြောက်ခြင်းအလေ့ကို ရှိစေဖို့ ‌ဘယ်လိုလုပ်မလဲနမူနာ

Joy Over Stress: How To Make Daily Joy A Habit

6 ၏ နေ့ 3

စိတ်ဖိစီး‌သော အတွေးအခေါ်များကို ထိန်းချုပ်ခြင်း

ကျွန်တော့်ဝမ်းမြောက်ခြင်းအပေါ် လေ့လာချက်အရ၊ ကျွန်တော်တို့ရဲ့ အခြေအနေက အဓိကစိတ်ဖိစီးမှုဖြစ်စေတာ မဟုတ်ဘူးလို့ တွေ့ရှိခဲ့တယ်။ ကျွန်တော်တို့ရဲ့ အခြေအနေပေါ် စဥ်းစားတွေးခေါ်မှုသာ စိတ်ဖိစီးမှုကို ဖြစ်စေတာ ဖြစ်ပါတယ်။

ဒီအရာကို စဥ်းစားလေ ကျွန်တော်က ပိုပြီးယုံကြည်လာတာ ဖြစ်တယ်။ လူအများ‌‌‌ရှေ့မှာ စကားပြောနေတာကို မြင်ကြည့်လိုက်ပါ။ လူတချို့အဖို့ လွယ်ကူတဲ့အရာဖြစ်ပေမဲ့ တချို့သူများအဖို့ စိတ်ဖိစီးမှု အဖြစ်ဆုံးအရာ ဖြစ်ပါတယ်။ လူအများရှေ့မှာစကားပြောခြင်းက စိတ်ဖိစီးမှုကို ဖြစ်စေတာ မဟုတ်ဘူး။ လူအများ‌ရှေ့မှာစကားပြောရမှာကို စဥ်းစားလိုက်ခြင်းကြောင့် စိတ်ဖိစီးမှုကို ဖြစ်စေတယ်။

သမ္မာကျမ်းစာကို ကြည့်လိုက်ရင် ပိုမိုနားလည်သဘောပေါက်ပါလိမ့်မယ်။

တမန်တော်ကြီး ရှင်ပေါလုဟာ ထောင်ထဲမှာ နှောင်ဖွဲ့ခြင်းကို ခံပေမဲ့ ဝမ်းမြောက်ခြင်း ရှိခဲ့တယ်လို့ ဖိလိပ္ပိဩဝါဒစာက တပ်သလဲလဲ ဖော်ပြခဲ့တယ်။

မစဥ်းစားနိင်လောက်အောင် စိတ်ဖိစီးမှုအလွန်များတဲ့ အခြေအနေမှာတောင် ရှင်ပေါလုက ဘယ်လိုများဝမ်းမြောက်နိုင်တာလဲ။ ကျွန်တော်တို့သာ ထောင်ထဲရှိနေမယ်ဆိုရင် ဝမ်း‌မြောက်ခြင်းအကြောင်းကို ပြောဖြစ်မှာတောင် မဟုတ်ဘူး။

ထောင်ထဲမှာရှိနေခြင်းက အဓိကစိတ်ဖိစီးစေတာ မဟုတ်ပါ။ ‌ထောင်က အလိုအလျောက် စိတ်ဖိစီးမှုကို သယ်ဆောင်လာတာမဟုတ်ပါ။ ထောင်ထဲမှာရှိနေရခြင်းအကြောင်းကို ကျွန်တော်တို့ စဥ်းစားလိုက်ခြင်းကြောင့် စိတ်ဖိစီးမှုပို ဖြစ်စေတယ်။

ရှင်ပေါလုက ထောင်ထဲမှာရှိနေခြင်းဟာ ခရစ်တော်အတွက် အသက်ရှင်ရခြင်း ဖြစ်ကြောင်းကို ထင်ထားခဲ့တယ် (ဖိ၊ ၁:၁၈-၂၀)။ သူ့ရဲ့ အခြေအနေတွေက စိတ်ဖိစီးမှုကို မဖော်ပြဘဲ ဝမ်းမြောက်ခြင်းသာ ဖော်ပြထားစေတယ်။

ဒီအရာကို သိခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ အတွေးအခေါ်မျာကို ထိန်းချုပ်ပြီး စိတ်ဖိစီးမှုမှ ဝမ်းမြောက်ခြင်းသို့အဖြစ် ဘယ်လိုပြုပြင်ပြောင်းလဲစေနိုင်မလဲ။

ကျွန်တော်တို့ရဲ့ ထပ်သလဲလဲ စဉ်းစားမိတဲ့ အတွေးခေါ်တွေဟာ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်ဖြစ်တယ်လို့ သိကျွမ်းစေဖို့ အရမ်းရေးကြီးပါတယ်။

ဖိလိပ္ပိဩဝါဒစာတွင်၊ ရှင်ပေါလုက ဝမ်း‌မြောက်ခြင်း စကားလုံးကို (၁၆) ကြိမ်မြောက် ရေးထားတာကို တွေ့ရပါတယ်။ သူက ဝမ်းမြောက်ခြင်းအတွက် အကြိမ်ကြိမ်ကြွေးကြော်ခဲ့တာ ဖြစ်တယ်။ သူယုံကြည်တဲ့အရာကို ထပ်သလဲလဲ စဥ်းစားမိခဲ့တယ်။

လူတော်တော်များများက ကျွန်တော်တို့ ယုံကြည်ချက်များဟာ အသက်ကင်းတဲ့အရာတွေပါပဲလို့ ယူဆနေကြတယ်။ ကျွန်တော်တို့က သက်သေအထောက်အထားတွေနဲ့ အရင်ကြည့်ရှုတင်ပြပြီးမှ ယုံကြည်သို့ ရောက်ကြတယ်။

သို့သော်၊ ယုံကြည်ခြင်းစနစ်ဟာ ပိုပြီးအသက်ဝင်ပါတယ်။ ကျွန်တော်တို့ယုံကြည်တဲ့အရာတွေကို လွတ်လပ်စွာ ရွေးချယ်ရသလို၊ မိမိစဉ်းစားချင်တဲ့ အရာတွေကိုလည်း လွတ်လပ်စွာ စဉ်းစားမိနိုင်ပါတယ်။

ကျွန်တော်တို့က အရှင်ယေရှုဘုရားကို အားကိုးလျက် ခက်ခဲသောအရာများကို တတ်နိုင်တယ်လို့ သမ္မာကျမ်းစာက ဖော်ပြထားသလို၊ ဘုရားသခင်က ကျွန်တော်တို့ကို ချစ်လျက် သတိနဲ့ကြည့်ရှုနေတာကိုလည်း ဖော်ပြထားတယ်။ တစ်နေ့မှာ၊ ကျွန်တော်တို့ရဲ့ ဝမ်းနည်းခြင်းတွေက ဝမ်းမြောက်ခြင်းအဖြစ် ပြောင်းသွားမှာဖြစ်ပါတယ်။

သမ္မာကျမ်းစာရှိ သမ္မာတရားအကြောင်းကို တပ်သလဲလဲ စဉ်းစားမိရင် ၎င်းသမ္မာတရားကို ပိုမိုယုံကြည်စွဲလမ်းပြီး ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေကို ပြောင်းလဲလျက် ပိုမိုဝမ်းမြောက်နိုင်သောသူအဖြစ် ဖြစ်သွားပါလိမ့်မယ်။

ဒီနေ့၊ မိမိစိတ်ဖိစီးမှုဖြစ်စေတယ့်အရာတွေကို ထိန်းချုပ်ဖို့ အားထုတ်ပါ။ ပြီတော့၊ မိမိယုံကြည်တဲ့အရာတွေအကြောင်းကို ထက်သလဲလဲ စဉ်းစားလိုက်ပါ။ မိမိစိတ်ဟာ ဖြေးဖြေးနဲ့ မှန်မှန် စတင်ပြောင်းလဲလျက် ရှင်ပေါသလိုပဲ မိမိတွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲသောစိတ် ရှိစေဖို့ သင်မိမှာပါ (ဖိ၊ ၄း၄)။

ဤအစီအစဉ်အကြောင်း

Joy Over Stress: How To Make Daily Joy A Habit

ကျွန်တော်တို့ဟာ စိတ်ဖိစီးမှု လွန်ကဲနေပါတယ်။ ယဥ်ကျေးမှုကတော့ လောကီပျော်ရွှင်မှုနောက်သို့ လိုက်ခြင်းဖြင့် ကျွန်တော်တို့ စိတ်ဖိစီးမှုကို ပယ်ရှာနိုင်တယ်လို့ ပြောပါတယ်။ သမ္မာကျမ်းစာကတော့၊ တခြားနည်းကို ဖော်ပြထားပါတယ်။ ဒီ (၆) ရက်တာ အစီအစဥ်ဟာ မိမိနေ့စဥ်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို သမ္မာကျမ်းစာနည်းအတိုင်း လက်တွေ့ကျကျ ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ဖော်ပြထားပါတယ်။

More

ဤအစီအစဥ်ကို ထောက်ပံ့ပေးသော ဆရာ Neal Samudre ကို ကျွန်တော်တို့ ကျေးဇူးတင်ပါသည်။ ပိုမိုသိရှိလိုပါက၊ https://nealsamudre.com/overstress/သို့ ဝင်ရောက်ကြည့်ပါ။